အောင်မြင်မှု ဆိုတာ ဘောလုံးပွဲတစ်ပွဲရဲ့ အနိုင်အရှုံးလို ကြိုတင်တွက်ဆလို့ မရနိုင်တဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာ ဘယ်သူမှ တပ်အပ်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီလူရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေကို ကြည့်ပြီးတော့ ဒီလူဟာ ဘယ်လိုနေရာအထိ ရောက်နိုင်တယ်ဆိုတာတော့ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ အခုပြောပြမှာကတော့ သေချာပေါက် အောင်မြင်မယ့်သူတွေမှာ တွေ့ရတဲ့ လက္ခဏာ ၄ ခု အကြောင်းပါ။

(၁) ပြောင်းလွယ်ပြင်လွယ်ရှိတယ်

Photo : Unsplash

အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတက်ခြင်းဟာ အောင်မြင်မှုရဲ့ လမ်းစ တစ်ခုပါပဲ။ အရာရာတိုင်းက အချိန်နဲ့ စက္ကန့်အမျှ ပြောင်းလဲမှုတွေ ဖြစ်နေတာပါ။ ကြိုတင်မျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေအတွက် လိုက်လျောညီထွေရှိစွာ ပြောင်းလွယ်ပြင်လွယ်ရှိမယ်ဆိုရင် အခက်အခဲတိုင်းကို အကောင်းဆုံးကျော်ဖြတ်ပြီး အောင်မြင်မှု ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်မှာပါ။

(၂) စိတ်အားထက်သန်မှုရှိတယ်

Photo : Unsplash

သာမန်လူတွေနဲ့ အောင်မြင်သူတွေကို ကွဲပြားသွားစေတဲ့အချက်တစ်ခုက အောင်မြင်သူတွေဟာ သူတို့ လိုချင်တဲ့ အရာတစ်ခုအတွက် စိတ်ဆန္ဒ ပြင်းပြင်းပြပြနဲ့ လက်တွေ့ အကောင်အထည် ဖော်ကြတာ ဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်အားထက်သန်မှုကသာလျှင် ကိုယ်ချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်အောင် တွန်းပို့ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။

(၃) များများလုပ်ဖို့ တွန့်ဆုတ်မနေဘူး


Photo : Unsplash

အောင်မြင်မှုအတွက် အတွေ့အကြုံဟာ သိပ်ကိုစကား ပြောပါတယ်။ အတွေ့အကြုံ များများရ ဖို့ များများကြိုးစား လုပ်ဆောင်ခြင်းဟာ လေ့ကျင့်မှုနဲ့ ကျင့်သားရစေပြီး ကိုယ်လျောက်လှမ်းနေတဲ့ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ပြီးထူးချွန်တဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲ ပေးပါလိမ့်မယ်။ တစ်ချိန်မှာ အောင်မြင်မယ့် သူတစ်ယောက်ဟာ တခြားသူတွေထက် များများပိုပြီး လုပ်ရဖို့ ပျင်းမနေဘူး ၊ အလုပ်ပိုလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

(၄) ယုံကြည်ချက် ခိုင်မာတယ်


Photo : Unsplash

အောင်မြင်သူတွေအများစုဟာ သူတို့ရဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီး အကောင်အထည်ဖော်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ် ယုံကြည်ရာလမ်းကို လျောက်လှမ်းဖို့ ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ ဘဝရဲ့ အချိုးအကွေ့မှာ ကြုံရမယ့် ဒုက္ခနဲ့ ပြဿနာတွေဆိုတာ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ပဲ လက်မလျော့စတမ်း ကျော်ဖြတ်ကြရတာ ဖြစ်ပါတယ်။

Featured Photo : Unsplash