ကမ္ဘာပေါ်က နေရာတိုင်းမှာ သူ့နေရာနဲ့သူ သဘာဝအလှတရားတွေ၊ သမိုင်းတွင်တဲ့ နေရာတွေ၊ ယဉ်ကျေးမှုအဆောက်အအုံတွေ၊ စိတ်ဝင်စားဖွယ် နေရာဒေသတွေနဲ့ ပြည့်နှက်နေပါတယ်။ ထိုအထဲမှာ ဥရောပ ကလည်း အပါအဝင် ဖြစ်ပါတယ်။ ဥရောပ တစ်လွှားမှာ အလယ်ခေတ်နှင့်ရှေးဟောင်းမှ သမိုင်းကြောင်းများ၊ နစ်မြုပ်နေသောမြို့များ၊ မျှော်စင်များ၊ လျှို့ဝှက်ဆန်းကြယ်သော မြို့ဟောင်းများနဲ့ ကက်သလစ်ဘုရားကျောင်းများက သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတို့ကို လေ့လာရန် စိတ်ဝင်စားဖွယ် အတိပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဆွဲဆောင်နေတဲ့ ဥရောပ တစ်လွှားမှာ စိတ်ဝင်စားဖွယ် ထိပ်တန်း နေရာများ ကို ဝေမျှပေးချင်ပါတယ်။
Colosseum

Photo : Encyclopedia Britannica
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ဥရောပ တစ်လွှားမှာ လည်ပတ်ရန် ထိပ်တန်း နေရာများ ထဲက တစ်ခုကတော့ Colosseum ဖြစ်ပါတယ်။ Colosseum က ရောမအင်ပါယာရဲ့ အာဏာအတွက် ပြီးပြည့်စုံသော သင်္ကေတ ဖြစ်ပါတယ်။ ၎င်းကို အေဒီ ၇၂ မှစတင်၍ ၎င်းအား ကြည့်ရှုသူ ၅၀,၀၀၀ ထားရှိရန် ဒီဇိုင်းထုတ်ထားပြီး ထိုအချိန်က တည်ဆောက်ထားသမျှ အကြီးမားဆုံး ပွဲကြည့်စင် ဖြစ်ပါတယ်။ Colosseum မှာ တိရစ္ဆာန်အမဲလိုက်ခြင်းနှင့် ကွပ်မျက်ခြင်းမှသည် Gory Gladiator တိုက်ပွဲများအထိ ကျင်းပလေ့ရှိပါတယ်။ လက်တွေ့အားဖြင့် ပျက်စီးသွားသော်လည်း Colosseum သည် ရောမမြို့၏ သင်္ကေတတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Colosseum ကို အလည်အပတ်ရောက်ခဲ့လျှင် ရောမခေတ်က ကြည့်ရှုသူအဖြစ် ကိုယ့်ကိုယ်ကို စိတ်ကူးကြည့်ပါ။
Acropolis

Photo : Britannica
အေသင်မြို့ရှိ Acropolis ကလည်း ရိုးရှင်းပြီး ရင်သပ်ရှုမောဖွယ်မြင်ကွင်း တစ်ခု ဖြစ်ပါတယ်။ ဒီတောင်ကုန်းဟာ ဘီစီ ၅ ရာစုလောက်က တည်ရှိခဲ့တဲ့ ရှေးဟောင်းနေရာများစွာရဲ့ တည်နေရာလည်း ဖြစ်ပါတယ်။ Acropolis ရဲ့ ဆွဲဆောင်မှုအချို့မှာ Athena Nike ဘုရားကျောင်း၊ Erechtheion နှင့် Parthenon တို့ ပါဝင်ပါတယ်။ ဘီစီ ၄၄၇ တွင် အေသင်အင်ပါယာရဲ့ အထွတ်အထိပ်တွင် တည်ဆောက်ခဲ့သော Parthenon က ဂရိနိုင်ငံရဲ့ သင်္ကေတဖြစ်ပြီး ၎င်းရဲ့ တိုင်များက အထင်ကြီးလောက်စရာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ပေးစွမ်းနိုင်ပါတယ်။
Hagia Sophia

Photo : Smithsonian Magazine
ခရီးသွားများကို ဆွဲဆောင်နေတဲ့ ဥရောပ တစ်လွှားမှာ ထိပ်တန်း နေရာများ ထဲက နောက်တစ်ခုကတော့ Hagia Sophia ပဲဖြစ်ပါတယ်။ Hagia Sophia သည် နှစ်ပေါင်း ၁,၀၀၀ နီးပါး ကမ္ဘာပေါ်တွင် အကြီးဆုံး ဘုရားရှိခိုးကျောင်း ဖြစ်ခဲ့ပြီး အမှန်တကယ်ပင် အံ့ဩစရာ အဆောက်အဦ တစ်ခု ဖြစ်နေဆဲ ဖြစ်ပါတယ်။ Hagia Sophia ကတော့ တရားဝင်အားဖြင့် Hagia Sophia Grand Mosque ဖြစ်ပြီး တူရကီနိုင်ငံ၊ Istanbul ရှိ အဓိက ယဉ်ကျေးမှုနှင့် သမိုင်းဝင် ဗလီတစ်ခု ဖြစ်ပါတယ်။ ခရီးသွားများအနေဖြင့် အဆောက်အဦကို လည်ပတ်လေ့လာရင်း ဆန်းကြယ်သော နံရံဆေးရေးပန်းချီများနှင့် စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းပစ္စည်းများဖြင့် မြို့ရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားဖွယ် ပေါင်းစပ်လေ့လာနိုင်ပါတယ်။
Leaning Tower of Pisa

Photo : Discover Magazine
မယုံကြည်နိုင်လောက်အောင် လေးဒီဂရီ တိမ်းစောင်းမှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူသိများပြီး လဲပြိုတော့မယောင် ထင်ရတဲ့ အံ့သြဖွယ်ကောင်းသော Leaning Tower of Pisa မျှော်စင်ကလည်း ဥရောပ တစ်လွှားမှာ မဖြစ်မနေ သွားရောက်လည် ပတ်သင့်တဲ့ နေရာထဲက တစ်ခုပါပဲ။ ၎င်းမျှောင်စင်က Pisa ဘုရားရှိခိုးကျောင်းနောက်တွင် တည်ရှိပြီး Romanesque ပုံစံဖြင့် တည်ဆောက်ထားပါတယ်။ ဒီမျှော်စင်ကို ၁၂ ရာစုမှစတင်ပြီး ၁၉၉ နှစ်ကြာအောင် အချိန်ယူခဲ့ရသော်လည်း တစ်ဖက်တွင် မြေသားပျော့နေသောကြောင့် ဆောက်လုပ်ချိန်တွင် စောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ ၅.၈၆ မီတာမြင့်သည့် မျှော်စင်က ကမ္ဘာတစ်လွှားမှာရှိတဲ့ ခရီးသွားများကို ဆွဲဆောင်လျက်ရှိပါတယ်။
Mont Saint-Michel

Photo : Normandy Tourism
Mont-Saint-Michel ဆိုတာကတော့ ပြင်သစ်နိုင်ငံမှာ တည်ရှိပြီး ရွာတစ်ရွာဖြင့် ဝန်းရံထားတဲ့ တကယ်ကိုခမ်းနားလှပလှတဲ့ Gothic ဘုရားကျောင်းဖြစ်ပါတယ်။ အလယ်ခေတ်အချိန်များရဲ့ လွှမ်းမိုးမှုကို ဒီဘုရားကျောင်းရဲ့ ခမ်းနားလှတဲ့ ဗိသုကာပုံစံတွင် တွေ့မြင်နိုင်ပါတယ်။ Mont-Saint-Michel ဘုရားကျောင်းဟာ ထိုနေရာရဲ့ အထူးခြားဆုံးဖြစ်ပြီး ၎င်းရဲ့ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကြောင့် လာရောက်လည်ပတ်သူတို့ကို စိတ်ကျေနပ်စေပါတယ်။ ရှေးဟောင်းသမိုင်းကြောင်းကို ပိုမိုနက်ရှိုင်းစွာ ကြည့်ရှုလေ့လာ လို့လည်းရပါသေးတယ်။ ဒါ့အပြင် ဒီရေ အတတ်အကျပေါ်မူတည်ပြီး တစ်နေ့ကို တစ်ကြိမ်သာ ထွက်ပေါ်လေ့ရှိတဲ့ ဘုရားကျောင်းကို သွားတဲ့ လမ်းကြောင်းကိုလည်း ဖြတ်လျှောက်နိုင်ပါတယ်။
Canals of Venice

Photo : Vista Create
တကယ်ကို လှပပြီး အိမ်မက်ဆန်တဲ့ ဥရောပတစ်လွှားက နေရာလေးတစ်ခုကတော့ Canals of Venice ပဲဖြစ်ပါတယ်။ အီတလီနိုင်ငံ မြောက်ပိုင်း Veneto ဒေသရဲ့ မြို့တော်ဖြစ်သော Vencie မြို့ကို Adriatic ပင်လယ်ရှိ ရေကန်ကြီးအတွင်းရှိ ကျွန်းငယ်ပေါင်း ၁၀၀ ကျော်ပေါ်တွင် တည်ဆောက်ထားပါတယ်။ ၎င်းမှာ လမ်းများမရှိဘဲ တူးမြောင်းများသာ ရှိသော ရေပေါ်မြို့လေး ဖြစ်ပါတယ်။ ဗင်းနစ်ရှိ အဓိက တူးမြောင်းသည် စိန့်မာ့ရင်ပြင်ကို ဖြတ်စီးဆင်းပြီး နှစ်မိုင်ရှည်လျားသော ဂရင်းတူးမြောင်းဖြစ်ပြီး ဗင်းနစ်ရဲ့ သမိုင်းဝင် ဗိသုကာလက်ရာ အချို့ကို စီတန်းထားကာ အလယ်ခေတ်မှသည် ခန့်ညားထည်ဝါမှုများကို ကြည့်ရှုခံစားနိုင်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ခရီးသွားများကို ဆွဲဆောင်နေတဲ့ ဥရောပ တစ်လွှားမှာ ထိပ်တန်း နေရာများ ထဲမှ အချို့ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကွီးတို့အတွက် ဥရောပမှာ မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာများကို ဖော်ပြပေးပါဦးမယ်။
Source : Touropia
Featured Photo : Live About
