မာဆေးဆိုက် အခြေစိုက်ကလပ် အဲဗာတန် အသင်းကတော့ ငွေကြေးပိုင်းဆိုင်ရာ အမြတ်အစွန်းတွေနဲ့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကနေ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း (FFP Rules)တွေကို ချိုးဖောက်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့တာကြောင့် အဲဗာတန်အသင်းကို ရမှတ် (၁၀)မှတ်လျှော့ ပြစ်ဒဏ် တရားဝင် ချမှတ်လိုက်ပါတယ်။

Everton are stunned by a TEN-POINT deduction

Photo Credit : Daily Mail

ဒါဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာတော့ အကြီးမားဆုံး ရမှတ်လျှော့ခံရမှု ဖြစ်ပြီး အဲဗာတန် မတိုင်ခင်မှာတော့ မစ်ဒယ်ဘရော့ ပို့စ်မောက်တို့လို အသင်းတွေဟာလည်း အဲဗာတန်လောက် မများတဲ့ ရမှတ်တွေ လျှော့ခံ နုတ်ခံခဲ့ရပါသေးတယ်။ ဒီလို အမှတ်မလျှော့ခံရခင် အဲဗာတန်က ပရီးမီးယားလိဂ်မှာ ရလဒ်တွေလေး မှန်နေခဲ့တာကြောင့် အခုလို အမှတ်လျှော့ခံရတာက သူတို့အသင်းအတွက် များစွာ ထိခိုက်စေရပြီး လက်ရှိ အသင်းကလည်း (၄)မှတ်တည်းနဲ့ တန်းဆင်းဇုန်ထဲ ရောက်သွားရပြီဖြစ်လို့ ပြစ်ဒဏ်အပေါ် အယူခံဝင်သွားတော့မှာလည်း ဖြစ်ပါတယ်။

williams eto

Photo Credit : Ivisonsport

ဒီလို အဲဗာတန်အသင်း ရမှတ် အနုတ်ခံရချိန်မှာ ချယ်လ်ဆီးအသင်းဟာလည်း ယခင် အသင်းပိုင်ရှင်ဟောင်း ရိုမန် လက်ထက် ကစားသမား ခေါ်ယူမှုတွေမှာ အသင်းရဲ့ ဘဏ္ဍာကြေးထဲ မဟုတ်ပဲ ကိုယ်ပိုင် ငွေကြေးတွေထဲကနေ ကစားသမားတွေအတွက် ငွေပေးချေမှုတွေ ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး တကယ်လို့သာ အပြစ်ရှိကြောင်း ပေါ်လွင်ခဲ့ရင်တော့ ချယ်လ်ဆီးလည်း အဲဗာတန်လို အမှတ်လျှော့ခံရနိုင်ပါတယ်။

manchester city

Photo Credit : Sport Illustrated

ဒီလိုအချိန်မှာ ဘဏ္ဍာရေး စည်းမျဉ်းပေါင်း (၁၀၀)ကျော်လောက် အထိတောင် ဖောက်ဖျက်ထားတယ်လို့ စွဲချက်တင်ထားခံရတဲ့ မန်စီးတီးအသင်းက စစ်ဆေးမှုတွေသာ ရှိလာခဲ့မယ်ဆိုရင် တန်းတောင်ဆင်းသွားရနိုင်တယ်လို့ ဂျင်မီ ကာရေဂါက ခန့်မှန်းထားခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက စီးတီးထက် ချယ်လ်ဆီးအသင်းကိုလည်း ဆက်လက် စစ်ဆေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Featured Photo : The Times