နိုင်ငံရပ်ခြား ခရီးသွားမယ်ဆိုရင် နိုင်ငံဖြတ်ကျော်ခွင့်အတွက် Passportတွေ မပါလို့ မဖြစ်ပါဘူး။ Passportတွေက ကိုယ့်ရဲ့ နိုင်ငံသားဖြစ်မှုအခွင့်အရေးကိုပါ ကာကွယ်ပေးနေတာပါ။ ဒါပေမယ့်လည်း Passport တစ်ခုရှိရုံနဲ့ တစ်ကမ္ဘာလုံး သွားလို့ ရတာတော့ မဟုတ်ပါဘူး။ ဗီဇာလို/မလိုပေါ် လိုက်ပြီးလည်း Passportရဲ့ ဩဇာနဲ့ နေရာရောက်မှုက ကွဲပြားပါတယ်။ ဗီဇာလိုတယ်ဆိုတာ သက်ဆိုင်ရာ အစိုးရဆီ ကိုယ့်ဘက်က နိုင်ငံထဲ မဝင်ခင် အရင်ကြိုတင် ခွင့်တောင်းရတဲ့ သဘောဖြစ်ပါတယ်။
ဒီတစ်ခေါက်တော့ ကမ္ဘာတလွှားက Passportတွေထဲက အကောင်းဆုံးအဖြစ် Henley Passport Index အညွှန်းကနေ ဖော်ပြထားတဲ့ Passportတွေအကြောင်း ပြောချင်ပါတယ်။ Henley Passport Index ဆိုတာ ဗီဇာမလိုဘဲ Visa Free နဲ့ ကမ္ဘာတလွှား နေရာအများဆုံး သွားနိုင်တဲ့ ကမ္ဘာ့ Passportများအကြောင်း စုစည်းပြီး အမှတ်ပေး တင်ဆက်ထားတာပါ။
Passportတစ်ခုရဲ့ Power ဟာ ပထဝီနိုင်ငံရေးအရလည်း အတက်အကျ ရှိနိုင်ပါတယ်။ Henley Passport Index အရဆိုရင် ဥရောပနိုင်ငံအတော်များများဟာ ရုရှားPassport Holders တွေကို ခရီးသွားလာခွင့် လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။ ဒါကတော့ ဒီနှစ်ဆန်းပိုင်းမှာ ယူကရိန်းနဲ့ ပဋိပက္ခဖြစ်ပွားမှုရဲ့ သက်ရောက်မှုလည်း ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့Passport Power သတ်မှတ်ရာမှာ ရာသီဥတု အပြောင်းအလဲ နဲ့ ပြောင်းရွှေ့နေထိုင်မှု စတဲ့ ပြင်ပ အချက်အလက်တွေပါ ထည့်တွက်တော့မယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွက် Henley Passport Index ရဲ့ အချက်အလက်တွေကိုတော့ နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်း The International Air Transport Association (IATA) က တရားဝင် အချက်အလက်တွေဆီကနေ အခြေခံပြီး ယူပါတယ်။ The International Air Transport Association (IATA) ဟာ ကမ္ဘာ့အကြီးဆုံး လေကြောင်း ခရီးသွားလာရေး သတင်းအချက်အလက် Database ကြီးတစ်ခုဖြစ်ပြီး ခရီးသွားကြတဲ့ ဆိုက်ရောက်ရာနေရာ ၂၂၇ နေရာကို ဗီဇာကင်းလွတ်ခွင့်ရ သွားနိုင်တဲ့Passport ၁၉၉ မျိုးကို နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။
Visa Free နဲ့ နိုင်ငံ ၄၀ ကို လွတ်လွတ်လပ်လပ် ခရီးသွားနိုင်တဲ့ Passportတစ်ခုဟာ Score Point ၄၀ သတ်မှတ်နည်းနဲ့ Hanley Passport Index က အမှတ်ပေးပါတယ်။ ကဲ Hanley Passport Index ရဲ့ ၂၀၂၂ ခုနှစ်အတွက် Powerful အဖြစ်ဆုံး Passportတွေအကြောင်း ကြည့်လိုက်ရအောင်ပါ။
(၁) Japan & Singapore

Photo : manofmany
Hanley Passport Index က သတ်မှတ်တဲ့ ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံးPassport တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ နိုင်ငံနှစ်ခု ရှိပါတယ်။ ဂျပန် နဲ့ စင်ကာပူပါ။ ဒီနိုင်ငံက Passportကိုင်သူတွေဟာ ကမ္ဘာအနှံ့ ၁၉၂ နေရာကို ဗီဇာ လျှောက်စရာမလိုဘဲ ခရီးသွားနိုင်ပါတယ်။ အခုတော့ တချို့ နိုင်ငံတွေမှာ COVID 19 စည်းကမ်းသတ်မှတ်ချက်အရ လေကြောင်း အဝင်မခံတာတွေ ရှိတာကြောင့် အချက်အလက် အနေနဲ့ မတိကျတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ စီးပွားရေးကောင်းပြီး GDP မြင့်တဲ့ ဒီနိုင်ငံတွေအဖို့ Passportအဆင့်မြင့်တာ အံ့ဩစရာတော့ မရှိပါဘူး။
(၂) Germany & South Korea

Photo : manofmany
Hanley Passport Index ရဲ့ အညွှန်းမှာ နံပါတ် ၂ နေရာက ရှိတာက ဂျာမနီ နဲ့ တောင်ကိုရီးယားပါ။ ဒီနှစ်နိုင်ငံရဲ့ Passportရှိသူတွေအဖို့ Visa-Free နဲ့ နေရာပေါင်း ၁၉၀ ကို ခရီးသွားနိုင်ပါတယ်။ နိုင်ငံရေးအရ အဆင့်အတန်း မြင့်မားသလို စီးပွားရေး အားကောင်းပြီး ကမ္ဘာပေါ်မှာ ဩဇာကြီးတဲ့ နိုင်ငံတွေရဲ့ Passportဖြစ်လို့လည်း အခုလို သွားလာနိုင်တာ ဖြစ်ပါတယ်။
(၃) Finland / Italy / Luxembourg / Spain
Photo : manofmany
အေးချမ်းသာယာပြီး လူနေမှုဘဝ မြင့်မားတဲ့ ဥရောပနိုင်ငံတွေထဲက ဖင်လန် ၊ အီတလီ ၊ လူဇင်ဘာ့ခ် နဲ့ စပိန်တို့ဟာ Hanley Passport Index ရဲ့Passport Ranking မှာ နံပါတ် ၃ နေရာက အတူတူ ယှဉ်တွဲ ရပ်တည်နေပါတယ်။ ဒီ ၄ နိုင်ငံက Passportနဲ့ဆို ကမ္ဘာပေါ်မှာ Visa Free သွားနိုင်တဲ့ နေရာ ၁၈၉ နေရာ ရှိပါတယ်။
Featured Photo : manofmany

