ကိုယ့်ရဲ့အိမ်မှာ အားကစား ပစ္စည်းကိရိယာတွေက Gym ခန်းမလိုမျိုး ပစ္စည်းမစုံမလင်ဖြစ်နေလို့ လေ့ကျင့်ခန်း မလုပ်ဖြစ်တာဆိုတဲ့ ဆင်ခြေမျိုးကို ပေးနေမိပြီလား ကွီးတို့ရေ။ လေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အားကစား ပစ္စည်း ကိရိယာတွေ စုံလင်နေမှာကို ထိုင်စောင့်နေစရာမလိုပါဘူး။ အဲ့ဒီလို ထိုင်စောင့်နေလို့ကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ဝိတ်တက်လာပြီး ဗိုက်ရွှဲရွှဲကြီးပဲ ဖြစ်နေမှာပါ။ အားကစား ပစ္စည်း ကိရိယာ များ အသုံးမပြုဘဲ ကိုယ့်ရဲ့ အိမ်မှာ ကိရိယာ လွတ် ချ နိုင်မယ့် လေ့ကျင့်ခန်းများ ရှိပါတယ်။ အဓိကကတော့ ကွီးတို့ ခန္ဓာကိုယ်ထဲမှာ အိပ်ပျော်နေတဲ့ ခြင်္သေ့ကြီးကို လှုပ်နိုးဖို့ပဲလိုတာပါ။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Source: Giphy

ခြေထောက်နှစ်ဖက်ကို ကားကာ အပေါ်သို့ ခုန်လိုက်ပြီးနောက် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ ထိုနည်းအတိုင်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

ထို့နောက် ၁၀ စက္ကန့်ခန့် အနားယူပါ။ ပြီးမှ နောက်ထပ် လေ့ကျင့်ခန်းတစ်ခု ပြောင်းလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Source: Flab Fix

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ Plank ထောက်တဲ့အနေအထားပြင်ပါ။ ထို့နောက် လက်နှစ်ဖက်ကို ပုံပါအတိုင်း တစ်လှည့်စီ အရှေ့သို့ ဆန့်တန်းပေးလိုက်ပါ။ စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပါ။

ထို့နောက် ၁၀ စက္ကန့်ခန့် အနားယူကာ နောက်ထပ် လေ့ကျင့်ခန်းတစ်ခု ပြောင်းလုပ်လိုက်ပါ။

လေ့ကျင့်ခန်း (၃)

ကိရိယာ ချ

Source: Menshealth

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက်တော့ အားကစားကိရိယာ မလိုအပ်ပေမယ့် ခုံတစ်လုံးတော့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရဲ့ ညာခြေကို ခုံတန်းရှည်ပေါ် တင်ထားလိုက်ပါ။ ထို့နောက် ဘယ်ခြေကို ပုံပါအတိုင်း ကြွပေးလိုက်ပါ။ စက္ကန့် ၃၀ ပြုလုပ်ပါ။

ထို့နောက် ဘယ်ခြေနှင့် ညာခြေကို ဘက်ပြောင်းကာ နောက်ထပ် စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။ ပြီးမှ ၁၀ စက္ကန့်ခန့် အနားယူပါ။

လေ့ကျင့်ခန်း (၄)

ကိရိယာ ချ

Source: Menshealth

ဒီလေ့ကျင့်ခန်းလေးကတော့ Mountain Climber လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ ကိရိယာ လွတ်နဲ့ အပီအပြင် ချ နိုင်မယ့် လေ့ကျင့်ခန်း တစ်ခုပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ကိရိယာ ချ

Source: Menshealth

ဒီလေ့ကျင့်ခန်းက စောစောက လေ့ကျင့်ခန်းနဲ့ ဆင်တူပါတယ်။ Mountain Climber ကိုမှ ခန္ဓာကိုယ်ကို တစောင်းထားပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ နာမည်က Cross-Body Climber လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

ကိရိယာ ချ

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Squat လေ့ကျင့်ခန်းကိုမှ အပေါ်သို့ ခုန်တက်ကာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Squat Jump ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း အားလုံး ပြီးသွားတဲ့အခါ ၂ မိနစ်လောက် နားပါ။ ထို့နောက် လေ့ကျင့်ခန်း အစအဆုံးကို နောက်ထပ် ၄ ကျော့ခန့် ပြုလုပ်ပေးလိုက်ပါ။

ကိရိယာ လွတ် လေ့ကျင့်ခန်းများနှင့် အပီအပြင် ချ ဖို့ ရယ်ဒီပဲလား ညိုကီတို့ရေ။

Featured Image: Freepik