ယောကျာ်းလေးဆိုတာကတော့ အရပ်ရှည်ရှည်၊ ဒေါင်ကောင်းကောင်းနဲ့မှ မိန်းကလေးတွေက အားကိုးချင်စရာဖြစ်မှာ မဟုတ်လား။ ကွီးတို့က ကိုယ့် ကောင်မလေး ထက် အရပ်ပု နေမယ်ဆိုရင်တော့ နှစ်ယောက်တူတူ ယှဥ်သွားတဲ့အခါ ကြည့်ကောင်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ငယ်စဥ်အခါမှာ အစားအစာတွေကို သင့်တင့်မျှတပြီး အာဟာရပြည့်ဝအောင် စားသုံးသင့်သလို အရပ်ရှည်အောင် ကူညီပေးမယ့် လေ့ကျင့်ခန်းများ၊ အားကစားများကိုလည်း ပြုလုပ်သင့်တာဖြစ်ပါတယ်။

တချို့တွေက ယောကျာ်းလေးတွေသည် အသက် ၁၈ နှစ်ကျော်သွားရင် အရပ်မထွက်လာတော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ထိုအချက်သည် လူတိုင်းအတွက်တော့ မမှန်နိုင်ပါဘူး။ ၁၈ နှစ် ကျော်ပေမယ့်လည်း ကွီးတို့ရဲ့ အရပ်ကို ပိုရှည်လာအောင် ဆွဲဆန့်လို့ရပါသေးတယ်။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ကောင်မလေး ထက် အရပ်ပု နေမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Photo: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခြေထောက်တစ်ချောင်းကို ထောက်ထားကာ ကျန်ခြေထောက်တစ်ချောင်းဖြင့် ခုန်ရမှာဖြစ်ပါတယ်။ ၁၅ ကြိမ်လောက် ခုန်ပြီးတဲ့အခါ အခြားတစ်ဖက်သို့ ခြေထောက်ကို ပြောင်းကာ နောက်ထပ် ၁၅ ကြိမ် ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Photo: Mensfitness

ဒီလေ့ကျင့်ခန်းလေးကတော့ Child’s Pose လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ပုံပါအတိုင်း ၁ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အသက် ရှူသွင်း ရှူထုတ်ခြင်းကိုလည်း ပုံမှန်ပြုလုပ်ပေးဖို့ မမေ့ပါနဲ့။

လေ့ကျင့်ခန်း (၃)

ကောင်မလေး အရပ်ပု

Photo: Blog.decathlon

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပြီးနောက် ခန္ဓာကိုယ်ကို ပုံပါအတိုင်း တစ်ဖက်ခြမ်းသို့ စောင်းထားရမှာ ဖြစ်ပါတယ်။ အသက်ရှူသွင်း ရှူထုတ်ခြင်းကို ပုံမှန်အတိုင်း ပြုလုပ်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ကောင်မလေး အရပ်ပု

ကြိုးခုန်ခြင်းကလည်း ကွီးတို့ကို ကိုယ့် ကောင်မလေး ထက် အရပ်ပု မနေအောင် ကူညီပေးပါတယ်။ ၁၅ ကြိမ်၊ ၄ ကျော့ခန့် နေ့စဥ် ပုံမှန် ကြိုးခုန်ပေးမယ်ဆိုရင် ကွီးတို့ရဲ့ အရပ်လည်း ရှည်ထွက်လာမယ့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးရှိ အဆီပိုများလည်း လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ကောင်မလေး အရပ်ပု

ရေကူးခြင်းသည်လည်း ကွီးတို့ရဲ့ အရပ်ကို ရှည်ထွက်လာအောင် ကူညီပေးမယ့် အကောင်းဆုံး လေ့ကျင့်ခန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အရပ်ရှည်ထွက်ဖို့ဆိုရင် ရေကူးနည်း အမျိုးမျိုး ရှိတဲ့အနက် မှောက်လျက်သားဖြင့် ရင်အုပ်ကြွက်သားကိုသာ ထိစေတဲ့ Breaststroke ရေကူးနည်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီရေကူးနည်းက ဆိုရင် ကွီးတို့ရဲ့ လက်တံ၊ ခြေတံများ၊ အရိုးအဆစ်များကို ရှည်ထွက်လာအောင် ကူညီပေးနိုင်ပါတယ်။

ကွီးတို့ရော အရပ်ရှည်ထွက်လာဖို့အတွက် ဘယ်လိုနည်းလမ်းများနှင့် ကြိုးစားနေပါသလဲ။

Source: Blog.decathlon.in

Featured Image: Glamour