ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၆)ရက်နေ့က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းတို့ဟာ ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြရာ မန်ယူနိုက်တက်က (2-0) နဲ့ အနိုင်ရပြီး လိဂ်ဖလား ချန်ပီယံ ဖြစ်ခဲ့ရပေမယ့် ဒီရှုံးကြွေးကို မနေ့ညကပဲ စိန့်ဂျိမ်းပတ်ခ်ကွင်းမှာ ဖိုင်နယ် ရလဒ်အတိုင်း ရှုံးကြွေးပြန်ဆပ်သွားခဲ့ပါတယ်။

newcastle

Photo Credit : Twitter

ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲလို ဥရောပပြိုင်ပွဲတစ်ခုခု ပြန်လည် ဝင်ရောက်ခွင့်ရဖို့ အလားအလာကောင်းနေပြီး လိဂ်ဖလားပြိုင်ပွဲမှာလည်း ဖိုင်နယ်အထိပါ တတ်လှမ်းနိုင်ခဲ့တဲ့ နယူးကာဆယ်က အခုလည်း သူတို့အတွက် တကယ်ကို အဖိုးတန်လှတဲ့ အနိုင်(၃)မှတ်ကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအတွင်း မန်ယူနိုက်တက် စပါး အာဆင်နယ် ချဲလ်ဆီးတို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ နယူးကာဆယ်ဟာ မန်ယူနိုက်တက်ကို တစ်ဂိုးမှ ခွင့်ပြုရခြင်း မရှိပါပဲ (2-0) နဲ့ အနိုင်ရလိုက်ခြင်းက top 4 နေရာအတွက်ပါ အခြေအနေကောင်းသွားခဲ့ပါတယ်။

manutd

Photo Credit : Sky Sports

ကက်စီမဲရိုး အဲရစ်ဆင်တို့အပြင် မက်ဆီမန်ကို ထိန်းနိုင်မယ့် ဘစ်ဆာခါပါ မပါဝင်လာနိုင်တဲ့ မန်ယူနိုက်တက်ကတော့ ဒီပွဲမှာ master plan ရှိမနေခဲ့တဲ့အပြင် အသင်းရဲ့ side-back တွေနဲ့ တွမ်မီနေး-ဆာဘစ်ဇာ ကွင်းလယ်ပိုင်းတွေကလည်း အားနည်းခဲ့ရပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်ရဲ့ ဒီရာသီအတွင်း အတော်လေး အလုပ်ဖြစ်ခဲ့တဲ့ နည်းစနစ် အပြောင်းအလဲတွေ ကစားသမားတွေ အပြောင်းအလဲတွေက အခုပွဲအတွင်း လုံးဝ အလုပ်မဖြစ်ခဲ့ပဲ နယူးကာဆယ်ရဲ့ အဖွင့်ဂိုးနောက်ပိုင်းမှာ ကြောင်ပျောက်သွားခဲ့ရပါတယ်။

manutd vs spurs vs newcastle

Photo Credit : Twitter

ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်က ယူနိုက်တက်ကို ဂိုးကွာခြားချက်ပိုင်း အသာရပြီး အဆင့်(၃)နေရာထိ ယာယီ တတ်လှမ်းသွားခဲ့ရပါတယ်။ တကယ်လို့ ဒီညမှာ ကစားမယ့် အဲဗာတန် နဲ့ စပါးပွဲစဉ်အတွင်း စပါးသာ အနိုင်ရသွားမယ်ဆိုရင်တော့ စပါးက အဆင့်(၃)နေရာဆီ ရောက်ရှိသွားမှာဖြစ်သလို မန်ယူနိုက်တက်ဟာလည်း အဆင့်(၅)နေရာကို ဆင်းသွားရမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက လာမယ့်ပွဲမှာ ယူနိုက်တက်က ကစားရခက်နိုင်တဲ့ ဘရန့်ဖို့ဒ်နဲ့ပါ ထပ်မံ ရင်ဆိုင်ရဦးမှာဖြစ်လို့ ရာသီအကုန်မျာ top 4 (၂)နေရာစာအတွက် စပါး နယူးကာဆယ် ယူနိုက်တက် ဘယ်အသင်းတွေက ရရှိသွားမလဲဆိုတာ…