မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ မနေ့ညက ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ကာရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲစဉ်အတွင်း နယူးကာဆယ်ကို ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ပထမဆုံးသော ဆုဖလားတစ်ခုကို စတင် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

utd

Photo Credit : Twitter

နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက် အကောင်းဆုံး ပုံစံတစ်ခုကို ရရှိလာခဲ့တဲ့ ယူနိုက်တက် အသင်းဟာ နောက်ပိုင်း ပွဲစဉ်တွေအတွင်း ရလဒ်ပိုင်းတွေ တည်ငြိမ်လာခဲ့သလို ခြေစွမ်းပိုင်းတွေလည်း ကောင်းမွန်လာခဲ့ရပါတယ်။ အခုလည်း အသင်းရဲ့ (၅)ရာသီဆက်တိုက် ဇလားလက်မဲ့ ဖြစ်နေရတဲ့ အခြေအနေကို ကာရာဘောင်း လိဂ်ဖလား ရယူပေးရင်းနဲ့ ဖလားလက်မဲ့ ရာသီကို အဆုံးသတ်သွားခဲ့ပါတယ်။

manutd

Photo Credit : Twitter

မန်ယူနိုက်တက်အသင်းက လိဂ်ဖလားပြိုင်ပွဲအတွင်း အက်စတွန်ဗီလာ ဘန်လေ ချာတန် နော်တင်ဟမ်ဖောရက်စ်တို့ကို ကျော်ဖြတ်ခဲ့ပြီး ဖိုင်နယ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့ရကာ (၂-၀)နဲ့ကို အနိုင်ယူ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဒီဆုဖလားဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနောက်ပိုင်းမှ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့တဲ့ ဆုဖလား ဖြစ်သလို (၆)ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်ခဲ့တဲ့ လိဂ်ဖလားလည်းဖြစ်လို့ လိဂ်ဖလားပြိုင်ပွဲတလျှောက် တတိယမြောက် အအောင်မြင်ဆုံးအသင်းပါ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်အသင်းက အက်အေဖလား ယူရိုပါလိဂ်ဖလားအပြင် ပရီးမီးယားလိဂ်ဖလားအထိပါ မျှော်မှန်းလို့ ရနိုင်တဲ့ အခြေအနေကြောင့် ဆုဖလား (၄)လုံး လမ်းကြောင်းထဲ ရှိနေရတာ ဖြစ်ပါတယ်။

ten hag

Photo Credit : Twitter

အခုလို (၅)ရာသီဆက် ဖလားလက်မဲ့ ဖြစ်နေရမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ တန်ဟက်ဂ်က “ဒါက ကျွန်တော်ရဲ့ ကလပ်အသင်းလို ခံစားမိတယ်။ ထင်မိတယ်။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် ရဲ့ အစိတ်အပိုင်း ဖြစ်ချင်ပါတယ်” လို့ ပြောဆိုသွားခဲ့သလို နောက်ထပ် ဆုဖလားတွေကိုလည်း ထပ်မံ ရယူသွားဖို့ကိုလည်း အာရုံစိုက်ထားတယ်လို့ သိရပါတယ်။

Featured Photo : Twitter