ယောဂကျင့်စဉ်တွေက စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုတယ်ဆိုတာ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ယောဂကျင့်ခြင်းက စိတ်တည်ငြိမ်မှု ၊ ကြံ့ခိုင်မှု ၊ သန်မာမှု ၊ ပျော့ပြောင်းမှုနဲ့ တက်ကြွမှုတို့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ယောဂ ကို နေ့စဉ် တစ်နာရီကြာ လေ့ကျင့်ခြင်းက အမျိုးသားများအတွက် သုတ်လွှတ်ခြင်းကို ကြာရှည်စေပြီး အလုံးစုံသော လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ခံစားမှု ကို မြှင့်တင်ပေးခြင်းနဲ့ ဆက်စပ်နေတယ်လို့ သုတေသီများက ဆိုပါတယ်။
အဘယ်ကြောင့်ဆိုသော် ယောဂကျင့်စဉ်အချို့က Kegel လေ့ကျင့်ခန်းကဲ့သို့ လုပ်ဆောင်သောကြောင့် တင်ပါးဆုံတွင်းရှိ Pubococcygeal (PC) လို့ခေါ်တဲ့ ကြွက်သားများကို အားကောင်းစေပါတယ်။ ဒါကြောင့် ကြွက်သားများကို ပိုမိုထိန်းချုပ်လာနိုင်ခြင်းကြောင့် သန်မာအားကောင်းသော စိုက်ထူမှုကို ဖြစ်ပေါ်စေပြီး ကွီးတို့ကို အိပ်ရာထဲမှာ ကြာကြာစွမ်းဆောင် နိုင်စေရုံသာမက ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ကိုလည်း ယောဂ ပို့စ်တွေက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီဆောင်ပါးလေးမှာ ကွီးတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနဲ့ ခံစားမှု ပိုမို တိုးမြှင့်စေနိုင်တဲ့ ယောဂ ပို့စ်များကို ဝေမျှပေးချင်ပါတယ်။
(၁) Cat and Cow Pose
Source : Man Flow Yoga
ဒီ ယောဂ ပို့စ်ကတော့ တင်ပါးဆုံရိုးနဲ့ တင်ပါးဆုံ များသို့ သွေးစီးဆင်းမှုကို တိုးစေပြီး လိင်အင်္ဂါကို ပံ့ပိုးပေးသည့် ကြွက်သားများကို အားကောင်းစေကာ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုနှင့် စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပါတယ်။
(၂) Cobra Pose
Source : Body by Yoga
Cobra ပို့စ်ကတော့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနဲ့ အိပ်ရာပေါ်မှာ ပိုမိုကောင်းမွန်သော ခံစားမှု ကို ရရှိစေနိုင်တဲ့ ယောဂ ပို့စ်တစ်ခုပါ။ ဒီယောဂ ပို့စ်က ကျောရိုးနဲ့ အလယ်အူတိုင်များကို အားကောင်းစေတဲ့ အကောင်းဆုံး ပို့စ်တစ်ခုလည်း ဖြစ်ပါတယ်။ ကွီးတို့မှာ သန်မာတဲ့ အလယ်အူတိုင်ရှိခြင်းက ပိုမိုတွန်းထုတ်နိုင်ပြီး တင်ပါးဆုံရိုးကိုလည်း ထိန်းချုပ်နိုင်ကာ ကောင်းမွန်သော လိင်မှု စွမ်းဆောင်ရည်ကို ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကောင်းမွန်သော ကိုယ်နေဟန်ထားကို ရရှိစေသည်သာမက ခါးနာခြင်းကိုလည်း သက်သာစေပါတယ်။
(၃) Bridge Pose
Source : Pro Gym Workout
Bridge Pose ကတော့ ကွီးတို့ရဲ့ ရင်ဘတ်နဲ့ အပေါ်ပိုင်းကို ပွင့်စေပြီး သွေးလည်ပတ်မှုနဲ့ အသက်ရှုလမ်းကြောင်းကို တိုးတက်စေပါတယ်။ ဒါ့အပြင် ဒီ ယောဂ ပိုစ့်က Glutes တွေကို ညှစ်ရတာကြောင့် သုတ်လွှတ်ခြင်းနှင့် လိင်အင်္ဂါ ဧရိယာအတွင်း သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေရန် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။
(၄) Frog Pose
Source : Alo Moves
အမျိုးသားများရဲ့ တင်ပဆုံနေရာများက များသောအားဖြင့် တင်းတင်းကြပ်ကြပ်နဲ့ တောင့်တင်းနေလေ့ ရှိပါတယ်။ ဒီ Frog Pose ကတော့ အတွင်းပေါင်ခြံများ ၊ တင်ပါးဆုံနေရာများကို ပျော့ပြောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ တင်ပါးဆုံရိုးနေရာက ပျော့ပြောင်းပြီး လွတ်လပ်ပေါ့ပေါးလေ ၊ လိင်ဆက်ဆံမှုတိုင်းမှာ ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ အဆင်ပြေ လွယ်ကူလေပါပဲ။
(၅) Boat Pose
Source : YouC
ဒီယောဂပို့စ်ကတော့ တင်ပဆုံတွင်း ကြွက်သားများ ကြီးထွားဖွံ့ဖြိုး လာစေရန်အတွက် ထိရောက်ပြီး ပြုလုပ်ရန် လွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ တင်ပဆုံအတွင်းရှိ ကြွက်သားများက အူမကြီး ၊ ဆီးအိမ်နဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို ကြီးမားသော အထောက်အပံ့ဖြစ်စေပါတယ်။
(၆) Locust Pose
Source : The Art of living
ဒီယောဂပို့စ်ကတော့ ကျွန်တော်တို့ ကိုယ်ခန္ဓာရဲ့ နောက်ကျောတစ်ခုလုံးကို ခိုင်ခံ့စေပါတယ်။ နောက်ကျောအပေါ်ပိုင်း ကြွက်သားများ ၊ ကျောအောက်ပိုင်း ကြွက်သားများ ၊ Glutes ၊ တံကောက်ကြော ကြွက်သားများနှင့် ခြေသလုံးကြွက်သားများကို သန်မာစေရန် ထောက်ပံ့ပေးနိုင်ပြီး ထိုသန်မာသော ကြွက်သားတိုင်းက လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတိုင်းအတွက် အထောက်အပံ့ ပေးနိုင်တယ်လို့ ဆိုပါတယ်။
ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုမှာ ခံစားမှု ပိုမိုကောင်းမွန်စေဖို့ အထောက်အပံ့ ပေးနိုင်တဲ့ ယောဂ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ ဒီယောဂပို့စ်တွေကို ကွီးတစ်ယောက်တည်း ပိုမိုသန်မာအောင် လေ့ကျင့်လို့ရသလို ကွီးတို့ ပါတနာနဲ့အတူတူ လေ့ကျင့်ခြင်းကလည်း နှစ်ဦးစလုံးအတွက် လိင်မှုကိစ္စမှာရော ၊ စိတ်ပိုင်းဆိုင်ရာ အတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။ ဒါတင်မကသေးဘဲ ယောဂ လေ့ကျင့်ခန်းများက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်တာကြောင့် ပုံမှန်ပြုလုပ်သင့်ပါတယ်။
Source : Men’s Health
Featured Photo : India Times