ယောဂလုပ်ခြင်းက စိတ်ဖိစီးမှုများကို လျော့ကျစေပြီး၊ စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးများတယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်စေမှာပါ။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာအတွက်လည်း ခန္ဓာကိုယ်ကို ပျော့ပြောင်းစေခြင်း၊ ကိုယ်နေဟန်ထား ကောင်းမွန်စေခြင်း၊ ဇီဝဖြစ်ပျက်မှုကို အားကောင်းစေခြင်း၊ နှလုံးသွေးကြောဆိုင်ရာနဲ့ သွေးလည်ပတ်မှုကို ကောင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း စတဲ့ အကျိုးများလည်း ရရှိနိုင်ပါတယ်။ ယောဂလုပ်ဖို့ တစ်နေ့မှာ မိနစ်အနည်းငယ်ပေးရုံနဲ့တင် အကျိုးများစေပါတယ်။ ဒီလို အကျိုးများတဲ့ ယောဂ လေ့ကျင့်ခန်းများကို စိတ်ဝင်စားပြီး အခုမှစလုပ်မဲ့ ကွီးတို့ ရှိပါသလား။ ဒါဆိုရင်တော့ အခုမှ ယောဂ လေ့ကျင့်ခန်းတွေကို စလုပ်မဲ့ ကွီး တို့အတွက် သတိပြုရမဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

အတွေ့အကြုံရှိသော ဆရာများရဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ

ယောဂ ကွီး

Photo : Yoga U Online

အခုမှ ယောဂ စလုပ်မဲ့ သူများအတွက် ကိုယ်တိုင်လေ့လာပြီး မိမိဘာသာလုပ်ခြင်းထက် အတွေ့အကြုံရှိသော ဆရာတစ်ယောက်ယောက်ရဲ့ လမ်းညွှန်မှုကို အရင်ရယူဖို့ အကြံပေးပါရစေ။ ယောဂ လေ့ကျင့်ခန်းများကို ကွီး တို့ကိုယ်တိုင် အင်တာနက်ကနေ လေ့လာနိုင်သည်မှာ မှန်သော်လည်းပဲ အသေးစိတ်သော အချက်အလက်များ၊ မှန်ကန်သော ကိုယ်နေဟန်ထားများအတွက် အစပိုင်းမှာ ဆရာများရဲ့ လမ်းညွှန်ချက်ကို ရယူပါ။ ကွီးတို့ကိုယ်တိုင် အထိုက်အလျောက် ကျွမ်းကျင်သွားမှသာ မိမိဘာသာ လုပ်ပါ။

သက်တောင့် သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်ပါ

ယောဂ ကွီး

Photo : Yoga Journal

ကွီးတို့ရေ ယောဂ မဆိုထားနဲ့ ဘယ်လေ့ကျင့်ခန်းကို မဆို သင့်လျော်သော အဝတ်အစားများ၊ သက်တောင့်သက်သာ ရှိသော အဝတ်အစားများကို ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ ယောဂလို ကိုယ်နေဟန်ထားမျိုးစုံ လုပ်ရတဲ့ လေ့ကျင့်ခန်းမှာဆိုရင် ပိုမို အလေးထားပြီး သင့်တော်တဲ့ အားကစားဝတ်စုံများကို ဝတ်ဆင်ရပါမယ်။ ဒါမှသာ ကျပ်လွန်းသော၊ ချောင်လွန်းသော အဝတ်အစားများကြောင့် မသက်မသာခံစားရခြင်း၊ လှုပ်ရှားရ မလွယ်ကူခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်နိုင်သောကြောင့် ဖြစ်ပါတယ်။

ယောဂဖျာကို ဂရုပြုပါ

ယောဂ ကွီး

Photo : Perform better

ယောဂလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ယောဂဖျာတွေကိုလည်း သေချာ ဂရုပြုအလေးထားဖို့ လိုပါတယ်။ သန့်ရှင်းပြီး ချော်မနေစေဖို့ သတိပြုပါ။ ဒါမှသာ ကွီးတို့ရဲ့ ယောဂ လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် ကိုယ်နေဟန်ထား ပျက်ယွင်းပြီး ချော်ကျတာကို ကာကွယ်နိုင်မှာပါ။ အထူးသဖြင့် လက်ကောက်ဝတ်နှင့် ဒူးဆစ်များပွန်းခြင်း အနာတရဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် ယောဂဖျာကို မဖြစ်မနေ အသုံးပြုပါ။

ဖြေးဖြေးမှန်မှန် ပြုလုပ်ပါ

Yoga

Photo : Eat This, Not That

‌ယောဂ လေ့ကျင့်ခန်းများကို လုပ်တဲ့နေရာမှာ အလျင်စလို မလုပ်မိဖို့ အရေးကြီးပါတယ်။ သတိရှိရှိ ရည်ရွယ်ချက်ရှိရှိ ဖြင့် ဖြေးဖြေးမှန်မှန် အချိန်ယူပြီး ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း ပုံမှန် လေ့ကျင့်စဉ်အတိုင်း လုပ်သွားခြင်းဖြင့် ရေရှည်တည်တံ့သော တိုးတက်မှုနဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းများကို ဖြေးဖြေးမှန်မှန်လုပ်ခြင်း သို့မဟုတ် ယောဂ လုပ်နေစဉ်အတွင်းမှာလည်း နည်းစနစ်တကျ ဖြေးဖြေးချင်း ပြုလုပ်တာက ကွီးတို့ကို ထိခိုက်ဒဏ်ရာရခြင်းကိုလည်း ကာကွယ်နိုင်သလို အာရုံစူးစိုက်မှု အလုံးစုံကိုလည်း တိုးတက်နိုင်ပါတယ်။

ရေဓာတ်ပြည့်ဝနေပါစေ

yoga

Photo : Though Co

ဘယ်လေ့ကျင့်ခန်းကို မဆို လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ယောဂကျင့်စဉ်အတွင်း ရေသောက်ရန် အကြံပြုထားခြင်း မရှိသော်လည်း၊ ကွီးတို့ရဲ့ လေ့ကျင့်မှုတစ်လျှောက်လုံး ရေဓာတ်ကို ထိန်းထားနိုင်သော နည်းလမ်းအချို့ကို လိုက်နာလို့ရပါတယ်။ ဥပမာ လေ့ကျင့်ခန်းမစခင် တစ်နာရီလောက်အလိုမှာ ရေ ၁၆ အောင်စ ခန့်ကိုသောက်ပါ။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ခန္ဓာကိုယ်မှ ကုန်ဆုံးသွားသော ရေဓာတ်ကို ပြန်ဖြည့်ဖို့ နောက်ထပ် ၂၀ ခန့် အောင်စကို သောက်သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။

အခုမှ ယောဂစတင်ပြီး လုပ်မဲ့သူများအနေဖြင့် အထက်ပါဖော်ပြပါ အချက်တွေကို လိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : YOGA BASICS

Featured Photo : Yoga