မန်ယူနိုက်တက်ကတော့ မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ ချယ်လ်ဆီးကို (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၃)နေရာပါ တက်လှမ်းသွားခဲ့သလို ရာသီကုန်ဖို့ (၁)ပွဲအလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိသွားခဲ့ရပါတယ်။

bruno

Photo Credit : Twitter

ရာသီကုန်ခါနီးမှ ရလဒ်တွေ ဆိုးရွှားရင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ စိုးရိမ်ရတဲ့ အနေအထား ရောက်လာခဲ့တဲ့ ယူနိုက်တက်ဟာ ဝုလ်ဗ် ဘုန်းမောက်တို့ကို ဆက်တိုက် အနိုင်ရလာရင်းကနေ Top 4 နေရာအတွက် ပြန်လည် အခြေအနေကောင်းလာခဲ့သလို အဆင့် (၅)နေရာက လီဗာပူးလ်ကလည်း အန်ဖီးလ်မှာ ဗီလာနဲ့ သရေကျသွားတာကြောင့် ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ကြား အမှတ်က အနည်းငယ် ကွာဟသွားခဲ့ရပါတယ်။

case

Photo Credit : Twitter

အခု အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံ ကစားခဲ့ရတဲ့ ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာပါ ဧည့်သည် ချယ်လ်ဆီးကို အနိုင်ယူပြီး ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့တဲ့အပြင် နယူးကာဆယ်ရဲ့ ဂိုးမရှိ သရေကျထားမှုကြောင့် ယူနိုက်တက်က အဆင့် (၃)နေရာထိပါ တက်လှမ်းသွားခဲ့ရပါတယ်။ တကယ်လို့ ယူနိုက်တက်က ဒီရာသီရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ နိုင်ပွဲ ထပ်ရခဲ့မယ်ဆိုရင် အဆင့် (၃)နေရာနဲ့ အဆုံးသတ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

conor

Photo Credit : Sky Sports

ဒါပေမယ့် ဒီပွဲကို ရှုံးလိုက်ရတဲ့ ချယ်လ်ဆီးကတော့ ယာယီနည်းပြ လမ်းပတ် လက်ထက် (၁၀)ပွဲ ကိုင်တွယ်ထားခဲ့ရာ ဘုန်းမောက်တစ်ပွဲကိုသာ အနိုင်ရခဲ့ပြီး (၁)ပွဲ သရေကျခဲ့သလို (၈)ပွဲအထိ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိ ပုံစံအရဆိုရင်လည်း အမြင့်ဆုံး အဆင့် (၁၁)လောက်နဲ့သာ ရာသီသိမ်းရဖို့ ရှိနေပြီး လာမယ့် ဘောလုံးရာသီ နည်းပြသစ် ပိုချက်တီနို လက်ထက်မှာမှ အသင်း အခြေအနေ ဘယ်လို ဖြစ်လာမလဲ ဆိုတာကိုသာ စောင့်ကြည့်သွားရပါတော့မယ်။ ယူနိုက်တက်ကတော့ ဖူဟ်ဟမ်နဲ့ ပွဲစဉ်အပြီးမှာပဲ မြို့ခံပြိုင်ဘက် စီးတီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်ကို ဆက်လက် ရင်ဆိုင်ရဦးမှာမို့ သူတို့အသင်းအတွက် ခါရာဘောင်ဖလား + ချန်ပီယံလိဂ်ဝင်ခွင့် + အက်ဖ်အေဖလား ဖြစ်လာမလားဆိုတာ…

Featured Photo : Manchester United Twitter