မန်ယူနိုက်တက်အသင်းမှာ ပါဝင် ကစားခဲ့ဖူးတဲ့ တောင်ကိုရီးယား ကစားသမားလို့ ပြောရင် အားလုံးသိကြမှာပါ။ ပတ်ဂျီဆန်ပါ။ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ဖူးတဲ့ တစ်ဦးတည်းသော တောင်ကိုရီးယား ကစားသမားဟာလည်း ပတ်ဂျီဆန်ပါပဲ။ အခုတော့ ပတ်ဂျီဆန် နောက်ပိုင်း ကင်မင်ဂျယ် က ယူနိုက်တက်ကို ထပ်မံ ရောက်ရှိလာနိုင်မယ့် ဒုတိယမြောက် ကိုရီးယားသား ကစားသမား ဖြစ်လာဖို့ အလွန် ရေပန်းစားနေပါတယ်။

fernabarce

Photo Credit : Sky Sports

လက်ရှိမှာ အသက် (၂၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တောင်ကိုရီးယား လက်ရွေးစင် ခံစစ် ကစားသမား ကင်မင်ဂျယ် ရဲ့ ကစားသမားဘဝက ဒီရာသီမှသာ လူသိရှင်ကြား ကျော်ကြားလာခဲ့ရတာ ဖြစ်ပါတယ်။ ကိုရီးယားကလပ် ဂျောင်ဘွတ်ဟွန်ဒိုင်းအသင်း တရုတ် စူပါလိဂ်ကလပ် ဘေဂျင်းဂူအမ်အသင်းတွေမှာ ကျင်လည်ရင်း ၂၀၂၁မှ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီကို ရောက်လာပြီး ဖီနာဘာချီမှာ တစ်ရာသီ ဖြတ်သန်းပြီးနောက် နာပိုလီအသင်းဆီ ရောက်ရှိခဲ့ပါတယ်။

kim min jae napoli

Photo Credit : Eurosport

နာပိုလီမှာ ကူလီဘလီနေရာ တိုက်ရိုက် အစားဝင်ခဲ့ရတဲ့ ကင်မင်ဂျယ်ဟာ မထင်ထားလောက်အောင် နာပိုလီအတွက် အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး နာပိုလီနဲ့ပါ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ နာပိုလီမှာ အဓိက ခံစစ် ကစားသမားအဖြစ် ခြေစွမ်းပြနေသူ ကင်မင်ဂျယ် ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက် လီဗာပူးလ် စပါးတို့ကနေ စိတ်ဝင်စားမှု ရှိလာခဲ့ပြီး လက်ရှိမှာလည်း ယူနိုက်တက်က ကင်မင်ဂျယ်ကို အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းနေပါတယ်။

kimminjae

Photo Credit : TEAMtalk

အရပ်အမောင်း (၆)ပေ (၃)လက်မလောက်အထိ မြင့်မားပြီး ခံစစ်မှူးကောင်းတစ်ဦးလို physical မျိုး ပိုင်ဆိုင်ထားတဲ့ ကင်မင်ဂျယ် ကို ယူနိုက်တက်က ဂေါင်းကြီးလို့ ခေါ်တဲ့ မက်ဂွိုင်းယားနေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားနေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ စီနီယာကြီး ပတ်ဂျီဆန် ကစားခဲ့ဖူးတဲ့ ယူနိုက်တက်ကို လာရောက် ကစားချင်မှာလည်း သေချာပါတယ်။ ယူနိုက်တက်ကလည်း ကပ္ပတိန် ဂေါင်းကြီး အပါအဝင် ဖေးလ်ဂျုံးစ် တွမ်ဇီဘီ ဘိုင်လီတို့လို CB ကစားသမားတွေကို ရောင်းချတော့မှာမို့ ဗဟို ခံစစ် ကစားသမား ကင်မင်ဂျယ်ကို မရမက ခေါ်ယူဖွယ်လည်း ရှိနိုင်ပါတယ်။

Featured Photo : Khel Nows