သီယာရီ အွန်နရီ လက်သစ်လေးလို့ တင်စားခေါ်ဆိုခံရဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဆေးရုံအုပ်ကြီး တိုက်စစ်မှူး အန်တိုနီ မာရှယ် ကတော့ ဂရိကလပ် AEKအေသင်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လိုက်ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

martial utd

Photo Credit: ESPN

အခုဆို အသက် (၂၈)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ပြင်သစ် လက်ရွေးစင်ဟောင်း မာရှယ် က လွန်ခဲ့တဲ့ (၈)နှစ် သူ့အသက် (၁၉)နှစ်အရွယ်မှာပဲ မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး မန်ယူအတွက် ပွဲဦးထွက်မှာပါ လီဗာပူးလ်အသင်းဘက်ကို ဂိုးသွင်းရင်း အဖွင့်ပွဲမှာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မာရှယ်က မန်ယူ ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ (၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ဒါက ကျေနပ်လောက်စရာလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ခက်တာက မာရှယ်ဟာ ခြေစွမ်းပိုင်း တသမတ်တည်း ရှိမနေတာပါ။

martial flop

Photo Credit: Goal

မာရှယ်က ဒုတိယရာသီမှာ ပြိုင်ပွဲစုံ (၈)ဂိုးသာ သွင်းယူနိုင်တဲ့အထိ အခြေအနေ ဆိုးခဲ့ရသလို နောက်တစ်ရာသီမှာတော့ (၁၁)ဂိုးနဲ့ နောက်တစ်ရာသီမှာ (၁၂)ဂိုးတွေသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာရှယ်က သူရဲ့ ပဉ္စမမြောက် ရာသီမှာတော့ သူရဲ့ အကောင်းဆုံး ရာသီတစ်ခု ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာ (၂၃)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီမှာ မာရှယ် နဲ့အတူ ရပ်ရှ်ဖို့ဒ်ကလည်း အတော်လေးကို ဂိုးမြူးခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီရာသီနှောင်းပိုင်းမှာ မာရှယ်က ဒဏ်ရာတွေ ခြေစွမ်းပိုင်း မတည်ငြိမ်တာတွေနဲ့ ဂိုးသွင်းအားတွေလည်း သိသိသာသာ ကျဆင်းသွားခဲ့ရပါတယ်။

anthony martial

Photo Credit: SuperSport

ဒီလို ခြေစွမ်းကျဆင်းနေတဲ့ မာရှယ်ကို မန်ယူက ဆီဗီလာအသင်းဆီ အငှားချခဲ့သေးပြီး ဒီနွေမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ပါတယ်။ ဒီလို free agent player ဖြစ်သွားခဲ့တဲ့ မာရှယ်ကို အသင်းတော်တော်များများက သိပ်မကြိုးပမ်းကြပေမယ့်လည်း ဂရိကလပ် AEKအေသင်အသင်းကတော့ မန်ယူ တိုက်စစ်မှူးဟောင်း မာရှယ် ကို မရရအောင် ခေါ်ယူခဲ့ပြီး မာရှယ်တစ်ယောက် နယ်မြေသစ်မှာ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo: UtdDistrict