ကွီးတို့ရေ နေ့စဉ်လှုပ်ရှားရုန်းကန် နေရတဲ့ခေတ်ကြီးထဲမှာ ဘက်ပေါင်းစုံကပေးတဲ့ စိတ်ဖိစီးတွေ၊ စိတ်အနှောင့်ယှက်ဖြစ်ရခြင်းတွေ၊ မပျော်ရွှင်မှု တွေကြောင့် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းလာပြီး စိတ်ကျရောဂါလို စိတ်နဲ့ဆိုင်တဲ့ ရောဂါတွေ အဖြစ်များလာကြပါတယ်။ ကိုယ်၊ စိတ် နှစ်ပါလုံးကျန်းမာမှ ကွီးတို့ရဲ့ ဘဝ ကိုအောင်မြင်ပျော်ရွှင်စေမှာပါ။ ဒါ့ကြောင့် ကိုယ်လက် လေ့ကျင့်ခန်း နေ့စဉ်လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတဲ့ အပြင် စိတ် ကျန်းမာရေး ဆိုင်ရာအကျိုးကျေးဇူးတွေပါ အများကြီးရရှိနိုင်ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ခြင်းနဲ့ စိတ်ကျရောဂါ

စိတ် ကျန်းမာရေး
Photo : Decathlon Blog

ကွီးတို့ရေ စိတ်ကျရောဂါကို လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ သက်သာစေတယ်ဆိုတာ သိပါသလား။ လေ့လာမှုများအရ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ကျရောဂါ အပျော့စားမှ အလယ်အလတ်စိတ်ကျရောဂါအထိ ကုသပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ ထိရောက်စွာ ကုသနိုင်ကြောင်း လေ့လာမှုများက ဖော်ထားပါတယ်။ ဥပမာတစ်ခုအနေနှင့် ၊ Harvard T.H. Chan Public Health School of Public Health က တစ်နေ့ကို ၁၅ မိနစ်လောက် ပြေးတာ ဒါမှမဟုတ် တစ်နာရီ လမ်းလျှောက်တာက စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ကျရောဂါ လက္ခဏာများကိုလည်း သက်သာစေပါတယ်။

(၂ ) လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း

စိတ် ကျန်းမာရေး
Photo : Eat This, Not That

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စိတ်ခံစားချက်ခြင်း မတူညီကြပါဘူး။ လူတချို့ဟာ မလိုအပ်ပဲ စိုးရိမ်ပူမှုတွေ လွန်ကဲနေတာ တွေ့ဖူးမှာပါ။ မလိုအပ်ပဲ စိုးရိမ်ပူပန်မှု လွန်ကဲတာဟာ ကွီးတို့ရဲ့ စိတ် ကျန်းမာရေး ကိုထိခိုက်စေတဲ့ အပြင် ရုပ်ပိုင်းဆိုင်ရာ ရောဂါများပါ ဝင်ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ပူပန်မှုကို တိုက်ဖျက်ရေး ကုသရေးအတွက် ထိရောက်တဲ့ သဘာဝဆေး တစ်ခုလို့တောင်ပြောလို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိုးရိမ်စိတ်နှင့် ဖိစီးမှုကို ပြေလျော့စေကာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကို မြှင့်တင်ပေးတဲ့ Endorphin များ ထုတ်လွှတ်မှုကြောင့် ကွီးတို့ရဲ့ စိတ် ကျန်းမာရေး နဲ့ စိတ်ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

(၃) လေ့ကျင့်ခန်းနှင့် စိတ်ဖိစီးမှု

စိတ် ကျန်းမာရေး
Photo : adidas Runtastic

စိတ်ဖိစီးမှု ခံစားနေရချိန်မှာ ကွီးတို့ခန္ဓာကိုယ်က ဘယ်လိုခံစားရလဲ သတိထားမိပါသလား။ ကြွက်သားများ အထူးသဖြင့် မျက်နှာ၊ လည်ပင်းနှင့် ပခုံးများတွင် တင်းမာနေနိုင်ပြီး နောက်ကျော နှင့် လည်ပင်းနာခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုကြောင့် ကွီးတို့ရဲ့ ရင်ဘတ်ထဲမှာ တင်းကျပ်ခြင်း၊ သွေးခုန်နှုန်းများခြင်း သို့မဟုတ် ကြွက်သားများ ကြွက်တက်ခြင်းတိုကို ခံစားရနိုင်တဲ့အပြင် အိပ်မပျော်ခြင်း၊ ရင်ပူခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ သို့မဟုတ် မကြာခဏ ဆီးသွားခြင်းစသည့် ပြဿနာများကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

ဤရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ အားလုံး၏ စိုးရိမ်ပူပန်မှုနှင့် မသက်မသာမှုများသည် စိတ်နှင့် ခန္ဓာကိုယ်ကြားတွင် ဆိုးရွားသော သံသရာကို ဖန်တီးပေးကာ ပို၍ပင် ဖိစီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ဒီသံသရာကိုဖြတ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်အတွင်းရှိ Endorphin များကို ထုတ်လွှတ်သည့်အပြင် ကိုယ်လက်လှုပ်ရှားမှုသည် ကြွက်သားများကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း တင်းမာမှုများကို သက်သာ စေပါတယ်။ ယနေ့ခေတ်လို Stress တွေ ဘက်ပေါင်းစုံက ရနေချိန်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကွီးတို့ရဲ့ ကိုယ်၊ စိတ် ကျန်းမာရေး နှစ်ခုလုံးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

(၄) မိမိကိုယ်ကို တန်ဖိုးထားမှု မြင့်မားခြင်း

EXERCISE
Photo : Freepik

ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်နှင့် စိတ် ကျန်းမာရေး အတွက် အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကို အလေ့အကျင့်ဖြစ်လာတဲ့အခါမှာ၊ ၎င်းက ကွီးတို့အတွက် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့ စိတ်ခွန်အားကို ဖြစ်စေပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်အသွင်အပြင်နှင့်ပတ်သက်ပြီး ခံစားချက်တွေ ပိုကောင်းလာစေတဲ့အပြင်၊ သေးငယ်သောလေ့ကျင့်ခန်းပန်းတိုင်များကို ပြည့်မီခြင်းဖြင့် အောင်မြင်မှုနဲ့ စိတ်ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။

(၅ )အိပ်စက်မှုစက်ဝန်းကို ကောင်းမွန်စေတယ်

SLEEP
Photo : HARTMANN Direct

မနက်ပိုင်း ဒါမှမဟုတ် နေ့လည်ပိုင်း အချိန်ခဏတာပဲ လုပ်တဲ့ လေ့ကျင့်ခန်းက ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်း ကိုပိုမိုကောင်းအောင် ထိန်းညှိပေးနိုင်ပါတယ်။ ညဘက်တွင် လေ့ကျင့်ခန်းလုပ်လိုပါက ယောဂ သို့မဟုတ် ဖြည်းညှင်းစွာ အကြောဆန့်ခြင်းကဲ့သို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကလည်း အိပ်ရေးဝအောင် ကူညီပေး နိုင်ပါတယ်။ ကောင်းစွာ အိပ်စက်ခြင်းဖြင့် ကိုယ်ရော စိတ်ပါ တတ်ကြွလန်းဆန်းစေနိုင်ပါတယ်။

(၆) ခံနိုင်ရည်အားကောင်းခြင်း

gym
Photo : South Slope News

ကွီးတို့ ဘဝမှာ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ လေ့ကျင့်ခန်းပုံမှန်လုပ် ခြင်းက ကွီးတို့ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ပေးပါတယ်။ ကွီးတို့ဘဝမှာ ရင်ဆိုင်မှုတွေ အခက်အခဲတွေ နဲ့ကြုံတွေရတဲ့အခါ ပိုဆိုးသွားစေမယ့် တခြားအပျက်သဘောဆောင်တဲ့ အရက်နဲ့ အရက်သောက်မယ့်အစား ကျန်းမာတဲ့နည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်စေဖို့ လေ့ကျင့်ခန်းလုပ်ခြင်းက ကူညီပေးနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကြောင့် အကျိုးသက်ရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။

ကွီးတို့ရေ လေ့ကျင့်ခန်းလုပ်ခြင်းက မထင်မှတ်ထားလောက်အောင် စိတ် ကျန်းမားရေး ဆိုင်ရာ အကျိုးကျေးဇူးတွေ များတဲ့အတွက် အချိန်ပေးပြီး ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : HelpGuide

Featured Photo : Dailymail