ကျွန်တော်တို့ရဲ့ မနက်ခင်းတွေက များသောအားဖြင့် မထချင်ထချင်နဲ့ ထကာ အလုပ်သွားဖို့ ပြင်ဆင်တာ ဒါမှမဟုတ် လုပ်ဆောင်ရမဲ့ အရာများနဲ့ တစ်နေ့တာ ဖြတ်သန်းဖို့ စတင်လှုပ်ရှားကြတယ် မဟုတ်ပါလား။ မနက်ခင်း ဖြတ်သန်းပုံ အလေ့အထဟာ ကျွန်တော်တို့ရဲ့ တစ်နေ့တာအပေါ်သက်ရောက်ပါတယ်။ မနက်ခင်းမှာ နိုးထလာပြီး လန်းဆန်းတတ်ကြွမှု အပြည့်နဲ့ ဖြတ်သန်းရရင်တော့ အကောင်းဆုံးပါပဲ။ မနက်ခင်းမှာ လေ့ကျင့်ခန်း တွေ ပြုလုပ်ရုံနဲ့တင် ကွီးတို့တစ်နေ့တာလုံး လန်းဆန်းတတ်ကြွကာ လုပ်ငန်းဆောင်တာများကို ကြည်လင်ပြတ်သားစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ မနက်ခင်းမှစပြီး တစ်နေ့တာလုံး တတ်ကြွတဲ့ ကြက်ဖ အဖြစ် ဖြတ်သန်းနိုင်ဖို့ အကောင်းဆုံး လေ့ကျင့်ခန်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

တတ်ကြွတဲ့ ကြက်ဖ

Photo : adidas Runtastic

လေ့ကျင့်ခန်းတွေကို မဖော်ပြခင်မှာ မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းက ကျွန်တော်တို့အတွက် ဘယ်လောက် အကျိုးထူးတယ်ဆိုတာ ကြည့်လိုက်ရအောင်။

မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းက

  • ကယ်လိုရီတွေ မြန်မြန်လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေပါတယ်။
  • ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို တတ်ကြွစေပါတယ်။
  • ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
  • ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။
  • ကြွက်သားများကို လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးစေပါတယ်။
  • ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
  • လိင်မှုဘဝကို တိုးတတ်ကောင်းမွန်စေပါတယ်။
  • အိပ်စက်မှု စက်ဝန်းကို ပိုမိုကောင်းမွန်စေပါတယ်။

ဒီလို အကျိုးတွေရတဲ့အပြင် တတ်ကြွတဲ့ ကြက်ဖ ဖြစ်ဖို့ အကောင်းဆုံး မနက်ခင်းလေ့ကျင့်ခန်းတွေကတော့

လေ့ကျင့်ခန်း (၁) Push-Up

တတ်ကြွတဲ့ ကြက်ဖ

Photo : Gfycat

ဒီလေ့ကျင့်ခန်းက မနက်ခင်း ကွီးတို့အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အရိုးရှင်းဆုံး လေ့ကျင့်ခန်းများထဲက တစ်ခုဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကိုယ်အလေးချိန်ကျစေတဲ့အပြင် ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး ကြွက်သားတွေကို သန်မာစေပါတယ်။

လေ့ကျင့်ခန်း (၂) Jumping Jacks

တတ်ကြွတဲ့ ကြက်ဖ

Photo : Men’s Health

ကွီးတို့ မနက်ခင်း လေ့ကျင့်ခန်းများထဲမှာ ဒီလေ့ကျင့်ခန်းကို မဖြစ်မနေ ထည့်သွင်းလိုက်ပါ။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ နှလုံးခုန်နှုန်းနှင့် သွေးစီးဆင်းမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းများထဲက တစ်ခု ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃) ပြေးခြင်း

တတ်ကြွတဲ့ ကြက်ဖ

Photo : Cathe Friedrich

မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲမှာ မနက်စောစော နွေးထွေးတဲ့ နေရောင်အောက်မှာ သိုမဟုတ် ပြေးတာပါပဲ။ အိမ်မှာ ပြေးစက်နဲ့ ပြေးတာမျိုးလည်းအဆင်ပြေပေမဲ့ သဘာဝနဲ့ချိတ်ဆက်နိုင်ပြီး နေရောင်အောက်မှာပြေးခြင်းက ကွီးတိုကို တစ်နေ့တာလုံး လန်းဆန်းနေစေပြီး အားအင်တွေ ပြည့်ဝနေစေမှာပါ။

လေ့ကျင့်ခန်း (၄) Squats

တတ်ကြွတဲ့ ကြက်ဖ

Photo : Men’s Health

Squats ကလည်း ကွီးတို့ ဘယ်နေရာမဆို ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် လျှော့ချရန် အကောင်းဆုံး နံနက်ခင်း လေ့ကျင့်ခန်း ဖြစ်တယ်။ Squats လေ့ကျင့်ခန်းက ကွီးတို့ရဲ့ ခြေထောက်၊ တင်ပါးနဲ့ ဒူးတွေကိုပါ တစ်ပြိုင်နက်တည်း အားကောင်းစေပါတယ်။

လေ့ကျင့်ခန်း (၅) Crunches

တတ်ကြွတဲ့ ကြက်ဖ

Photo : Men’s Health

ကွီးတို့အနေနဲ့ ဝမ်းဗိုက် အဆီတွေကျချင်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းကို ကွီးတို့ရဲ့ မနက်ခင်း လေ့ကျင့်ခန်းများထဲမှာ ထည့်လိုက်ပါ။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။

လေ့ကျင့်ခန်း (၆) Jump Rope

Photo : Men’s Health

ကြိုးခုန်ခြင်းက ထိရောက်သော Cardio လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကြိုးခုန်ခြင်းကို ပုံမှန်လုပ်ပေးရင် ခြေသလုံးကြွက်သားတွေကို သန်မာစေပြီး အရွတ်တွေရဲ့ ပျော့ပျောင်းမှုကို မြှင့်တင်ပေးပါတယ်။ ကြိုးခုန်ခြင်းက ကိုယ်အလေးချိန်ကျစေဖို့ အထိရောက်ဆုံးသော လေ့ကျင့်ခန်းများထဲက တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆကို အထောက်အကူပြုပြီး ခြေထောက်များကို ပိုမိုသန်မာစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်း (၇) Burpees

Photo : Men’s Health

Burpees လေ့ကျင်ခန်းများက အချိန်တိုအတွင်း ခန္ဓာကိုယ်တစ်ခုလုံးကို ထိရောက်စေတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အဓိက ကြွက်သားအုပ်စုအားလုံးကို အလုပ်လုပ်ခြင်းဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်း ကြံ့ခိုင်မှုကို တစ်ပြိုင်နက် တည်ဆောက်ခြင်းကို အထောက်အကူပြုပါတယ်။

လေ့ကျင့်ခန်း (၈) Mountain Climbers

Photo : Men’s Health

ဒီလေ့ကျင့်ခန်းက ကွီးတိုရဲ့ ပခုံး၊ ရင်အုပ်ကြွက်သားများနဲ့ Triceps များကို တင်းမာစေရန် အထောက်အကူ ပြုပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၉) Planks

Photo : Men’s Health

ခါးနာလို့ လေ့ကျင့်ခန်း မလုပ်ဘူးဆိုတဲ့ အကြောင်းပြချက်တွေကို ဖယ်ရှားလိုက်ပါ။ Planks က ကွီးတို့ရဲ့ ခါးနာခြင်းကို သက်သာစေပြီး ထိရောက်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

ကွီးတို့ရေ တတ်ကြွတဲ့ ကြက်ဖ ဖြစ်စေဖို့ မနက်ခင်းမှာ ပြုလုပ်နိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး တစ်နေ့တာကို လန်းဆန်းတောက်ပစွာ ဖြတ်သန်းလိုက်ပါ။

Source : Decathlon Blog

Featured Photo : Men’s Journal