နတ်ဘုရားကြီး ဇလာတန် အီဘရာဟီမိုဗစ်ကတော့ ဒူးဒဏ်ရာဆိုးကြီးကနေ ပြန်လည် သက်သာလာချိန် အေစီမီလန်အသင်းနဲ့ အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီ စီးရီးအေပွဲစဉ်ကို ပါဝင်ကစားသွားခဲ့ပါတယ်။

ibrahimovic

Photo Credit : Sky Sports

အသက်(၄၁)နှစ်အရွယ်ကိုတောင် ရောက်ရှိနေပြီဖြစ်သော ဆွီဒင် ဝါရင့် ကစားသမားကြီး မိုဗစ်က ဘောလုံးသမားဘဝကို ဇာတ်သိမ်းသင့်တဲ့ အသက်အရွယ်မျိုးကို ရောက်ရှိနေချိန်မှာတောင် လုံးဝ အနားယူသွားဖို့ ဆန္ဒမရှိသေးတဲ့အပြင် ကစားသမားဘဝကို အဆုံးသတ်သွားစေနိုင်တဲ့ ဒဏ်ရာမျိုးနဲ့ ကြုံတွေ့လာရချိန်မှာတောင် အရှုံးအပေးပဲနဲ့ ပြန်လည် ကစားလို့ရနိုင်မဲ့ အချိန်ထိ စောင့်ဆိုင်းခဲ့ပါတယ်။ အခုတော့ နတ်ဘုရားကြီး ဟာ မြက်ခင်းစိမ်းပေါ် ပြန်လည် ကြွမြန်းခွင့် ရရှိလာခဲ့ရပြီး နောက်ပိုင်း ပွဲစဉ်တွေမှာလည်း ဆက်တိုက် ကစားခွင့်ရလာနိုင်ဖွယ် ရှိနေရပါတယ်။

zlatan

Photo Credit : The New York Time

စကားကြီး စကားကျယ်တွေ ပြောဆိုတတ်သူ လေကြီးလေကျယ်တွေ ပြောနေတတ်သူလို့ သတ်မှတ်ခံထားရတဲ့ ဒီကစားသမားကြီးက သူ့အသက်အရွယ်နဲ့ မလောက်အောင်ပဲ အကောင်းဆုံး form တစ်ရပ်ကို ထိန်းသိမ်းထားနိုင်ပြီး ဒူးဒဏ်ရာကြောင့် (၉)လနီးပါးလောက်အထိ အနားယူထားခဲ့ရပေမဲ့လည်း သူ့ကို အသင်းဘက်က တစ်နှစ် သက်တမ်း ထပ်တိုးထားပေးခဲ့သလို အသင်းမှာလည်း ပွဲကစားခွင့်ပါ ပြန်ပေးလာခဲ့ပါတယ်။

movic

Photo Credit : Eurosport

မိုဗစ်ဟာ မီလန်နဲ့အတူ စီးရီးအေဖလားကို ရယူထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက စီးရီးအေ သွင်းဂိုး (၈)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ မီလန်ရဲ့တိုက်စစ်မှာ ဂျရူး လီယာအို အော်ရီဂီတို့နဲ့အတူ မိုဗစ်ပါ ပြန်ကစားနိုင်ပြီဖြစ်လို့ ဒီ တိုက်စစ် အစုအဖွဲ့နဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ခံစစ်ကို ဘယ်လောက်အထိ ဒုက္ခပေးသွားနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရပါမယ်။ ဒါ့အပြင် အပြိုင်အဆိုင် ဖြစ်နေရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုလည်း ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo :