ကဲ ဘောလုံးဝါသနာအိုး ကွီးတို့ရေ ဒီတစ်ခေါက်တော့ ကမ္ဘာတစ်ဝန်းလုံးက ဘောလုံးပရိသတ်တွေ သည်းခြေကြိုက် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေကို စုစည်း ဖော်ပြပေးသွားပါမယ်ခင်ဗျာ။

brain deane

Photo Credit : Eurosport

အင်္ဂလန် အဆင့်မြင့်တန်း အမှတ်ပေးလိဂ်ကနေ ပရီးမီးယားလိဂ် ဆိုပြီး နာမည်ပြောင်းလဲကာ ကျင်းပမှုကို ၁၉၉၂ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ပထမဆုံးသော ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံး သွင်းဂိုးကို ရှက်ဖီးယူနိုက်တက် တိုက်စစ်ကစားသမား ဘရိုင်ယန်ဒိန်းက စတင် သွင်းယူခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်အသင်းဘက်ကို သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

premier league teams

Photo Credit : Sky Sports

ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ကလပ်အသင်းပေါင်း (၅၀)အထိ ပါဝင်ဆင်နွဲခဲ့ပြီး ဒီအသင်းတွေထဲကမှ အာဆင်နယ် ချဲလ်ဆီး အဲဗာတန် လီဗာပူးလ် မန်ယူနိုက်တက်နဲ့ တော့တင်ဟမ်စပါးတို့ (၆)သင်းသာ လုံးဝ တန်းမဆင်းတဲ့ အသင်းတွေအဖြစ် ရှိနေပါတယ်။

man utd epl champion

Photo Credit : Premier League

ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက်မှာ မန်ယူနိုက်တက်အသင်းက (၁၃)ကြိမ် ဗိုလ်စွဲခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်ထားတယ်။ သူတို့နောက်မှာတော့ မန်စီးတီးက (၆)ကြိမ် ချဲလ်ဆီးက (၅)ကြိမ် အာဆင်နယ်က (၃)ကြိမ် ဘလက်ဘန်း ၊ လက်စတာ နဲ့ လီဗာပူးလ်တို့က (၁)ကြိမ်စီ ဗိုလ်စွဲထားပါတယ်။ တစ်ရာသီအတွင်း အမှတ်အများဆုံး ရယူနိုင်ခဲ့တဲ့ ချန်ပီယံအသင်းက မန်စီးတီးဖြစ်ပြီး ၂၀၁၇/၁၈ ဘောလုံးရာသီမှာ အမှတ်(၁၀၀) ရရှိခဲ့ကာ ဒါဘီကတော့ ၂၀၀၇/၀၈ရာသီမှာ (၁၁)မှတ်ပဲ ရရှိရင်း အမှတ်အနည်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။

alan shearer

Photo Credit : Premier League

ကစားသမားတွေထဲမှာတော့ နယူးကာဆယ် ဘလက်ဘန်းအသင်းတွေမှာ ကစားခဲ့ဖူးသူ အလန်ရှီးယားက ဂိုးပေါင်း (၂၆၀) သွင်းယူပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ထားသလို ကွင်းလယ်လူကြီး ဂါရတ်ဘယ်ရီကတော့ ပရီးမီးယားလိဂ် ပွဲပေါင်း (၆၅၃)ပွဲနဲ့ ပွဲအများဆုံး ကစားထားနိုင်သူ ၊ ဂိုးသမားကြီး ပီတာချက်က clean sheets (၂၀၂)ကြိမ်နဲ့ ပရီးမီးယားလိဂ်ရဲ့ clean sheets အများဆုံး ရယူနိုင်သူ ၊ တောင်ပံကစားသမားကြီး ရိုင်ယန်ဂစ်က assists (၁၆၂)ကြိမ်နဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံးသူတွေအဖြစ် ရပ်တည်နေပါတယ်။

Featured Photo : Premier League