မန် ယူနိုက်တက် ကတော့ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဆီဗီလာကို ဧည့်ခံကစားရတဲ့ ပွဲစဉ်အတွင်း ဆာဘစ်ဇာရဲ့ ဂိုးတွေနဲ့ ဦးဆောင်ထားခဲ့ပေမယ့် နည်းပြ တန်ဟက်ဂ်ရဲ့ ဒုတိယပိုင်းအတွင်း ဆုံးဖြတ်ချက် မှားယွင်းမှုတွေကြောင့် ပွဲပြီးခါနီး ချေပဂိုးတွေ ပြန်လည် ခွင့်ပြုရင်း (၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။

manutd draw

Photo Credit : Manchester United’s Twitter

ယူနိုက်တက် က ဒီရာသီ ယူရိုပါလိဂ်မှာ စပိန်ကလပ်တွေနဲ့ တော်တော်ကို ရေစက်ဆုံနေခဲ့ရပြီး အုပ်စုအဆင့်မှာ ဆိုစီဒက် ၊ ပလေးအော့မှာ ဘာစီလိုနာ ၊ (၁၆)သင်းအဆင့်မှာ ဘက်တစ်အပြင် အခု ကွာတားမှာလည်း ဆီဗီလာနဲ့ ဆက်တိုက် တွေ့ဆုံခဲ့ရပါတယ်။ ဘာစီလိုနာ ဘက်တစ်တို့လို အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ယူနိုက်တက်က အိုးထရက်ဖို့ဒ်ကွင်းထဲ ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့အပြင် မနေ့ညက ပွဲစဉ်မှာလည်း အသင်း နောက်ခံလူများရဲ့ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းလိုက်တဲ့ ချေပဂိုးများနဲ့ သရေကျသွားခဲ့ရပါတယ်။

sabi

Photo Credit : Twitter

ပထမပိုင်းမှာ အိမ်ရှင် ယူနိုက်တက် ရဲ့ ကစားပုံ အတော် ကောင်းမွန်ပြီး ကွင်းလယ်လူ ဆာဘစ်ဇာက သွင်းဂိုး(၂)ဂိုးထိ သွင်းယူကာ ပွဲကို ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းအတွင်း ဗာရန်း ဒဏ်ရာရသွားလို့ မက်ဂွိုင်းယားကို ထည့်လိုက်ချိန်မှ ယူနိုက်တက်တို့ အကျိုးနည်းသွားခဲ့ရပါတယ်။ ဗာရန်းနေရာ မက်ဂွိုင်းယား ထည့်လိုက်ရတာက တကယ် မဖြစ်မနေ လူစားလဲရမယ့် အခြေအနေ ဆိုပေမယ့်လည်း ဒီပွဲမှာ အဝါထိသွားလို့ ဒုကျော့ ပါဝင်လို့မရတော့တဲ့ ဖာနန်ဒက်စ်ကို စောစောစီးစီး အနားပေးတာ မာလာစီယာကို လိုက်ကူနိုင်မယ့် ဆန်ချိုကို အီလန်ဂါနဲ့ လူစားလဲခဲ့တာ လူစားလဲခွင့် (၅)ကြိမ်လုံး အပြည့်အဝ သုံးစွဲလိုက်တာက ယူနိုက်တက်ကို လုံးဝ တိုင်ပတ်သွားစေခဲ့ရပါတယ်။

ten hag

Photo Credit : Marca

ဒီလို လူစားလဲမှု ပြည့်သွားခဲ့လို့ မာတီနက်ဇ် injury ဖြစ်သွားချိန်မှာ လူထပ် လဲခွင့်မရှိတော့ပဲ (၁၀)ယောက်တည်းနဲ့သာ ရင်ဆိုင်ခဲ့ရင်း ပရိသတ် အချစ်တော် မြို့တော်ဂေါင်းကြီးက သူရဲ့ထုံးစံအတိုင်း ဘုန်းတန်ခိုးနဲ့ own goal ကို လက်ဆောင်ဂိုးအဖြစ် သွင်းယူပေးလိုက်ပါတယ်။ (၂)ဂိုးပြတ် နိုင်နေပြီးမှ (၂)ဂိုးစီ သရေကျသွားခဲ့လို့ ဆီဗီးလ်မှာ ကစားမယ့် ဒုကျော့ပွဲအတွင်း မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပေမယ့် ဒီပွဲမှာ ဖာနန်ဒက်စ် ရပ်ရှ်ဖို့ဒ် လုခ်ရှော ဂနာချို မာတီနက်ဇ်တို့ ပါဝင်ဖွယ်မရှိလို့ ကံဆိုးစွာနဲ့ ထပ်ပြီး စပိန်ကုန်းသွားရနိုင်ပါတယ်။

Featured Photo : Twitter