ဒီနှစ် ဘောလုံးရာသီမှာ ဆော်ဒီ အမှတ်ပေးလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံအသင်း ဖြစ်လာခဲ့တဲ့ အယ်လ်အီတီဟတ် အသင်းဟာ သူတို့အသင်းမှာ ပြည်ပ ကစားသမားတချို့ ပါဝင်နေတယ် ဆိုပေမယ့်လည်း ဒိတ်ဒိတ်ကြဲ players ကြီးတွေ မရှိလှပဲ စပါးနည်းပြဟောင်း နူနိုဆန်းတို့စ်နဲ့အတူ ဆော်ဒီစူပါလိဂ်ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

benzema

Photo Credit : B/R Football

အခုတော့ သူတို့အသင်းဆီကို ပြင်သစ် ထိပ်သီး ကစားသမားကြီးနှစ်ဦး ရောက်ရှိလာပါတော့မယ်။ တစ်ယောက်ကတော့ done deal တောင် ဖြစ်သွားလို့ အသင်းရဲ့ ဂျာစီကို ကိုင်ပြီး official တွေပါ ဖြစ်နေပါပြီ။ သူကတော့ ကာရန် ဘန်ဇီမာပါ။ ရီးယဲလ် မက်ဒရစ်မှာ ၂၀၀၉ခုနှစ်ကနေ ၂၀၂၃ခုနှစ်ထိ နှစ်ပေါင်းများစွာ ပါဝင် ကစားပေးထားခဲ့သူ Ballon d’Or ဆုရှင်ဟောင်း ဘန်ဇီမာက ရီးယဲလ်ကနေ အယ်လ်အီတီဟတ် ကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး တစ်နှစ်လုပ်ခ ယူရို သန်း(၂၀၀)လောက်အထိတောင် ရရှိသွားမှာပဲ ဖြစ်ပါတယ်။

benzema kante

Photo Credit : 365Scores

ဘန်ဇီမာက အသက် (၃၅)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဆိုပေမယ့်လည်း ရီးယဲလ်မှာ ကစားစဉ်ကတည်းက သူရဲ့ ဂိုးသွင်းစွမ်းရည်တွေ လျော့ကျသွားခြင်း မရှိသေးတာကို မျက်ဝါးထင်ထင် မြင်တွေ့ထားခဲ့ရတာကြောင့် ဆော်ဒီလိဂ်မှာရော AFC ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဘန်ဇီမာရဲ့ လုပ်အားနှုန်းတွေကို စောင့်ကြည့်ရပါလိမ့်မယ်။ အယ်လ်အီတီဟတ် အတွက် ပိုပြီး မိုက်သွားတာကတော့ ဘန်ဇီမာတင်မကပဲ နောက်ထပ် ပြင်သစ် ကစားသမားဖြစ်သူ ကွင်းလယ်လူ အန်ဂိုလို ကန်တေပါ အသင်းဆီ ရောက်ရှိလာနိုင်တော့မယ့် အခြေအနေ ဖြစ်နေတာပါပဲ။

kante

Photo Credit : We Ain’t Got No History

ချယ်လ်ဆီး နုဲ့ ပြင်သစ် လက်ရွေးစင်အသင်းတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့သူ ကန်တေဟာ ဒီလကုန်မှာပဲ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို အသင်းက စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေချိန်မှာပဲ အယ်လ်အီတီဟတ် ကပါ ကန်တေကို ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့ရာ အခုတော့ ကန်တေက ဆော်ဒီကို သွားရောက်ဖို့ သေချာသလောက်ကို ဖြစ်သွားခဲ့ရပါပြီ။ ကန်တေအနေနဲ့ ဆော်ဒီမှာ တစ်နှစ်လုပ်ခအဖြစ် ယူရို သန်း(၁၀၀)အထိ ရရှိသွားမှာလည်း ဖြစ်ပါတယ်။