မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့ မီလန်ဒါဘီ ပွဲစဉ်မှာ ဧည့်သည် အသင်းအဖြစ် ကစားခဲ့ရတဲ့ အင်တာမီလန် အသင်းက ခါးသီး မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပါတယ်။

milan derby

Photo Credit : CNN

ဆန်စီရိုမှာ အိမ်ရှင်အသင်းအဖြစ် ဧည့်ခံ ကစားခွင့်ရရှိခဲ့တဲ့ အေစီမီလန်ဟာ အသင်းရဲ့ အဓိက ကစားသမား ရာဖေးလ် လီအို မပါဝင်လာနိုင်မှု ကွင်းလယ်လူ ဘန်နာဆာ ပထမပိုင်း မိနစ် အစောပိုင်းလောက်မှာပဲ ဒဏ်ရာရသွားမှုတွေကြောင့် ဧည့်သည် အသင်းဘက်ကို chances တွေ မကြာခဏ ခွင့်ပြုပေးခဲ့ရပါတယ်။ ပိုဆိုးသွားတာကတော့ ပွဲချိန် (၁၁)မိနစ်အတွင်းမှာပဲ ဂျက်ကို မစ်ခီတာရန်တို့ရဲ့ သွင်းဂိုး (၂)ဂိုးအထိ စောစောစီးစီး ခွင့်ပြုပေးလိုက်ရတာက အေစီမီလန်တို့ ပြန်လာဖို့ ခက်ခဲသွားစေခဲ့ရပါတယ်။

inter won

Photo Credit : NBCS

ဒီပွဲအတွင်းမှာ အင်တာဘက်က အခွင့်အရေးတွေ ထပ်ခါထပ်ခါ ရရှိခဲ့ပြီး ဂိုးသွင်း သေချာခဲ့မယ်ဆိုရင် (၄)ဂိုး (၅)ဂိုးလောက်အထိပါ ပြတ်သားသွားနိုင်မယ့် အခြေအနေမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလို အဝေးကွင်း ပွဲစဉ်အတွင်း (0-2) နဲ့ အနိုင်ရထားတာက အင်တာအတွက် စိတ်အေးလောက်စရာ ရလဒ်မျိုး ဖြစ်နေပြီး (2) goals margin က လုံလောက်မှု မရှိသေးပေမယ့်လည်းလ လက်ရှိ အေစီမီလန်ရဲ့ အနေအထားအရဆိုရင်တော့ ပြန်လာဖို့ ခက်ခဲနိုင်ပါတယ်။

inter milan

Photo Credit : Sky Sports

ဆိုတော့ လာမယ့် ဒုကျော့ ပွဲစဉ်ကို အိမ်ရှင်အဖြစ် ကစားသွားရမယ့် အင်တာမီလန် က အားသာချက် အပြည့် ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဖိုင်နယ် တက်လှမ်းဖို့ အခြေအနေ အရမ်း များသွားခဲ့တဲ့ အင်တာမီလန်တို့ ဖိုင်နယ်မှာ မန်စီးတီး ဒါမှမဟုတ် ရီးယဲလ် မက်ဒရစ်တို့ထဲက ဘယ်အသင်းနဲ့များ တွေ့ဆုံနိုင်မလဲ ၊ ၂၀၁၀ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ်ဖလားကြီးကို ပြန်လည် သိမ်းပိုက်လာနိုင်မလားဆိုတာတော့…

Featured Photo : Football365