၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ကြီးဟာ ဆိုရင်တော့ဖြင့် ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်တွေ ကျင်းပအပြီးမှာ ကွာတား ဖိုင်နယ်အဆင့်ကို ဆက်လက် ကျင်းပရမှာတော့ပဲ ဖြစ်ပါတယ်။ ကလပ်အသင်း (၈)သင်း ဆင်နွဲသွားရမယ့် ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်အသင်းတွေက ဘယ်အသင်းတွေနဲ့ ထိပ်တိုက် ဆုံတွေ့ကြမလဲဆိုတာကလည်း တကယ့်ကို စိတ်ဝင်စားစရာပါ။

3 serie a clubs

Photo Credit : B/R Twitter

ဒီနှစ်ရာသီ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ကို အင်္ဂလန်က (၄)သင်း ဂျာမနီက (၄)သင်း အီတလီက (၃)သင်း ပေါ်တူဂီက (၂)သင်း စပိန် ပြင်သစ် ဘယ်လ်ဂျီယံက (၁)သင်းစီ တတ်ရောက်ခဲ့ပြီး ကွာတား ကို အင်္ဂလန်က (၂)သင်း ဂျာမနီက (၁)သင်း ပေါ်တူဂီက (၁)သင်း စပိန်က (၁)သင်းနဲ့ အီတလီက နာပိုလီ အေစီမီလန် အင်တာမီလန် (၃)သင်းစလုံး တတ်လှမ်းသွားခဲ့ရပါတယ်။ ဒါဟာ ၂၀၀၆ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စီးရီးအေ ကလပ်အသင်း (၃)သင်းလုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ထိ အတူတူ တတ်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

qarter final

Photo Credit : Twitter

ကွာတားကို တတ်လှမ်းလာခဲ့တဲ့ အသင်းတွေထဲမှာ အားအနည်းဆုံးအသင်းဆိုပြီး ယူဆရ ခက်ခဲနိုင်ပေမယ့် ဘိုင်ယန် ရီးယဲလ် မန်စီးတီး နာပိုလီ (၄)သင်းတို့ကတော့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အလားအလာ အကောင်းဆုံး အသင်းတွေအဖြစ် သတ်မှတ်ထားလို့ရပြီး ချဲလ်ဆီးကလည်း သူတို့ရဲ့ လက်ရှိ ကစားသမား အစုအဖွဲ့အရ မထင်ထားတာတွေ လုပ်ပြနိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် မီလန်နှစ်သင်းနဲ့ ဘင်ဖီကာတို့ရဲ့ အခြေအနေတွေကလည်း စောင့်ကြည့်ချင်စရာပါ။ ဒီအသင်း(၃)သင်း ဘာတွေ ဆက်လုပ်ပြနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။

champions league 1/4 finale

Photo Credit : Twitter

ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ ကွာတား ဖိုင်နယ် ပွဲစဉ်တွေ မဲနှိုက် ရေးဆွဲတဲ့အခါ တစ်ဆက်တည်းမှာပဲ ဆီမီးဖိုင်နယ်ရော ဖိုင်နယ်အထိပါ ဆက်တိုက် ရေးဆွဲမှာ ဖြစ်တာကြောင့် အတော်လေးကို စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပြီး ဒီအဆင့်မှာ နိုင်ငံတူ အသင်းအချင်းချင်းပါ ထိပ်တိုက် တွေ့ဆုံနိုင်တာကြောင့် မီလန်ဒါဘီပွဲတို့ ချဲလ်ဆီး-မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် မကျေပွဲတွေအထိပါ ရှုစားလာရနိုင်ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုတော့ သင်္ကြန်အခါသမယဖြစ်သော တန်ခူးလ(ဧပြီလထဲ)တွင် ကျင်းပမှာဖြစ်ပြီး ပထမအကျော့က ဧပြီ(၁၁/၁၂) ဒုတိယအကျော့က ဧပြီ(၁၈/၁၉)ရက်တွေပဲ ဖြစ်ပါတယ်။

Featured Photo : B/R Twitter