ဘာဟူဘာလီ နဲ့ ယှဥ်ပြိုင် တဲ့အခါ ကွီးတို့ နိုင်ချင်တယ်ဆိုရင်တော့ ဘာဟူဘာလီလိုမျိုး ကြွက်သားတွေနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ် ရရှိပိုင်ဆိုင်နိုင်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ကြွက်သားများနှင့် တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ် ရရှိဖို့ကလည်း မခက်ပါဘူး။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်တဲ့ စိတ်ဓာတ်မျိုး လိုအပ်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ဖို့ ပျင်းရိနေမယ်ဆိုရင်တော့ ဘာဟူဘာလီ နဲ့ ယှဥ်ပြိုင် ဖို့ နေနေသာသာ သူ့ရဲ့ ခြေဖဝါးတောင် မှီနိုင်မှာမဟုတ်ပါဘူး။
လေ့ကျင့်ခန်း (၁)
Source: Menshealth
ပထမဦးဆုံး ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Squat ထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပုံထဲကအတိုင်း အလေးတုံးဖြင့် Squat ထိုင်နိုင်သလို ကိရိယာမဲ့ Squat ထိုင်လို့လည်း ရပါတယ်။
စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ Squat ထိုင်ရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Pinterest
ဒုတိယ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Deadlifts လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ပုံတွင် ပြထားသည့်အတိုင်း ဒူးခေါင်းအနည်းငယ် ကွေးညွှတ်ကာ အလေးတုံး အသုံးပြုပြီး Deadlifts လေ့ကျင့်ခန်းကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
စုစုပေါင်း ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
Source: Quora
လက်နှစ်ဖက်ကို ခုံပေါ်မှာ နောက်ပြန်ပစ်ထားကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို နိမ့်ချည် မြင့်ချည် ပြုလုပ်ကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Menshealth
ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ကို ဘာဟူဘာလီ နဲ့ ယှဥ်ပြိုင် ဖြစ်ခဲ့ရင် ကွီးတို့ကို အနိုင်ရအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ လက်မောင်းကြွက်သားကို သန်မာလာစေမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Tenor
အရင်ဦးဆုံး ခုံတန်းရှည်ပေါ်မှာ လှဲလျောင်းနေလိုက်ပါ။ လက်နှစ်ဖက်က အလေးတန်းကို စုပြီး ကိုင်ထားရပါမယ်။ ထို့နောက် အလေးတန်းကို အပေါ်သို့ ပင့်တင်လိုက်၊ ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၆)
Source: Menshealth
ခြေထောက်နှစ်ဖက်ကို စုထားကာ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားလိုက်ပါ။ ထို့နောက် တံတောင်ကို ဆန့်တန်းကာ အလေးတုံးကို အပေါ်သို့ ပင့်တင်လိုက် အောက်ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၇)
Source: Menshealth
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ ဒူးနှစ်ဖက်ကို ကွေးထားလိုက်ပါ။ ခန္ဓာကိုယ် အပေါ်ပိုင်းကိုလည်း အရှေ့သို့ ကွေးထားလိုက်ပါ။ ထို့နောက် ညာလက်ဖြင့် အလေးတုံးကို ဆွဲမပါ။ တစ်ဖန် ဘယ်လက်ဖြင့် အလေးတုံးကို ဆွဲမပါ။ ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းတွေကိုသာ မှန်မှန်လုပ်ရင် ကွီးတို့ ဘာဟူဘာလီ နဲ့ ယှဥ်ပြိုင် ဖြစ်ခဲ့ရင် အနိုင်ရမယ်ဆိုတာ အသေအချာပါပဲ။
Source: Muscleandstrength
Featured Image: Freepik