မိအေး နှစ်ခါဆိုတဲ့ စကားပုံကို လူတိုင်းသိကြမှာပါ။ ကြားဖူးကြားဖူးပါလိမ့်မယ်။ အခုကတော့ ရိုးမား အသင်း သုံးခါနာလို့တောင် ပြောရပါတော့မယ်။ တန်းဆင်းဇုန်းထဲ ရောက်နေတဲ့ အသင်းကိုမှ အရှုံးပေးခဲ့ရတဲ့ စီးရီးအေပွဲမှာ နည်းပြကြီး မော်ရင်ဟိုပါ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို အဲ့ဒီအသင်းကိုပဲ ကိုပါအီတလီယာဘက်မှာလည်း ရှုံးထားခဲ့ပြန်တာကြောင့် ရိုးမားသုံးခါနာလို့ ဆိုရမလို့တောင် ဖြစ်နေပါပြီ။

dybala

Photo Credit : Football Italia

ရိုးမားတို့ ရင်ဆိုင်ခဲ့ရတဲ့ ခရီမိုနီဆေးအသင်းဟာ ရိုးမား နဲ့ပွဲမတိုင်ခင်မှာ (၉)မှတ်သာ စုဆောင်းထားနိုင်တဲ့ ကလပ်အသင်းဖြစ်ပြီး အဲ့ဒီ(၉)မှတ်လုံးကိုလည်း သရေပွဲတွေဆီကနေ (၁)မှတ်စီ ရရှိထားတာဖြစ်ကာ စီးရီးအေနိုင်ပွဲ လုံးဝ မရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီလိုအသင်းကိုမှ ရိုးမားလို ထိပ်တန်းကစားသမားတွေနဲ့ ထိပ်တန်း နည်းပြတို့နဲ့ ဖွဲ့စည်းထားတဲ့ အသင်းက အဝေးကွင်းမှာ (၂-၁)ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရကာ ခရီမိုနီဆေးအတွက်ကိုလည်း ပထမဆုံးသော စီးရီးအေနိုင်ပွဲပါ လက်ဆောင်ပေးသွားခဲ့ပါတယ်။

RomaPress | Jose Mourinho reacts to Roma's 2-1 defeat to Cremonese

Photo Credit : Roma Press

ဒီရှုံးပွဲဟာ ရိုးမားအသင်းသားတွေသာမက ရိုးမား ပရိသတ်တွေနဲ့ ရိုးမားကို ပုံအော အားပေးသူတွေအတွက်ပါ လုံးဝကို လက်မခံနိုင်စရာ ရလဒ်မျိုးဖြစ်ပြီး အတော်လေး ဒေါသထွက်စရာ ရလဒ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ စီးရီးအေမှာ တိုင်ပတ်နေတဲ့ တန်းတတ် ကလပ်အသင်းကိုမှ အခုလို အရှုံးပေးရခဲ့တဲ့အပြင် နည်းပြ မော်ရင်ဟိုပါ ရိုးမားနည်းပြဘဝရဲ့ တတိယမြောက် အနီကတ်ပါ ပြသခံလိုက်ရလို့ ရိုးမားတို့ မိအေးနှစ်ခါနာခဲ့ရပါတယ်။

roma

Photo Credit : II Messaggero

ဒီ ခရီမိုနီဆေးအသင်းက ဒီရာသီမှာ ရိုးမားအသင်းကို ဒုက္ခပေးနေတဲ့ အသင်းဖြစ်ပြီး အခု စီးရီးအေပွဲမတိုင်ခင် ရိုးမားရဲ့ Stadio Olimpico ကွင်းကြီးအတွင်း ရိုးမားနဲ့ ကိုပါအီတလီယာပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲခဲ့ရာမှာလည်း (၁-၂)ဆိုတဲ့ ရလဒ်နဲ့ပဲ အနိုင်ယူကာ ဆီမီးဖိုင်နယ်အထိ တတ်လှမ်းသွားခဲ့ပါတယ်။ တကယ်လို့ ရိုးမားက ခရီမိုနီဆေးကိုသာ အနိုင်ယူခဲ့မယ်ဆိုရင် ဆီမီးကို တတ်လှမ်းနိုင်မှာဖြစ်ပြီး ဆီမီးမှာလည်း ဖီအိုရင်တီးနားနဲ့ တွေ့ဆုံမှာဖြစ်လို့ ဆီမီးကိုပါ ထပ်မံ ကျော်ဖြတ်နိုင်မဲ့ အလားအလာရော ဗိုလ်စွဲနိုင်မဲ့ အလားအလာပါ ရှိနေတဲ့အတွက် မိအေးသုံးခါနာသွားခဲ့ရပြန်ပါတယ်။ အခုလည်း ရိုးမား ဟာ အဝေးကွင်းတွေမှာ လက်ချီကို သရေ ခရီမိုနီဆေးကို ရှံးထားခဲ့ပြီး အမှတ်တွေ waste ဖြစ်ထားခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် top 4 နေရာအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

Featured Photo : Daily Mail