Stylus Pen ပါတဲ့ Realme ရဲ့ ပထမဆုံး 5G တက်ဘလက်ကို လာမယ့် မေလ ၂၆ ရက်နေ့ တရုတ်ဈေးကွက်မှာ ဖြန့်ချိသွားမှာပါ။ Realme ရဲ့ ပရီမီယံထုတ်ကုန်ဖြစ်လာမယ့် Pad X ဟာ ဆွဲဆောင်မှုရှိတဲ့ အစိမ်းရောင် ဖန်စီဒီဇိုင်းနဲ့လာပြီး Weibo လူမှုကွန်ရက်ပေါ်မှာတော့ အပြာ ၊ မီးခိုးရောင်နှစ်မျိုးလည်း ထပ်ထွက်လာဖို့ ရှိမယ်လို့လည်း ဆိုပါတယ်။ Realme Pad X ဟာ ပါးလွှာတဲ့ Bezel ဘောင် ၊ သားနားသပ်ရပ်တဲ့ လေးထောင့်စပ်စပ် Flat Edge ဒီဇိုင်းမျိုး သုံးလာမှာ ဖြစ်ပါတယ်။

Photo: pandaily
ဒီဇိုင်းပိုင်းမှာ Realme Pad Xဟာ အန်းဒရိုက်ထုတ်ကုန်တွေထဲမှာ အလှဆုံးတန်းဝင် ဖြစ်နိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ Realme Pad Xဟာ 5G ကွန်ရက်ချိတ်ဆက်မှု ပါတဲ့ Snapdragon 870 Chipset သုံးလာမယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုရန်းပုံကင်မရာအိမ်နဲ့ သုံးပြီး ပုံထဲမှာတော့ ကင်မရာ Lens တစ်လုံးပဲ တွေ့ရပါတယ်။
Pad X ရဲ့ရှေ့ကင်မရာဟာ တက်ဘလက်ညာဘေးဘောင် Bezel မှာ တပ်ဆင်ထားပြီး ကင်မရာအကြောင်း အချက်အလက်တွေတော့ တရားဝင်မိတ်ဆက်ပွဲရောက်မှ သိရဖို့ ရှိပါတယ်။ တက်ဘလက်မှာ သုံးတဲ့ Display ဟာ 120Hz Refresh Rate ပါ QHD+ Display အမျိုးအစား ဖြစ်ပြီး Screen Size တော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဘက်ထရီကိုလည်း အကြီးစားပါဝါ သုံးလာမယ်လို့ ဆိုပါတယ်။
Photo : Lowyat.NET
တရားဝင်ထွက်လာတဲ့ Realme Pad Xပုံတွေအရ ပုံမှန်ခဲတံနဲ့ ခပ်ဆင်ဆင် အဖြူရောင် Stylus တစ်ခုပါ တစ်ခါတည်းပါလာဖို့ ရှိပါတယ်။ ဈေးနှုန်းနဲ့ ထုတ်ကုန်အကြောင်း အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့်အပတ် တရားဝင်မိတ်ဆက်ပွဲမှာ သိရတော့မှာ ဖြစ်ပါတယ်။
Featured Photo : NotebookCheck.net

