ဒီနေ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ မွီးတွေရဲ့ ဘောလုံးပြိုင်ပွဲကြီးတစ်ခု ရှိနေကြောင်း ကွီးတို့ကို သတင်းကောင်းပါးချင်ပါတယ်။ နယ်နယ်ရရပွဲတော့ မဟုတ်ဘူးနော်။ ဥရောပ ချန်ပီယံ အင်္ဂလန် မွီးအသင်း နဲ့ တောင်အမေရိက ချန်ပီယံ ဘရာဇီးလ် မွီးအသင်းတို့ရဲ့ 2023 Women’s Finalissima ပြိုင်ပွဲဖြစ်ပြီး ဒီနေ့ည (၁)နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ် ကွီးတို့ရေ။

Men's Finalissima

Photo Credit : FC Soccer’s Twitter

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်တုန်းကတော့ Men’s Finalissima ပြိုင်ပွဲကို နှစ်ပေါင်း(၃၀)လောက်အကြာမှ ပြန်လည် ကျင်းပဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက ဥရောပ ချန်ပီယံ အီတလီအသင်းနဲ့ ကိုပါအမေရိက(တောင်အမေရိက) ချန်ပီယံ အာဂျင်တီးနားအသင်းတို့ ဆုံတွေ့ခဲ့ကြရာ အာဂျင်တီးနားအသင်းက (၃)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာ ကွီးတို့ မှတ်မိကြမယ် ထင်ပါတယ်။ အဲ့ဒီနှစ် မတိုင်ခင်ကတည်းက Men’s Finalissima ပြိုင်ပွဲကို ၁၉၈၅ခုနှစ်နဲ့ ၁၉၉၃ခုနှစ်တွေအတွင်း ကျင်းပခဲ့ဖူးပြီး ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ ချန်ပီယံ ဖြစ်ခဲ့လို့ အာဂျင်တီးနားက ဒီပြိုင်ပွဲရဲ့ ဆရာကြီး ဖြစ်နေရတာပါ။

2023 Women's Finalissima

Photo Credit : Sky Sports

ကဲ ထားပါ။ ကွီးတွေအကြောင်း ပြောထားတာ များသွားပြီဆိုတော့ မွီးတို့ဘက်ကို လှည့်လိုက်ရအောင်။ မွီးအသင်း တွေအတွက်ကတော့ အခုလို ဥရောပ-တောင်အမေရိက ချန်ပီယံလုပွဲကို လုံးဝ ကျင်းပခဲ့ဖူးခြင်း မရှိသေးပဲ ဒီတစ်ကြိမ်မှသာ ပထမဆုံးအဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ အင်္ဂလန်ရဲ့ ဝင်ဘာလေကွင်းမှာ ကျင်းပမှာဖြစ်ပြီး ယူရို-၂၀၂၀တုန်းက ဂျာမနီ မွီးအသင်းကို အနိုင်ယူပြီး ဗိုလ်စွဲထားခဲ့တဲ့ အင်္ဂလန် မွီးအသင်းနဲ့ ၂၀၂၂ခုနှစ် ကိုပါအမေရိကရဲ့ ချန်ပီယံလည်းဖြစ် ကိုပါအမေရိကရဲ့ အအောင်မြင်ဆုံး အသင်းလည်းဖြစ်တဲ့ ဘရာဇီးလ် မွီးအသင်းတို့ ရင်ဆိုင် တွေ့ဆုံမှာပဲ ဖြစ်ပါတယ်။

FIFA Women's World Cup 2023

Photo Credit : FIFA

တစ်လက်စတည်း မွီးတွေရဲ့ ဘောလုံးပြိုင်ပွဲတွေနဲ့ ပတ်သတ်ပြီး ဘောလုံးဝါသနာရှင် ကွီးတို့ မွီးတို့ကို အသိပေးချင်တာက ဒီ ၂၀၂၃ထဲမှာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းသွားဖို့ ရှိနေတယ်ဆိုတာကိုပါ။ ၂၀၂၃ မွီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ သြစတြေးလျနဲ့ နယူးဇီလန်တို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာဖြစ်ပြီး ဇူလိုင်(၂၀)ကနေ သြဂုတ်(၂၀)အထိ ကျင်းပမှာ ဖြစ်ပါတယ်။

Featured Photo : Women’s Finalissima’s Twitter