မနေ့ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ The Best FIFA Football Awards 2022 ဆုပေးပွဲကြီးကို တခမ်းတနား ကျင်းပသွားခဲ့ရာ GOAT ကြီး လီယွန်နယ် မက်ဆီ နဲ့ ၂၀၂၂ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား သားတွေ အောင်ပွဲခံသွားခဲ့ရပါတယ်။

martinez

Photo Credit : Twitter

ဆုပေးပွဲကို မြန်မာစံတော်ချိန် မနက်အစောပိုင်း (၂)နာရီခွဲအချိန်မှာ စတင်ကျင်းပခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို ချီးမြှင့်ခဲ့ရာ အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်စေခဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဂိုးသမား အယ်လ်မီမာတီနက်ဇ်က ပိုင်ဆိုင်သွားခဲ့ရပါတယ်။

scaloni

Photo Credit : Twitter

ဆက်လက်ပြီး နည်းပြဆုကို ချီးမြှင့်ခဲ့ရာမှာလည်း အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ရှုံးပွဲ ကြုံတွေ့ခဲ့ရသည့်တိုင် နောက်ပိုင်းပွဲတွေအတွင်း အကောင်းဆုံး ကိုင်တွယ်ပေးခဲ့ရင်းနဲ့ ၁၉၈၆ခုနှစ် နောက်ပိုင်းကတည်းက အလှမ်းဝေးနေခဲ့ရတဲ့ ကမ္ဘာ့ဖလားကြီးကို အရ ယူဆောင်ပေးခဲ့သူ နည်းပြစကာလိုနီက အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

FIFA FIFPRO Men's World 11

Photo Credit : Twitter

နေရာအလိုက် အကောင်းဆုံး ကစားသမား(၁၁)ယောက်စာရင်းကို ရွေးချယ်ရာမှာတော့ ၃-၃-၄ ကစားကွက်နဲ့ ရွေးချယ်သွားခဲ့ပြီး ဂိုးသမားနေရာမှာ ကော်တိုရစ် ခံစစ်မှာ ဟာခီမီ ဗန်ဒိုက် ကန်ဆယ်လို ကွင်းလယ်မှာ ဒီဘရိုင်းနား မိုဒရစ် ကက်စီမံဲရိုးနဲ့ တိုက်စစ်ပိုင်းမှာတော့ မက်ဆီ ဘာပေ ဘန်ဇီမာ ဟာလန်းတို့ကို ရွေးချယ်သွားခဲ့ပါတယ်။

leo messi

Photo Credit : Twitter

The Best FIFA Men’s Player 2022 အကောင်းဆုံး ကစားသမားဆုကိုတော့ ၂၀၂၂ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား အသင်းရဲ့ GOAT ကြီး မက်ဆီ က ဒုတိယအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ပါတယ်။ The Best FIFA Football Awards ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စတင် ကျင်းပလာချိန်ကတည်းက မက်ဆီဟာ ၂၀၁၈ တစ်နှစ်တည်းသာ Top 3 list မှာ မပါဝင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉နဲ့ ၂၀၂၂ခုနှစ်တွေမှာတော့ အကောင်းဆုံး ကစားသမားတွေကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

Featured Photo : Twitter