ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေအတွက် မဲနှိုက်ရေးဆွဲမှုတွေ အပြီးမှာ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်တွေ များစွာ ပါဝင်လာခဲ့ရပြီး အဲ့ဒီထဲကမှ ရီးယဲလ် မက်ဒရစ်အသင်း နဲ့ ချဲလ်ဆီး အသင်းတို့က (၃)ရာသီဆက်တိုက်အထိ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် ထပ်မံ ဆုံတွေ့နေခဲ့ရပါတယ်။
Photo Credit : SuperSports
ရီးယဲလ်နဲ့ ချဲလ်ဆီး အသင်းတို့ဟာ ဥရောပ ပြိုင်ပွဲတွေအတွင်း ၁၉၇၁ခုနှစ်မှာ စတင် တွေ့ဆုံခဲ့တာဖြစ်ပြီး ၁၉၉၈ခုနှစ်မှာလည်း ထပ်မံ တွေ့ဆုံဖြစ်ကာ အဲ့ဒီနောက်မှာတော့ ၂၀၂၁ခုနှစ်မှပဲ ပြန်လည် ထိပ်တိုက် တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ ၂၀၂၁-၂၀၂၁ ၊ ၂၀၂၁-၂၀၂၂ နဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ (၃)ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်တွေမှာပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနေခဲ့တဲ့ ရီးယဲလ် နဲ့ ချဲလ်ဆီးတို့ဟာ ချန်ပီယံလိဂ်မှာ အတော်လေး ရေစက်ဆုံနေကြသလို ဖြစ်နေရပြီး ၂၀၂၁-၂၀၂၂ မှာ ချဲလ်ဆီး နဲ့ ၂၀၂၁-၂၀၂၂ မှာ ရီးယဲလ်တို့က တစ်ကြိမ်စီ အနိုင်ယူ ကျော်ဖြတ်နိုင်ကြရင်း ထူးထူးခြားခြား တစ်သင်းက တစ်သင်းကို ကျော်ဖြတ်နိုင်တဲ့ ရာသီမှာ ချန်ပီယံဆုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။
Photo Credit : Chelsea Football Club
ဒါကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုကနေ ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ ပိုမို စိတ်ဝင်စားဖို့ကောင်းတာက ရီးယဲလ်ရဲ့ မက်ဒရစ်မြေမှာ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဥရောပပွဲစဉ်တွေအတွင်း ရီးယဲလ်က ပွဲချိန်အတွင်းမှာ ချဲလ်ဆီးကို တစ်ကြိမ်တစ်ခါမှ အနိုင်မယူဖူးသေးတဲ့ အချက်ပါပဲ။ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု စုစုပေါင်း (၇)ပွဲအထိ ရှိထားရာမှာလည်း ချဲလ်ဆီး အသင်းက (၄)ပွဲနိုင် (၁)ပွဲသရေကျပြီး ရီးယဲလ် ကတော့ (၁)ပွဲတည်းသာ အနိုင်ရထားခဲ့ပါတယ်။ Head-to-Head ရလဒ်တွေအရ ချဲလ်ဆီးက သာတယ်လို့ ဆိုနိုင်ပေမယ့် ဒီရာသီ နှစ်သင်းလုံးရဲ့ form အရတော့ ရီးယဲလ်က အသာရနေပါတယ်။ ဒါပေမယ့် ဘာနေဗျူးမှာ ရင်ဆိုင်ရမယ့် (၃)ကြိမ်မြောက် ပွဲစဉ်အတွင်းမှာတော့ ဘယ်အသင်းက အသာရသွားနိုင်မလဲဆိုတာ အဖြေရှာရခက်စေနိုင်ပါတယ်။ ကွီးတို့ရော ဘယ်အသင်း ရလဒ်ကောင်းမယ်လို့ ထင်မိပါသလဲ?
Featured Photo : The Sun