ပီအက်စ်ဂျီအသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ပတ်ဒရို ပေါ်လက်တာက ပီအက်စ်ဂျီ ကြယ်ပွင့် ကစားသမား ကီလီယန် အမ်ဘာပေ ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တယ်လို့ မှတ်ချက်ပြု သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

mbappe

Photo Credit : Foot Mercato

အသက်(၂၄)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ လက်ရှိမှာ ပီအက်စ်ဂျီ အသင်းအတွက် ဂိုး(၂၀၀) သွင်းယူထားပြီး အသင်းရဲ့ သွင်းဂိုးအများဆုံး သွင်းယူထားကြသူများစာရင်း ထိပ်ဆုံးနေရာမှာ ကစားသမားဟောင်းကြီး ကာဗာနီနဲ့အတူ ပူးတွဲ ရပ်တည်လို့နေပါတယ်။ မကြာခင်မှာပဲ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးအဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်လာနိုင်တော့မဲ့ ဘာပေဟာ သူလိုချင်တဲ့ အောင်မြင်မှုတွေကို အကန့်အသတ် ရယူနိုင်မဲ့ ကစားသမားမျိုးလို့ ပေါ်လက်တာက ချီးကျူးသွားခဲ့ပါတယ်။

mbappe pauleta

Photo Credit : Record

ဘာပေနဲ့ ပတ်သတ်ပြီး ပေါ်လက်တာက “သူရဲ့သမိုင်းကြောင်းအပေါ် အမှတ်အသားပြုမဲ့ ဖြစ်စဉ်တစ်ခုကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သူက လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ကီလီယန်က စံချိန် မှတ်တမ်းတွေအားလုံးကိုလည်း ရိုက်ချိုးနိုင်ပြီး မက်ဆီ ရော်နယ်လ်ဒိုတို့ရဲ့ လမ်းကြောင်းအတိုင်းကို လိုက်နိုင်မှာ သေချာပါတယ်။ သူက တကယ့်ကို အံ့မခန်းပါပဲ” လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။
Mbappe

Photo Credit : PSG Talk

ပေါ်တူဂီလက်ရွေးစင် ကစားသမားဟောင်းကြီး ပေါ်လက်တာက ဘာပေရဲ့ စွမ်းဆောင်ရည်တွေကို အတော်လေး သဘောကျလို့နေပြီး ဘာပေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သူရဲ့ လျင်မြန်ဖျတ်လတ်မှုတွေကြောင့် “The Azores Eagle” လို့ပါ နာမည်ပြောင်ပေးထားတဲ့အထိ သဘောကျနေပါတယ်။ ဘာပေဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၂၉)ပွဲ ပါဝင်ကစားထားခဲ့ရာ (၂၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး (၇)ဂိုး ဖန်တီးထားခဲ့သလို ပြင်သစ်လီဂူးဘက်မှာလည်း (၂၁)ပွဲ ကစားကာ (၁၇)ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။ မိနစ်(၈၀) အတွင်းမှာ ဂိုး(၁)ဂိုး သွင်းယူနိုင်တဲ့ အခြေအနေ (၁)ပွဲ (၁)ဂိုးလောက် သွင်းယူနိုင်တဲ့ အနေအထားလောက်အထိ စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ဘာပေက လက်ကျန်ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ဘာတွေ ထပ်ပြီး လုပ်ပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါမယ်။

Featured Photo : Goal