ပြင်သစ်ကြယ်ပွင့် ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား ကီလီယန် အမ် ဘာပေ က သူ့အနေနဲ့ စီးရီးအေ က ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ခွင့် ရရှိမယ်ဆိုရင် သူ ပြောင်းရွှေ့ချင်တဲ့ စီးရီးအေကလပ်က အေစီမီလန်အသင်း တစ်သင်းတည်းသာ ရှိတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

mbappe

Photo Credit : Goal

ဘာပေ က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ FIFA Best Ceremony ဆုပေးပွဲအတွင်းမှာ စီးရီးအေ ပြိုင်ပွဲဆီ ပြောင်းရွှေ့ဖို့ ရှိမရှိ မေးမြန်းလာခဲ့ရာ “ကျွန်တော်သာ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ အဲ့ဒါက အေစီမီလန်ပါပဲ။ မီလန်နဲ့ ကျွန်တော်ရဲ့ ဆက်နွယ်မှုက ထူးခြားပါတယ်။ ကလေးဘဝတုန်းက ကျွန်တော့်မှာ အီတလီ ကလေးထိန်းတစ်ဦး ရှိခဲ့ပြီးတော့ သူမတို့ မိသားစုတွေက မီလန်ပရိသတ်တွေ ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်က သူတို့ မိသားစုတွေနဲ့ အချိန်များစွာ ကုန်ဆုံးခဲ့ပြီး မီလန်ပွဲတွေကိုလည်း အများကြီး ကြည့်ခဲ့ရတယ်။ မီလန်ကိုလည်း အားပေးခဲ့ရလို့ သူတို့ကို ကျေးဇူးတင်မိပါတယ်” လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။

mbappe milan

Photo Credit : Goal

ဘာပေဟာ ငယ်ရွယ်စဉ်တုန်းက မီလန်ဂျာစီ ဝတ်ဆင်ပြီး အင်တာဗျူးတစ်ခုမှာ ဓါတ်ပုံရိုက်ကူးထားခဲ့သေးပြီး ဒါက သူ ငယ်စဉ်က မီလန်အသင်းအပေါ် ဘယ်လောက်အထိ အားပေးခဲ့သလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဘာပေဟာ ဒီနှစ်ဘောလုံးရာသီ မစတင်ခင်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပြီး ၂၀၂၄ခုနှစ် မရောက်ရှိခင်မှာလည်း နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်နဲ့ပါ သက်တမ်းတိုးထားခဲ့လို့ ဘာပေ အနေနဲ့ ဒီအချိန်ကာလအတွင်းမှာ အသင်းပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေ နည်းပါးသလို အေစီမီလန်လို အသင်းမျိုးဆီ ရောက်ရှိနိုင်ဖို့ဆိုတာကလည်း ပိုပြီးတော့ကို ဖြစ်နိုင်ခြေ နည်းပါတယ်။
mbappe

Photo Credit : Goal

အသက်(၂၄)နှစ်အရွယ်ရှိ ပြင်သစ်ကြယ်ပွင့် ကစားသမား ဘာပေဟာ The Best FIFA Football Awards 2022 ဆုပေးပွဲမှာ ဒုတိယဆုကို ပိုင်ဆိုင်ခဲ့သလို FIFA FIFPro Men’s World 11 နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ယောက်စာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါသေးတယ်။

Featured Photo : Goal