နာပိုလီအသင်းရဲ့ တောင်ကိုရီးယား ဗဟို ခံစစ် ကစားသမား ကင်မင်ဂျေး ဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်လှစ်ခင်ကတည်းက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်ထားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိဖို့က အခြေအနေ အရမ်းများနေပါတယ်။

kim min jae napoli

Photo Credit : Youtube

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဖီနာဘာချီကနေ နာပိုလီဆီ ရောက်ရှိလာခဲ့ပြီး ကူလီဘလီနေရာကို တိုက်ရိုက် အစားဝင်ခဲ့သူ ကင်မင်ဂျေး ဟာ သူရဲ့ ပထမဆုံး စီးရီးအေ ကစားသမားဘဝ တာအထွက်မှာပဲ နာပိုလီအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ရင်း အသင်းနဲ့ပါ စီးရီးအေ ချန်ပီယံဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီ တောင်ကိုရီးယား ခံစစ်မှူးကို ဥရောပ ကလပ်အသင်းတွေက စတင် စိတ်ဝင်စားလာခဲ့ရာ မန်ယူနိုက်တက်အသင်းနဲ့ သတင်း ပိုအထွက်ဆုံး ဖြစ်လာခဲ့ရပါတယ်။

kim min jae

Photo Credit : Football365

သတင်းတွေမှာတော့ ကင်မင်ဂျေးဟာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း ယူနိုက်တက်ဟာလည်း ကင်မင်ဂျေးနဲ့ personal agreed ရယူထားနိုင်ပြီဖြစ်ကြောင်း နဲ့ ကင်မင်ဂျေး ကိုယ်တိုင်ကလည်း မန်ချက်စတာမြို့ထဲမှာ နေစရာအိမ် ရှာဖွေနေကြောင်း အစုံပလုံ ဖော်ပြလာခဲ့ပေမယ့်လည်း အခုတော့ ကင်မင်ဂျေးဟာ ဘွန်ဒက်စ်လီဂါရဲ့ ပြိုင်ဘက်ကင်း ဘီလူးကြီး ဘိုင်ယန်ဆီကို ပြောင်းရွှေ့ဖို့က တော်တော်လေး နီးစပ်နေရပြီပဲ ဖြစ်ပါတယ်။

kim min jae bayern

Photo Credit : Youtube

ယူနိုက်တက်က ခံစစ်ပိုင်းထက် ကွင်းလယ်ပိုင်း နဲ့ တိုက်စစ်ပိုင်းအတွက်ကိုပဲ ဦးစားပေး ပစ်မှတ်ထားနေရတာဖြစ်လို့ ကစားသမားကိုယ်တိုင် အသင်းနဲ့ ပူးပေါင်းချင်နေတာတောင် ကမ်းလှမ်းမှု မပြုလုပ်ထားသေးတာကြောင့် အခုလို ဘိုင်ယန်ဆီ ရောက်ရှိဖို့ နီးစပ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က ကင်မင်ဂျေး ထက် ချယ်လ်ဆီး အကယ်ဒမီထွက် မေဆန်မောင့်ကိုသာ အာရုံစိုက်နေတာဖြစ်ပြီး ကနဦး ကမ်းလှမ်းမှု ပယ်ချထားခံရခြင်းအပေါ် နောက်ထပ် ကမ်းလှမ်းချက်တွေ ထပ်မံ လုပ်ဆောင်သွားဖို့ လုပ်ဆောင်လျက် ရှိနေပါတယ်။

Featured Photo : Transfermarket