မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်စေခဲ့တဲ့ အိမ်ရှင် ချဲလ်ဆီးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးက ရာဟင်စတာလင် ကိုင်ဟာဗက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဒေါ့မွန်ကို အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၂-၁)နဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ရပါတယ်။

sterling

Photo Credit : B/R Twitter

 ချဲလ်ဆီးအသင်းဟာ ဂျာမန်မြေမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဥ်အတွင်း (၁-၀)နဲ့ ရှုံးနိမ့်ထားတာကြောင့် အခု ဒုကျော့မှာ မဖြစ်မနေ ပြန်လာနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာကတည်းက ချဲလ်ဆီးရဲ့ တိုက်စစ် ထိုးဖောက်မှုတွေ ထိရောက်ခဲ့ပြီး ပွဲချိန် (၄၃)မိနစ်မှာပဲ စတာလင်က ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို စတင် သွင်းယူလာနိုင်ခဲ့ပါတယ်။

kai

Photo Credit : B/R Twitter

ဒုတိယပိုင်းမှာလည်း ဒေါ့မွန် ခံစစ်ကစားသမား ဝုလ်ဖ်ရဲ့ handball ကြောင့် ချဲလ်ဆီးက ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ရင်း ဟာဗက်ဇ်က ပင်နယ်တီ ကန်သွင်းရာ ဂိုးမဝင်ခဲ့ပေမယ့် ဒေါ့မွန် ကစားသမားတွေက ပင်နယ်တီ မကန်သွင်းခင် ဧရိယာထဲ ဝင်ရောက်မှု ရှိခဲ့တာကြောင့် ပင်နယ်တီ ထပ်ကန်ခိုင်းရာမှာတော့ ဟာဗက်ဇ် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးရသွားချိန်မှာတော့ ဒေါ့မွန်ဘက်က တိုက်စစ် ပိုမို လိုက်ပါလာခဲ့ပေမယ့် ချဲလ်ဆီးက အမှားကင်းအောင် ကစားသွားနိုင်ခဲ့လို့ ကွာတားဖိုင်နယ်ဆီ တတ်လှမ်းခွင့် ရသွားခဲ့ရပါတယ်။

chelsea beats dortmund

Photo Credit : Chelsea’s Twitter

ပရီးမီးယားလိဂ်မှာ အဆင့် (၁၀)ကို ရောက်ရှိနေတယ် ဆိုပေမယ့် ချန်ပီယံလိဂ်မှာ ဒေါ့မွန်လို ၂၀၂၃ခုနှစ်ထဲ ရာနှုန်းပြည့် နိုင်ပွဲတွေ ရရှိထားတဲ့ အသင်းကိုမှ (၂)ဂိုးပြတ်နဲ့ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တာက အသင်းအတွက် ယုံကြည်မှုကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ အသင်းရဲ့ ခြေစွမ်းပိုင်းက သိပ်အကောင်းကြီး မဟုတ်သေးပေမယ့် မဖြစ်မနေ အနိုင်ယူရမယ့် ပွဲကို အနိုင်ကစားလာနိုင်ခဲ့တဲ့ အပြာရောင် လန်ဒန်တပ်သား တွေ တကယ်ကို ပြန်လာနိုင်ပြီလားဆိုတာ…

Featured Photo : Chelsea’s Twitter