လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ လေ့ကျင့်ခန်း အကုန်လုံးက ခန္ဓာကိုယ်အတွက် အကျိုးပြုပါတယ်။ အပြေးလေ့ကျင့်ခန်း ကတော့ လူတိုင်း အသက်အရွယ်မရွေး လုပ်လို့ရတဲ့ပြင် Gym သွားစရာမလိုဘဲ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ အကျိုးများတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ အတွက် အပြေးလေ့ကျင့်ခန်း ကို အခုပဲ စတင်သင့်တဲ့ အကြောင်းရင်း ၅ ချက် ကို ဖော်ပြပေးချင်ပါတယ်။

ပြေးခြင်းက ကွီးတို့ကိုပျော်ရွှင်စေပါတယ်

အပြေးလေ့ကျင့်ခန်း စတင်သင့်တဲ့

Photo : Runner’s World

ကွီးတို့အနေနဲ့ အကွာအဝေးတော်တော်များများကို ပြေးပြီးတဲ့အခါ ကိုယ်ပြေးခဲ့တဲ့ အကွာအဝေးကို ပြန်ကြည့်ပြီး စိတ်လှုပ်ရှားမှု ခံစားရမှာပါ။ လေ့ကျင့်ခန်းလုပ်ခြင်း အထူးသဖြင့် ပြေးခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်းရှိ Endorphin များကို ထုတ်လွှတ်တာကြောင့် ပျော်ရွှင်မှုကို ခံစားရစေပါတယ်။ ထို့အပြင် Endorphins က ခန္ဓာကိုယ်အတွင်း သဘာဝအကိုက်အခဲပျောက်ဆေးလည်း ဖြစ်ပါတယ်။ ကွီးတို့ ပြေးလေလေ ၊ ခန္ဓာကိုယ်ထဲမှာ Endorphin များ ထွက်ရှိလေလေဖြစ်ပြီး ကွီးတို့ ခန္ဓာကိုယ်ကို အလုံးစုံ ဟန်ချက်ညီစေပြီး ပိုမိုပျော်ရွှင်လာလေလေပဲ ဖြစ်စေမှာပါ။

ပြေးခြင်းက ကိုယ်အလေးချိန်ကို မြန်မြန်ကျစေပြီး ထိန်းထားဖို့ ကူညီပေးပါလိမ့်မယ်

အပြေးလေ့ကျင့်ခန်း စတင်သင့်တဲ့

Photo : Runner’s World

အမျိုးသားရော၊ အမျိုးသမီးများအတွက်ပါ အပြေးလေ့ကျင့်ခန်း ကိုအခုပဲ စတင်သင့်တဲ့ အကြောင်းရင်း တစ်ခုကတော့ ဝိတ်ကျစေတာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပြေးတဲ့အခါ ရှေ့ကို ရွေ့လျားဖို့ စွမ်းအင်အများကြီး သုံးစွဲရပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ ပိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် မြန်မြန်ကျဖို့ ကူညီပေးပါလိမ့်မယ်။ နေ့စဉ်ပုံမှန် ပြေးခြင်းက ကွီးတို့ရဲ့ အလေးချိန်ကို မြန်မြန်ဆန်ဆန် ကျစေတဲ့ အပြင် ကွီးတို့ရဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် နာရီဝက်ခန့် ပြေးပါ။

အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်

အပြေးလေ့ကျင့်ခန်း စတင်သင့်တဲ့

Photo : Sand Canyon Urgent Care

အနည်းငယ် အင်အားသုံးရသော ကိုယ်လက်လှုပ်ရှားမှုက ကွီးတို့ရဲ့အိပ်စက်ခြင်း အရည်အသွေးကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်ကို ပိုပင်ပန်းစေပြီး စိတ်ဖိစီးမှုအဆင့်ကို လျှော့ချခြင်းကို လုပ်ဆောင်ပါတယ်။ ၎င်းက ကွီးတို့ကို ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။ ထို့ကြောင့် အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး အခက်အခဲ ရင်ဆိုင်နေရလျှင် အပြေးလေ့ကျင့်ခန်းကို စတင်ဖို့ အကြံပြုလိုက်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်

cancer risk

Photo : Mashvisor

အပြေးလေ့ကျင့်ခန်း စတင်သင့်တဲ့ အကြောင်းရင်း နောက်တစ်ခုကတော့ ကင်ဆာကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးတာပဲ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ အပြေးလေ့ကျင့်ခန်းကဲ့သို့ ကြံ့ခိုင်မှုမြင့်မားသော လေ့ကျင့်ခန်းများလုပ်သူများက လေ့ကျင့်ခန်းမလုပ်သူများထက် ကင်ဆာအမျိုးအစား ၂၆ မျိုးအထိ ဖြစ်ပွားနိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။ အပြေးလေ့ကျင့်ခန်းအပြင် လေ့ကျင့်ခန်းတော်တော်များများက ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ကို များစွာ အထောက်အကူပြုပါတယ်

brain

Photo : 24 Life

Psychonomic Bulletin And Review မှ သုတေသနပြုချက်အရ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက အသက်အရွယ်နှင့်ဆိုင်သော စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုကို တားဆီးပေးတယ်လို့ ဆိုပါတယ်။ အရွယ်ရောက်ပြီး လေ့ကျင့်ခန်းလုပ်သူများသည် အသိဉာဏ်ဆိုင်ရာလုပ်ဆောင်မှု ပိုမိုကောင်းစေပြီး ဦးနှောက်အတွင်း သွေးစီးဆင်းမှု ပိုမိုကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးများရှိကြောင်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် Journal Of Alzheimer’s Disease မှ သီးခြားလေ့လာမှုတစ်ခုအရ နေ့စဉ် ပုံမှန်ပြေးသောသူများသည် လေ့ကျင့်ခန်းမလုပ်သူများထက် အယ်လ်ဇိုင်းမားရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Source : Runner’s World

Featured Photo : Resveralife