ကျစ်လစ်ကြည့်ကောင်းပြီး ဣထိယတို့ကြွေတဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကို အမျိုးသားတိုင်း ပိုင်ဆိုင်ချင်ကြတယ် မဟုတ်ပါလား။ ဒါဆိုရင်တော့ နည်းလမ်းကများများစားစား မရှိပါဘူး။ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက အကောင်းဆုံးပါပဲ။ ကွီးတို့အနေနဲ့ ဘော်ဒီတောင့်ဖို့ပဲ ဖြစ်ဖြစ်၊ ကြွက်သားတွေ ကျစ်လစ်ချင်လို့ပဲ ဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါစေ၊ ကွီးတို့ရဲ့ အလုံးစုံသော စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုတာ တွေ့ရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ စာရေးသူက ကျစ်လစ်ကြည့်ကောင်းပြီး ကြွက်သားတွေနဲ့ အမိုက်စား Body ရဖို့ အလေးပေးကစားချင်တဲ့ ကွီးတို့အတွက် လေ့ကျင့်ခန်း (၅) ခုကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁) Deadlifts

အမိုက်စား Body

Photo : Men’s Health

Deadlifts လေ့ကျင့်ခန်းများက အမျိုးအစားများစွာရှိပြီး၊ အားလုံးက ကြွက်သားအုပ်စုတွေကို ထိရောက်စေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ အခုဖော်ပြပေးထားတာကတော့ သမားရိုးကျလုပ်ဆောင်နည်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခုမှစပြီး Deadlifts လေ့ကျင့်ခန်းတွေကို လုပ်ဆောင်မယ်ဆိုရင် အခြေခံကျတဲ့ သမားရိုးကျနည်းလမ်းနဲ့ စတင်ပြီး အလေးကိုလည်း ကွီးတို့တတ်နိုင်တဲ့ အလေးချိန်ကိုသာ အသုံးပြုပါ။

လေ့ကျင့်ခန်း (၂) Squats

အမိုက်စား Body

Photo : YouTube

Squat လေ့ကျင့်ခန်းများကလည်း အမျိုးအစား အများကြီးရှိပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကြံ့ခိုင်ဖို့အတွက် Squat လေ့ကျင့်ခန်းတွေက မပါမဖြစ်ပါပဲ။ အခုဖော်ပြပေးမှာကတော့ ကြွက်သားအုပ်စုတွေအတွက် ပိုပြီးထိရောက်စေတဲ့ Back-Squat ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုရင်လည်း ကွီးတို့ ခံနိုင်ရည်အားအလိုက် Barbell အလေးချိန်ကို ချိန်ဆပါ။

လေ့ကျင့်ခန်း (၃) Pull-ups

အမိုက်စား Body

Photo : Quora

ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများ တည်ဆောက်ရာမှာ အရေးပါတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒါ့အပြင် လက်မောင်းကြွက်သားတွေကိုလည်း ကျစ်လစ်သန်မာစေပါတယ်။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ရာမှာ ကွီးတို့ မေးစေ့ကို ဘားတန်း အပေါ်ရောက်တဲ့ အထိ ဆွဲမပါ။ ပြီးရင် ကွီးတို့လက်များ ဖြောင့်တန်းသွားသည် အထိ ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း အောက်ပြန်ချပါ။ ထို့နောက်လေ့ကျင့်ခန်းကို ဆက်တိုက်လုပ်ဆောင်သွားပါ။

လေ့ကျင့်ခန်း (၄) Dumbbell Bench Press

Photo : Gymsozluke

ကွီးတို့ရဲ့ ရင်အုပ်ကြွက်သားနဲ့ လက်မောင်းကြွက်သားများ ကျစ်လစ်သန်မာ ကြည့်ကောင်းစေဖို့ ဆိုရင် ဒီလေ့ကျင့်ခန်းက အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ရာမှာ ပုံတွင်ပြထားသည့်အတိုင်း အလေးတုံးများ ပြန်ချသည့်အချိန်မှာ ရင်ဘတ်ကို ဆန့်ထုတ်ထားရပါမယ်။

လေ့ကျင့်ခန်း (၅) Shoulder Press

Photo : DMoose

ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများ ကြံ့ခိုင်သန်မာစေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။ အထူးသဖြင့် ကွီးတို့ရဲ့ ပခုံး ၊ လက်မောင်းအနောက်ဘက်၊ လက်မောင်းကြွက်သားနဲ့ ရင်အုပ်ကြွက်သားတွေကိုလည်း ကျစ်လစ်သန်မာစေပါတယ်။ အထူးသဖြင့်  နဲ့ ရင်ဘတ်ကြွက်သားတွေကို သန်မာစေပါတယ်။ ကွီးတို့အနေနဲ့ ဒီလေ့ကျင့်ခန်းကို ထိုင်ပြီး ပြုလုပ်နိုင်သလို မတ်တပ်ရပ်လျက်လည်း ပြုလုပ်နိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားတွေကို ကျစ်လစ်သန်မာစေပြီး အမိုက်စား Body ရဖို့ ကူညီပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဘယ်လိုလေ့ကျင့်ခန်းကို မဆို ပြုလုပ်ရာမှာ နည်းစနစ်ကျမှုက အရေးကြီးတာကြောင့် ကျွမ်းကျင်သော Trainers များထံမှာ အကူအညီ ရယူပါ။ နောက်တစ်ချက်ကတော့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အမျိုးအစားရတဲ့အထိ တစိုက်မတ်မတ်ပြုလုပ်သွားပေးပါ။

Source : Insider

Featured Photo : Healthy For Men