၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ကုန်ဆုံးဖို့က နှစ်လလောက်သာ လိုတော့တဲ့အချိန်မှာ ကလပ်အသင်းတိုင်းလိုလိုက ရည်မှန်းချက်ကိုယ်စီနဲ့ ရာသီတစ်ခုကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းကြရပါတယ်။ ဒီလိုအချိန်မျိုးမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဒဏ်ရာကနေ ပြန်ကောင်းမွန်လာတာဟာလည်း အဲ့အသင်းအတွက်တော့ မဟာ မဟာ သတင်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

eriksen

Photo Credit : Manchester Evening News

ဒီလို ​ဒဏ်ရာကနေ ပြန်လည် သက်သာလာသူကတော့ တခြားမဟုတ်ပါဘူး။ မန်ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန် အဲရစ်ဆင်ပါ။ ဇန်နဝါရီလတုန်းက ရက်ဒင်းအသင်းနဲ့ ကစားခဲ့တဲ့ အက်အေဖလားပွဲစဥ်မှာ အန်ဒီကာရိုးရဲ့ မလိုအပ်တဲ့ ဖြတ်ထုတ်မှုကြောင့် ခြေချင်းဝတ် အရွတ် စုတ်ပြဲသွားခဲ့ရသော အဲရစ်ဆင်ဟာ (၂)လ ဝန်းကျင်လောက်အထိကို အနားယူလိုက်ရတာဖြစ်ပြီး အဲရစ်ဆင် မပါဝင်နိုင်တဲ့ ယူနိုက်တက် ကွင်းလယ်ဟာလည်း လိုအပ်ချက်တွေ များစွာ ရှိခဲ့ရပါတယ်။

fa cup match

Photo Credit : The Telegrph

အခုတော့ ဒိန်းမတ် ကွင်းလယ်လူဟာ ဒဏ်ရာကနေ သက်သာလာတာကြောင့် အသင်းနဲ့ လေ့ကျင့်ခန်းပါ ပြန်ဆင်းနေပြီ ဖြစ်တဲ့အပြင် အဲဗာတန်အသင်းနဲ့ ဒီကနေ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဥ်ရဲ့ အသင်းလူစာရင်းမှာလည်း အဲရစ်ဆင် ပါဝင်လာလိမ့်မယ်လို့ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟက်ဂ်က အတည်ပြုထားခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက် ကွင်းလယ်မှာ ကက်စီမဲရိုး ပွဲပယ်ပြစ်ဒဏ် မစေ့သေးချိန် အဲရစ်ဆင်လို ကစားသမားမျိုး ဒ​​ဏ်ရာကနေေ အချိန်မှီ သက်သာလာတာက ယူနိုက်တက်အတွက်တော့ တကယ့်ကို သတင်းကောင်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။

erik case

Photo Credit : Youtube

ယူနိုက်တက်အနေနဲ့ အခု ဘောလုံးရာသီအတွင်း ပရီးမီယားလိဂ်မှာ Top 4 ဝင်ဖို့ ယူရိုပါလိဂ် နဲ့ အက်အေတို့မှာ ဆုဖလားတစ်ခုခု ရယူနိုင်ဖို့ လိုအပ်နေပြီး ဒီလို ရည်ရွယ်ချက်တွေ ရှိနေတာကြောင့်လည်း အသင်းမှာ ကစားသမားတွေအနေနဲ့ ဒဏ်ရာပွဲပယ်တွေ ကင်းစင်နေဖို့ အရေးတကြီး လိုအပ်နေပါတယ်။ လက်ရှိမှာတော့ ဘယ်နောက်ခံကစားသမား လုခ်ရှောက ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရရှိသွားတဲ့ ဒဏ်ရာကြောင့် အဲဗာတန်နဲ့ပွဲကို လွဲချော်ရမှာဖြစ်ပြီး အဲရစ်ဆင်ရော ကက်စီမဲရိုးပါ ပြန်ပါလာနိုင်ပြီ ဆိုရင်တော့ မန်ယူနိုက်တက်ရဲ့ squad က အတောင့်တင့်ဆုံး အခြေအနေ ဖြစ်လာပါတော့မယ်။

Featured Photo : The Sun