အခုဆိုရင် ၂၀၂၃ခုနှစ်ရဲ့ တတိယလဖြစ်သော မတ်လထဲကို ရောက်ရှိနေပါပြီ။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပပြီးစီးသွားချိန်ကတည်းက ပြန်လည် လည်ပတ်နေခဲ့တဲ့ ကလပ်အသင်း ပွဲစဉ်တွေဟာဆိုရင်လည်း ဘောလုံးရာသီတစ်ခု အဆုံးသတ်လုနီးပါးဆီ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါပြီ။ ၂၀၂၃ခုနှစ်ရဲ့ ပြီးခဲ့တဲ့ (၂)လတာအတွင်းမှာ ကလပ်အသင်းတွေ အနေနဲ့ ပွဲစဉ်တချို့ကို ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒီလို ကစားထားရသမျှ ပွဲတိုင်းကို အနိုင်ရထားတဲ့ အသင်းက မရှိသလောက်ကို ရှားပါတယ်။ ဒါပေမဲ့ ဒေါ့မွန် အသင်းကတော့ ပွဲတိုင်းကျော်နေခဲ့ပါတယ်။
Terzic bares his coaching teeth at Dortmund before Chelsea visit

Photo Credit : The Guardian

၂၀၂၃ နှစ်သစ်ရဲ့ ပထမတစ်လတာအတွင်းမှာ ရာနှုန်းပြည့် နိုင်ပွဲဆက်ထားခဲ့တဲ့ ကလပ်အသင်း (၃)သင်း ရှိခဲ့ပါတယ်။ ဘာစီလိုနာ ဒေါ့မွန်နဲ့ ယူနီယံဘာလင်ပါ။ ဘာစီလိုနာကတော့ မန်ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေအတွင်း သရေပွဲနဲ့ ရှုံးပွဲ ကြုံတွေ့ခဲ့ရသလို ယူနီယံဘာလင်ကလည်း အေဂျက်စ်နဲ့ ယူရိုပါလိဂ်ပွဲမှာပဲ သရေတစ်ပွဲ ဖြစ်သွားခဲ့သလို ဘိုင်ယန်မြူးနစ်ကိုလည်း ဂိုးပြတ် အရေးနိမ့်ခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်မှာ ဒေါ့မွန် ကတော့ ပန်းပန်နေဆဲပါပဲ။

can

Photo Credit : Eurosport

ဒေါ့မွန်က ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ (၂)လတာအတွင်းမှာ ဘွန်ဒစ်လီဂါ (၈)ပွဲ ချန်ပီယံလိဂ် (၁)ပွဲနဲ့ ပိုကယ်ဖလား (၁)ပွဲ ဆင်နွဲထားခဲ့ရာ အဲ့ဒီ(၁၀)ပွဲလုံးကို အနိုင်ရထားခဲ့ပါတယ်။ ဟာလန်းကို စီးတီးဆီ ရောင်းချခဲ့ရပြီး ဟာလန်းနေရာ အစားထိုးဖို့ ခေါ်ယူထားတဲ့ ဟယ်လာကလည်း ကင်ဆာ ကုသမှု ခံယူနေရတာကြောင့် ရာသီဝက်နီးပါးလောက်အထိ အနားယူနေရချိန်မှာ ဒေါ့မွန် ရဲ့ ရာသီအစ ရလဒ်ပိုင်းတွေက မတည်ငြိမ်ခဲ့ရပေမဲ့ လက်ရှိမှာတော့ သူတို့ရဲ့ ပုံစံကောင်းတစ်ခုကြောင့် ဘွန်ဒစ်လီဂါ အမှတ်ပေးချန်ပီယံဆုကိုပါ မျှော်မှန်းလို့ ရနိုင်တဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပါတယ်။
MOTM Poll: Dortmund Defeat Leipzig 2-1 to Record Tenth Consecutive Win

Photo Credit : Fear the Wall

ဒီနေ့ မနက်အစောပိုင်းမှာ ကစားထားခဲ့ရတဲ့ လိုက်ပ်ဇစ်နဲ့ ပွဲစဉ်မှာလည်း နိုင်ပွဲ ရရှိထားခဲ့တဲ့ ဒေါ့မွန်ဟာ လာမဲ့ ကြားရက်မှာတော့ ချဲလ်ဆီးအသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထပ်မံ ရင်ဆိုင်သွားရပါတော့မယ်။ ဒါက ဒေါ့မွန် အသင်းအတွက် အတော်လေးကို အရေးပါတဲ့ ပွဲစဉ်ဖြစ်နေပြီး ဒီပွဲမှာ သရေ ဒါမှမဟုတ် ထပ်ပြီး အနိုင်ကစားလိုက်ရုံနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တတ်လှမ်းနိုင်မှာ ဖြစ်သလို အသင်းရဲ့ ယုံကြည်မှုတွေကလည်း အမြင့်ဆုံးကို ရောက်သွားနိုင်ပါမယ်။ ဆိုတော့ ဒီပွဲစဉ်မှာ ဒေါ့မွန်တို့ ဘယ်လို ရလဒ်မျိုး ထွက်သွားနိုင်မလဲ။ နိုင်ပွဲဆက်မလား ရပ်သွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo : Twitter