အသက် (၃၈)နှစ် အရွယ် စူပါစတား တိုက်စစ် ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို။ တစ်ဖက်က အသက်(၃၅)နှစ်အရွယ် စူပါစတား တိုက်စစ်ကစားသမားကြီး လီယွန်နယ် မက်ဆီ။ ဒီ ဆိတ်ကြီး (GOAT) ကြီး နှစ်ဦးတို့ဟာ သူတို့ရဲ့ ကစားသမားဘဝကို အဆုံးမသတ်ခင်အတွင်း သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေ နိုင်ငံအသင်းတွေအတွက် အကျိုးပြုပေးနေသလို တစ်ဦးချင်းဆုတွေ စံချိန်မှတ်တမ်းကောင်းတွေကိုလည်း ရယူနေဆဲပါပဲ။
Photo Credit : Twitter
အခု ကွီးတို့အတွက် ကျွန်တော် ပြောပြသွားချင်တာက မနေ့ည ယူရိုခြေစစ်ပွဲစဉ်မှာ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ပြီး ဂိုးတွေလည်း သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို အကြောင်းပါ။ လက်ချင်စတိန်းအသင်းနဲ့ ကစားခဲ့ရတဲ့ ခြေစစ်ပွဲစဉ်မှာ ပါဝင်လာခဲ့ရသူ ရော်နယ်လ်ဒိုက အီရန် legend ကစားသမားကြီး အလီဒါယီရဲ့ ပွဲပေါင်း(၁၉၆)ပွဲ စံချိန်ကို ကျော်လွန်ပြီး (၁၉၇)ပွဲနဲ့ နိုင်ငံတကာ ပွဲအများဆုံး ကစားထားသူအဖြစ် ကမ္ဘာ့စံချိန်သစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။
Photo Credit : Twitter
ဒီလို စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာပဲ ရော်နယ်လ်ဒိုက ပင်နယ်တီကနေရော ဖရီးကစ်ကနေပါ သွင်းဂိုး (၂)ဂိုးကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။ လက်ချင်စတိန်းဆိုတာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အရမ်းနိမ့်လွန်းတဲ့ အသင်းဆိုပြီး ဘာဘာညာညာ ပြောဆိုနေတာထက် နိုင်ငံတကာ ပွဲအများဆုံး ကစားထားသူဆိုတဲ့ စံချိန်သစ်တစ်ခု ပိုင်ဆိုင်ထားချိန်မှာ သွင်းဂိုးတွေပါ ပူးတွဲ ရရှိခဲ့တာက ရော်နယ်လ်ဒိုအတွက်တော့ ပျော်ရွှင်မှု နှစ်ဆ ဖြစ်စေရတာမို့ ဘာမှ မဝေဘင်တော့ပဲ သူရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အားပေးသင့်တယ်လို့ ထင်ပါတယ်။
Photo Credit : Twitter
ရော်နယ်လ်ဒိုက အခုပွဲ မကစားခင် အယ်လ်နာဆာအသင်းနဲ့ ဆော်ဒီပရိုလိဂ် အမှတ်ပေးပွဲစဉ်အတွင်းမှာလည်း ဖရီးကစ်တစ်ဂိုးကို သွင်းယူခဲ့သလို အခု နိုင်ငံတကာပွဲမှာပါ ဖရီးကစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာမို့ ဆိတ်ကြီးအတွက်တော့ အချိုမြိန်ဆုံး အခိုက်အတန့်တွေ ဖြစ်နေလိမ့်မယ်။ တစ်ဖက်မှာ ရော်နယ်လ်ဒို ဆိတ်ညီနောင်ကြီး မက်ဆီကလည်း ပနားမားနဲ့ ခြေစမ်းပွဲမှာ ဖရီးကစ်ကနေပဲသွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွင်း သွင်းဂိုး စုစုပေါင်း (၈၀၀) ပြည့်မြောက်သွားခဲ့ရပါတယ်။
Featured Photo : Twitter