ယနေ့ခေတ်မှာ လူတော်တော်များများက ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေကြသလို ကိုယ်အလေးချိန်တတ်ဖို့ ကြိုးစားနေတဲ့ သူတွေလည်း ရှိပါတယ်။ အမျိုးသားတစ်ယောက်အတွက် ပိန်လွန်းတာထက် ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးကျမှုကို ပိုပြီးလိုလားကြမှာပါ။ ဝိတ်တတ်ဖို့ အတွက် အစားတွေအများကြီးစားတာမျိုးက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်သလို ကိုယ်အလေးချိန်တက်အောင်လည်း ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နည်းစနစ်တကျ ကိုယ်အလေးချိန် တတ်ချင်တဲ့ ကွီးတို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ကို ဖော်ပြပေးချင်ပါတယ်။
Squats
Photo : Linternaute.com
Squats က ခန္ဓာကိုယ်အောက်ပိုင်းကို တင်းရင်းစေပြီး အားကောင်းစေရန်အတွက် အခြေခံအကျဆုံး လေ့ကျင့်ခန်းများ ထဲမှတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ကိုယ်အလေးချိန် တိုးစေမဲ့ လေ့ကျင့်ခန်းများ တွင် မကြာခဏ အသုံးပြုလေ့ရှိပါတယ်။
ဒီလေ့ကျင့်ခန်းကို ပြုလုပ်မယ်ဆိုရင် ပထမဦးစွာ တည့်တည့်ရပ်ပါ။ ထို့နောက် တင်ပါးအကျယ်ထက် ချဲ့ပြီး ရပ်ပါ။ ထို့နောက် လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်ပြီး ဖြစ်စေထားပြီး ကိုယ်နေဟန်ထားကို ထိန်းသိမ်းပါ။ ထို့နောက် ကွီးတို့ရဲ့ ဒူးတွေကို ကွေးရုံတင်မဟုတ်ဘဲ တင်ပါးတွေကို ညှစ်ပြီး အောက်သို့ ထိုင်သည့်ပုံစံ ပြုလုပ်ပါ။ တင်ပါးများကို ဒူးထက်နိမ့်သည်အထိ နှိမ့်ထားပါ။ ဒီအနေအထားအတိုင်း စက္ကန့်ပိုင်း ကြာအောင်ထားပြီးလျှင် မတ်တပ်ပြန်ရပ်ပါ။
Push Ups
Photo : Yuri Elkaim
ကွီးတို့ကို နောက်ထပ်ဖော်ပြပေးချင်တဲ့ နည်းစနစ်တကျ ကိုယ်အလေးချိန် တတ်စေမဲ့ လေ့ကျင့်ခန်းများ ထဲက တစ်ခုကတော့ Push Ups ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို သန်မာစေတဲ့အပြင် ကိုယ်အလေးချိန်တိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒိုက်ထိုးခြင်း (Push Ups) ကွီးတို့ရဲ့လက်မောင်းနှင့် ပခုံးများရှိ ကြွက်သားများတည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေပါတယ်။
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ ကြမ်းပြင်ပေါ်သို့ မှောက်လျက် လှဲအိပ်ပါ။ ကွီးတို့ လက်များကို ပခုံးအကျယ်ထက် အနည်းငယ် ပိုကျယ်အောင်ထားပါ။ ထို့နောက် ကွီးတို့လက်များကို ထောက်ပြီး လုံးလုံးလျားလျား ဆန့်သွားသည်အထိ ဖြည်းဖြည်းချင်း တွန်းတင်ပါ။ ထို့နောက် တစ်ဖန် ကွီးတို့ရင်ဘတ်နဲ့ ကြမ်းပြင် ထိလုထိခင်အထိ နှိမ့်ချပါ။ ထိုကဲ့သို့ ထပ်ခါထပ်ခါ ပြုလုပ်သွားပါ။
Lunges
Photo : Indonesian.com
ဒီလေ့ကျင့်ခန်းကလည်း Squat ထိုင်ခြင်းကဲ့သို့ ကွီးတို့ ခြေထောက်နှင့် တင်ပါးကြွက်သားများ ထူထပ်လာစေရန် ကူညီပေးပါတယ်။ ကိုယ်အလေးချိန်တိုးဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် အရင်ဆုံး မတ်မတ်ရပ်ပြီး ကွီးတို့ရဲ့ ဝမ်းဗိုက်ကြွက်သားများကို ဆန့်ထုတ်ပါ။ ထို့နောက်ရှေ့သို့ ခြေလှမ်း ကျယ်ကျယ်လှမ်းလိုက်ပါ။ ပြီးလျှင် ကွီးတို့ပေါင်ကို ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေသည်အထိ ဒူးကို ကွေးကာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို နှိမ့်ချပါ။ ထို့နောက် ခြေဖနောင့်ကို အားပြုပြီး မူလ အနေအထားသို့ ပြန်သွားပါ။ ထိုသို့ဖြင့် ခြေထောက်တစ်ဖက်ကို တစ်လှည့်စီ ပြုလုပ်ပေးပါ။
Pull Ups
Photo : Men’s Journal
ဒီလေ့ကျင့်ခန်းကလည်း ကွီးတို့အတွက် နည်းစနစ်တကျ ကိုယ်အလေးချိန် တတ်စေပြီး ကျစ်လစ်ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်ရင် Pull Ups ကလည်း မဖြစ်နေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများ ထဲကတစ်ခုပါ။
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ဆွဲဘား တစ်ခုတော့လိုပါတယ်။ အရင်ဆုံး ကွီးတို့ လက်များကို ပခုံးအကွာအဝေးအတိုင်း ခွဲကာ ဆွဲဘားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပါ။ ကွီးတို့ ခြေထောက်များ မြေနှင့်မထိသည့် အထိ ခန္ဓာကိုယ်ကို တွဲမပါ။ ကွီးတို့ မေးစေ့ က ဘားတန်း အပေါ်ရောက်တဲ့ အထိ ဆွဲမပါ။ ထို့နောက် ကွီးတို့လက်များ ဖြောင့်တန်းသွားသည် အထိ ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း အောက်ပြန်ချပါ။
ကွီးတို့အနေနဲ့ နည်းစနစ်တကျ ကိုယ်အလေးချိန် တတ်စေပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်စေဖို့ ဆိုရင် လေ့ကျင့်ခန်းများ ကို စနစ်တကျပြုလုပ်ရမည်သာမက စားသောက်နေထိုင်မှု ပုံစံကိုပါ ထိန်းသိမ်းပါက ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။
Source : Magicpin
Featured Photo : Muscles & Fitness