အားကိုးချင်စရာ ကွီးတစ်ယောက်အဖြစ်နဲ့ ချစ်သူ ကောင်မလေး ကို ချီပြီ Ro ချင်တယ်ဆိုရင် ကွီးတို့ရဲ့ အရိုး အဆစ်တွေက ကြံ့ခိုင်သန်မာနေမှ ရပါမယ်။ အရိုးအဆစ် တွေရဲ့ ပျော့ပြောင်းမှုနဲ့ ကြံ့ခိုင်သန်မာမှုကို တိုးစေဖို့ လေ့ကျင့်ခန်းလုပ်ခြင်းက အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ အရိုး အဆစ်တွေကို သန်မာနေစေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း နည်းတွေကို ပြောပြပေးပါမယ်။

(၁) သွေးပူ လေ့ကျင့်ခန်း

Photo : GymStreak Blog

ညင်သာတဲ့ လှုပ်ရှားမှုတွေနဲ့ Warm Up ပြုလုပ်ခြင်းဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းစလုပ်ဖို့အတွက် Ready ဖြစ်စေပါတယ်။ Side Bends ၊ Shoulder Shrugs ၊ Arm Circles နဲ့ Overhead Stretches စတဲ့ သွေးပူ လေ့ကျင့်ခန်းတွေကို ၃ ကြိမ် ကနေ ၅ ကြိမ်အထိ ပြုလုပ်ပေးပါ။ သွေးပူ လေ့ကျင့်ခန်းလုပ်တာက Workout လုပ်ချိန်မှာ ကြွက်သားနာကျင်မှုနဲ့ ဒဏ်ရာ ရနိုင်ခြေကို လျော့ချပေးပါတယ်။

(၂) လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းများ

Photo : Men’s Journal

လှုပ်လှုပ်ရှားရှားကစားရတဲ့ လေ့ကျင့်ခန်းတွေဟာ အရိုး နဲ့အဆစ်တွေကို ထောက်ပံ့ပေးနေတဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်း သို့မဟုတ် Cardio ကဲ့သို့ လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံး ကြွက်သား အစိတ်အပိုင်းတွေနဲ့ နှလုံးကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။ ရေကူးခြင်း ၊ တင်းနစ်ရိုက်ခြင်း ၊ ဘတ်စကတ်ဘောကစားခြင်း နဲ့ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ကစားရတဲ့ လေ့ကျင့်ခန်းနည်းတွေကို ရွေးချယ်ကစားနိုင်ပါတယ်။

(၃) ဝိတ်မ လေ့ကျင့်ခန်းများ

အရိုး

Photo : Men’s Health

ကြံ့ခိုင်မှုကို မြှင့်တင်ပေးတဲ့ Weight Training ကစားနည်းတွေဟာ အရိုး အဆစ်နဲ့ ကြွက်သားတွေအတွက် အကောင်းဆုံးပါပဲ။ ဝိတ်တုံးတွေ ၊ Resistance Bands သို့မဟုတ် 1-Liter ရေဗူးရှိရုံနဲ့ ကစားနိုင်ပါတယ်။ ဝိတ်မ လေ့ကျင့်ခန်းတွေ စ , ကစားတဲ့အခါမှာ အလေးချိန်အများကြီးနဲ့ ကစားတာထက် တဖြည်းဖြည်းချင်း အလေးတုံးတွေရဲ့ အလေးချိန်ကို တိုးတိုးပြီး ကစားသွားတာက ပိုမိုထိရောက်မှန်မှု ရှိပါတယ်။

(၄) Stretching လေ့ကျင့်ခန်းများ

အရိုး

Photo : Steel Supplements

Stretching လို့ခေါ်တဲ့ အကြောလျော့ လေ့ကျင့်ခန်းတွေကလည်း အရိုး အဆစ်တွေရဲ့ ကြံ့ခိုင်သန်မာမှုကို အားကောင်းစေပါတယ်။ ပေါင် ၊ ခြေသလုံး ၊ ခါး ၊ လက်မောင်းနဲ့ နောက်ကျောကြွက်သားတွေကို Stretching လုပ်ပေးပါ။ Stretching လေ့ကျင့်ခန်းတစ်ခုကို ၁၅ စက္ကန့် ကနေ စက္ကန့် ၃၀ ကြာ ပြုလုပ်ပေးပါ။

(၅) ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကို နားစွင့်ပါ

အရိုး

Photo : Men’s Journal

လေ့ကျင့်ခန်းလုပ်တာက ကွီးတို့အတွက် Challenge ဖြစ်ပေမယ့် အပြင်းအထန် နာကျင်မှုကိုတော့ မခံစားရစေနိုင်ပါဘူး။ လေ့ကျင့်ခန်းစလုပ်ပြီးရက်ပိုင်းအတွင်းမှာ ကြွက်သားတွေအနည်းငယ် နာကျင်မှုရှိတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် နာကျင်မှုက ရက်အနည်းငယ်ထက် ပိုကြာနေတယ် တနည်းအားဖြင့် ၂ ပတ်နဲ့အထက် အပြင်းအထန်နာကျင်ကိုက်ခဲမှုတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသဖို့ အကြံပြုချင်ပါတယ်။

အရိုး အဆစ်တွေသန်မာဖို့ လေ့ကျင့်ခန်းအပြင် အစားအသောက်နဲ့ နေထိုင်မှု ပုံစံတွေကလည်း အကျုံးဝင်ပါတယ်။ ကွီးတို့အနေနဲ့ အရိုးအဆစ်အတွက် အကျိုးပြုတဲ့ အစားအသောက်တွေ ဥပမာ နွားနို့ ၊ ဒိန်ချဉ် ၊ တို့ဟူး ၊ ပဲပိစပ် ၊ ပေါင်မုန့် ၊ ငါးနဲ့ အစိမ်းရင့်ရောင် အသီးအရွက်တွေကိုလည်း စားပေးဖို့ လိုပါတယ်။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် အရိုး အဆစ်တွေ ကြံ့ခိုင်သန်မာတဲ့ အားကိုးချင်စရာ ကွီးတစ်ယောက် ဖြစ်နိုင်ပြီပေါ့။

Featured Photo : Jetzt