ကလပ်အသင်းတိုင်းလိုလိုမှာ ဂန္တဝင် ကျောနံပါတ် တွေ ရှိတတ်ကြပါတယ်။ နံပါတ်တစ်ခုကို မြင်လိုက်တာနဲ့ အဲ့ဒီနံပါတ်နဲ့အတူ ကစားသမားတစ်ဦးဦးရဲ့ နာမည်ပါ တွဲပေါ်လာမိရတဲ့ အခိုက်အတန့်တွေဆိုတာလည်း ရှိနေတတ်ပါတယ်။ ဥပမာ (7) ဆိုတဲ့ နံပါတ်ကို မြင်လိုက်တာနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြေးမြင်မိသလိုပေါ့။

real madrid 7 owners

Photo Credit : Goal

ရော်နယ်လ်ဒိုဟာ မန်ယူနိုက်တက် ရီးယဲလ် နဲ့ ဂျုဗင်တပ်စ်တို့မှာ သူရဲ့ icon number ‘7’ ကို ဆက်တိုက် ဝတ်ဆင်ခဲ့သလို ရော်နယ်လ်ဒိုရဲ့ ကလပ်ဟောင်း ရီးယဲလ်ဟာလည်း ဘူတရာဂီနို ရာအူးလ် ရော်နယ်လ်ဒိုတို့လို အသင်းရဲ့ legendary ကြီးတွေကိုပဲ ကျောနံပါတ် (7) တွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဂန္တဝင် ကျောနံပါတ်ကို လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး ဗင်နီစီယပ်စ်ဆီ လွှဲပြောင်းပေးဖို့ စီစဥ်ထားပေမယ့် ဗင်နီကတော့ ဒီစီစဥ်မှုကို ပယ်ချသွားခဲ့ပါတယ်။

vini 7

Photo Credit : Twitter

လက်ရှိ ရီးယဲလ်မှာ ကျောနံပါတ်’7′ ကို ဝတ်ဆင်ခွင့် ရရှိထားသူ ဟာဇက်က လာမယ့်နွေမှာပါ အသင်းကနေ စွန့်ခွာရဖွယ် ရှိနေတာကြောင့် လစ်လပ်သွားနိုင်မယ့် ကျောနံပါတ်’7′ နေရာအတွက် ဆမ်ဘာကြယ်ပွင့်လေး ဗင်နီစီယပ်စ်ကို လွှဲပြောင်းပေးဖို့ ပြင်ဆင်ခဲ့ပေမယ့် ဗင်နီကတော့ နံပါတ် ‘7’ ကို ပြောင်းလဲ ဝတ်ဆင်လိုခြင်း ဂန္တဝင်ကြီးတွေရဲ့ အရိုက်အရာကို ဆက်ခံခြင်းတွေ မလုပ်ဆောင်ချင်ပဲ သူရဲ့ ကိုယ်ပိုင် ကျော်ကြားမှုတစ်ခုကိုသာ တည်ဆောက်သွားချင်နေပါတယ်။

vini 11

Photo Credit : Marca

ဗင်နီစီယပ်စ်က လက်ရှိ ရီးယဲလ်အသင်းမှာ ကျောနံပါတ် (20) ကို ဝတ်ဆင် ကစားသူဖြစ်ပြီး အသင်းက လာမယ့် ရာသီမှာ ကျောနံပါတ် (7) ပိုင်ရှင် ဟာဇက်နဲ့ကျောနံပါတ် (11) ပိုင်ရှင် အဆန်စီယို နှစ်ဦးစလုံးကို လက်လွတ်ရနိုင်တာကြောင့် ဗင်နီအနေနဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာ သူ ဝတ်ဆင်တဲ့ ကျောနံပါတ်ဖြစ်သော (11) ကို ရီးယဲလ်မှာပါ ပြောင်းလဲ ဝတ်ဆင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Featured Photo : Tribuna