ကဲ ဘောလုံး ဝါသနာအိုး ညိုကီတို့ရေ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး အဆုံးသတ်သွားခဲ့ပေမယ့် ညိုကီတို့တွေ ဆက်လက် အိပ်ရေးပျက် ကြည့်ရှုရဦးမယ့် ပွဲကြီးပွဲကောင်းတွေ ရှိနေသေးတယ်နော်။ ဒီပွဲတွေအကြောင်းကို သေသေချာချာလေး ပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ

man city vs inter

Photo Credit : Skiddle

မန်စီးတီးအသင်း နဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ ဇွန်(၁၁)ရက်နေ့ မနက်(၁)နာရီခွဲအချိန် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က Ataturk Olimpiyat ကွင်းမှာ ကျင်းပပါမယ်။ ဒီပွဲကြီးကိုတော့ ညိုကီတို့တွေ လုံးဝ မလွတ်တမ်း စောင့်ကြည့်ကြမယ်ဆိုတာ သေချာပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲ

manchester derby fa cup

Photo Credit : Twitter

ဒီပွဲကတော့ မနက်ဖြန်ည (၈)ခွဲမှာ ကျင်းပမှာဆိုတော့ အိပ်ရေးလည်း ပျက်စရာ မလို အချိန်ကောင်းလေးမို့ ဒီပွဲကို အားလုံး စောင့်ကြည့်ကြမယ်လို့ ထင်ပါတယ်။ အက်ဖ်အေဖလား သမိုင်းတစ်လျှောက် ပထမဆုံး မန်ချက်စတာဒါဘီမှာ ဘယ်အသင်းက အနိုင်ရ ဗိုလ်စွဲသွားမလဲလို့ ညိုကီတို့ ထင်ပါသလဲ?

ကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲ

firorentina vs west ham

Photo Credit : UEFA Europa Conference League Twitter

အက်ဖ်အေဖလား နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ကြားမှာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကလည်း ရှိနေပါသေးတယ်။ ကွန်းဖရန့်စ်လိဂ်ကို သိပ်ပြီး စိတ်မဝင်စားကြပေမယ့် ဝက်စ်ဟမ်း နဲ့ ဖီအိုရင်တီးနားတို့ အသင်းတွေ တွေ့ဆုံနေတာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းမှာပါ။ ဒီပွဲကိုတော့ (၈)ရက်နေ့ (၁)ခွဲမှာ ကျင်းပပါမယ်။

ယူ-၂၀ ကမ္ဘာ့ဖလား

u20 world cup

Photo Credit : FIFA World Cup Twitter

ဒီပြိုင်ပွဲကတော့ မေလကတည်းက ကျင်းပလာခဲ့တာ အခုဆိုရင် ကွာတားအထိ ရောက်ရှိနေပါပြီ။ (၁၆)သင်းအဆင့်မှာတော့ အိမ်ရှင် အာဂျင်တီးနား နဲ့ နာမည်ကြီး ထမင်းငတ် အင်္ဂလန်တို့ ပြုတ်ကျန်ခဲ့ပါတယ်။ ကွာတားမှာတော့ အမေရိကန် နဲ့ ဥရုဂွေး ၊ အစ္စရေးလ် နဲ့ ဘရာဇီးလ် ၊ ကိုလံဘီယာ နဲ့ အီတလီ ၊ တောင်ကိုရီးယား နဲ့ နိုင်ဂျီးရီးယားပွဲတွေ ပါဝင်နေပါတယ်။ ကွာတားပွဲတွေကို ဇွန်(၃၊၄) ဆီမီးပွဲတွေကို ဇွန်(၈) တတိယလုပွဲ နဲ့ ဖိုင်နယ်ပွဲတွေကိုတော့ ဇွန်(၁၁)တို့တွင် ကျင်းပပါမယ်။