ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲကြီးပွဲကောင်းတွေကို စတင် ရှမြင် ခံစားရတော့မှာပဲ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပွဲတွေရဲ့ ပထမဆုံး ပွဲအဖြစ် ချန်ပီယံလိဂ်ရဲ့ အရှင်သခင်ကြီး ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ဒီရာသီမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ထိပ်တိုက် တွေ့ဆုံရမယ့် ပွဲစဉ်အကြောင်းကို ဆွေးနွေး သုံးသပ်ပေးသွားချင်ပါတယ်။

real vs city

Photo Credit : The Atheltic

ရီးယဲလ် နဲ့ မန်စီးတီးတို့က ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာပဲ ရင်ဆိုင် တွေ့ဆုံထားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (6-5) နဲ့ ရီးယဲလ်က အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုတစ်ကြိမ် တွေ့ဆုံမှုမှာရော ရီးယဲလ်ကပဲ ထပ်မံ ကျော်ဖြတ်နိုင်ဦးမလား ဒါမှမဟုတ် စီးတီးကပဲ မနှစ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိ current form အရဆိုရင်တော့ စီးတီးက ရီးယဲလ်ထက် ပိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ် ဆိုပေမယ့်လည်း ချန်ပီယံလိဂ် အထာကို အသေအချာ သိရှိနားလည်ထားတဲ့ ရီးယဲလ်က လုံးဝ လျှော့တွက်လို့ မရတဲ့ အခြေအနေပါ။

madrid vs manchester

Photo Credit : SportCo

ရီးယဲလ်က ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်လို့ လာလီဂါမှာ ဘာစီလိုနာရဲ့ အမှတ်ဖြတ် ဦးဆောင်ခြင်းကို ခံထားရပြီး စီးတီးကတော့ ဖလား(၃)လုံး လမ်းကြောင်းပေါ်မှာ ရှိနေသလို သူတို့အသင်း အလိုရှိဆုံး ချန်ပီယံလိဂ်ဖလားကိုပါ အရယူဖို့ ရည်ရွယ်ထားနေပါတယ်။ နှစ်သင်းလုံးရဲ့ ကစားသမား အခြေအနေအရ ရီးယဲလ်မှာ ခံစစ်က မီလီတာအို ပွဲပယ်ခံထားရပေမယ့် မိုဒရစ် အလာဘာတို့ ဒဏ်ရာကနေ ပြန်သက်သာလာပြီး စီးတီးဘက်ကတော့ အကီ တစ်ဦးတည်းသာ ဒဏ်ရာရနေကာ ပွဲပယ် ကင်းရှင်းနေပါတယ်။

Real Madrid vs Man City

Photo Credit : The Sun

ဆိုတော့ current form အရရော available ဖြစ်နေတဲ့ ကစားသမား အင်အားအရဆိုရင်ပါ ဧည့်သည် စီးတီးက အိမ်ရှင် ရီးယဲလ်ထက် အသာရနေတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ပါးဝနေသူ ဝါရင့်နည်းပြကြီး အန်ဆလော့တီ ဘယ်လို နည်းဗျူဟာနဲ့ စီးတီးနည်းပြ ဂွာဒီယိုလာကို ရင်ဆိုင်သွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဘာနေဗျူးမှာ ကစားရမယ့် ပကျော့ပွဲက သရေရလဒ်နဲ့ အဆုံးသတ်ဖို့ ရှိနေပြီး ဧည့်သည် စီးတီးအသင်း ရလဒ်ကောင်းနိုင်လိမ့်မယ်လို့ပဲ ယူဆမိပါတယ်။

Featured Photo : SuperSport