V-Cut Six Pack Abs ကြွက်သားတွေဟာ ကြံ့ခိုင်သန်မာပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ ပြရုဒ်တစ်ခု ဖြစ်ပါတယ်။ V ပုံသဏ္ဍာန် ဝမ်းဗိုက်ကြွက်သား ထွက်ဖို့ဆိုရင် ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားတွေကို အဓိက ဆော့ကစားပေးရမှာပါ။ သို့ပေမယ့် စိန်ခေါ်မှုကတော့ အများကြီး ရှိပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းနေရာဟာ အဆီတွေအများဆုံး စုနေတက်တာကြောင့် အဆီတွေလျှော့ချပြီး ကြွက်သားပုံပေါ်လာစေဖို့ လေ့ကျင့်ခန်းကို သေချာလေး ကစားပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမှာကတော့ V ပုံသဏ္ဍာန် ဝမ်းဗိုက် ကြွက်သား ထွက်စေဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်း တွေပဲ ဖြစ်ပါတယ်။

(၁) ခြေမြှောက်လေ့ကျင့်ခန်းအမျိုးမျိုး

Source : Al Kavadlo

ခြေမြှောက်လေ့ကျင့်ခန်းတွေဟာ ဝမ်းဗိုက်အောက်ပိုင်း ကြွက်သား အတွက် အဓိကပစ်မှတ်ထားဆော့ကစားနိုင်မယ့် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဘားခိုဖို့ ဘားတန်းတစ်ခုရှိရုံနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ စကစားမယ့် သူတွေအနေနဲ့ ခြေထောက်ကို တစ်ဖက်ချင်းဆီမြှောက်ပြီး ကစားလို့ရပါတယ်။ ခြေမြှောက် ၊ ဒူးမြှောက် လေ့ကျင့်ခန်းတွေ အားလုံးက ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားတွေအတွက် အထိရောက်ဆုံးပါပဲ။

(၂) Mountain Climber & Burpees

Source : Flex Marks

ဒီလေ့ကျင့်ခန်းတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းနဲ့ Obliques ကြွက်သား တွေကို ကျစ်လစ်သန်မာစေရုံသာမက ကယ်လိုရီလောင်အများကြီးကိုလည်း လောင်ကျွမ်းစေပါတယ်။ အားကစားနဲ့ သက်ဆိုင်တဲ့ ကိရိယာတွေ ဘာတစ်ခုမှ သုံးစရာမလိုပဲ အိမ်မှာပဲ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

(၃) Saw Pike With TRX or Stability Ball

Source : CORE Strong Fitness

Fitness Ball နဲ့ TRX ၂ ခုလုံးဟာ ဝမ်းဗိုက်အောက်ပိုင်း ကြွက်သား တွေအတွက် အမျိုးမျိုးသော Bodyweight လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ အကောင်းဆုံး ကိရိယာတွေပဲ ဖြစ်ပါတယ်။ Saw Pike ဆိုတာကတော့ တကယ့်ကိုပဲရိုးရှင်းတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်ကို TRX ကြိုးကွင်းမှာ ချိတ်ဆွဲပြီးဖြစ်စေ ၊ Fitness Ball ပေါ်တင်ပြီးဖြစ်စေ ခန္ဓာကိုယ်ကို ကွေးလိုက် မူလအနေအထားသို့ ပြန်ဆန့်ထုတ်လိုက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Fitness Ball နဲ့ ကစားမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဖို့ အတော်လေး ခက်ခဲတဲ့အတွက် အခုမှစကစားမယ့် သူတွေအနေနဲ့ TRX နဲ့ ကစားဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Muscle & Fitness