ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသခံထားရပြီး အနားယူနေရတဲ့ နေမာက မကြာခင်မှာပဲ ဒယ်ဒီနေမာ ဖြစ်လာတော့မယ်လို့ သိရပါတယ်။ နေမာရဲ့ ချစ်သူ ဘရာဇီးလ် စူပါမော်ဒယ်လ် ဘရူနာ ဘီယန်ကာဒီက လက်ရှိမှာ နေမာနဲ့ ရရှိထားတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်ကြောင်း ဓါတ်ပုံများစွာနဲ့တကွ ထုတ်ဖော်လာခဲ့ပါတယ်။

neymar

Photo Credit : Marca

တကယ်တော့ နေမာဟာ ဒီရင်သွေးလေး မတိုင်ခင်တုန်းက သူရဲ့ချစ်သူဟောင်း ကာရိုလိုင်းနဲ့လည်း လူကာဆိုတဲ့ (၁၁)နှစ်အရွယ် သားတစ်ဦးကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ နေမာနဲ့ ကာရိုလိုင်းတို့က ဆယ်စုနှစ်တစ်ခု နီးပါးလောက်အထိ တွဲခဲ့ကြတဲ့ ex တွေ ဖြစ်ပြီး လူကာလေးကို မွေးပြီးနောက်မှာပဲ သူတို့ ဇာတ်လမ်းက အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ အခု ဘီယန်ကာဒီနဲ့ကလည်း ချစ်ကြိုက်ကွဲ ဇာတ်လမ်းတွေ ရှိခဲ့ဖူးပြီး ၂၀၂၁ခုနှစ်ထဲက လူမသိ သူမသိ တွဲနေခဲ့ရာကနေ ၂၀၂၂ခုနှစ်ရဲ့ နှစ်အစပိုင်းမှာ လူသိရှင်ကြား ချပြကာ (၈)လအကြာမှာပဲ တစ်ခန်းရပ်သွားခဲ့ပါတယ်။

neymar his gf

Photo Credit : Sport

သြဂုတ်လကတည်းက ဇာတ်လမ်း ရပ်တန့်သွားတဲ့ နေမာ နဲ့ ဘီယန်ကာဒီတို့ဟာ ၂၀၂၃ရဲ့ နှစ်အစပိုင်းမှာပဲ မဆုံးသော ဇာတ်လမ်း ပြန်ဆက်သလို ဖြစ်လာခဲ့ပြီးနောက် အခု ဧပြီလလယ်မှာပဲ ဘီယန်ကာဒီ ဗိုက်ထဲမှာ နေမာရဲ့ ရင်သွေးလေး ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်လာပါတယ်။ ချစ်သူနှစ်ယောက်ကြားထဲ သံယောဇဉ်ကြိုးတွေ ပိုမို ခိုင်မာစေနိုင်မယ့် ရင်သွေးလေးတစ်ဦး ရောက်ရှိတော့မှာဖြစ်လို့ နေမာ နဲ့ ဘီယန်ကာဒီတို့ အရင်ကထက် ပိုမြဲလာနိုင်မယ်လို့ ယူဆနိုင်ပေမယ့် နေမာတစ်ယောက် ခြေငြိမ်ငြိမ် နေနိုင်ပါ့မလားဆိုတာကလည်း စောင့်ကြည့်ရပါဦးမယ်။

neymar injury

Photo Credit : Sport Brief

အသက် (၃၁)နှစ်အရွယ် ဆမ်ဘာကြယ်ပွင့် တိုက်စစ်ကစားသမား နေမာဟာ ခြေချင်းဝတ် ဒဏ်ရာ မရရှိခင်တုန်းက ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲကစား (၁၈)ဂိုးသွင်း (၁၇)ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နေမာ နဲ့ ဒဏ်ရာပြသာနာတွေဆိုတာ ခွဲခြားထားလို့ မရသော အရာလို ဖြစ်နေရပြီး ဒဏ်ရာ ကျိန်စာဆိုးတွေက ရုန်းမထွက်နိုင်သေးပဲ အခုလည်း ရာသီကုန်ချိန်အထိ အနားယူနေရပါတယ်။

Featured Photo : Goal