ဘရာဇီးလ် ထိပ်တန်း ဘောလုံးသမား တော်တော်များများက အောင်မြင် ကျော်ကြားမှုတွေ ရရှိပြီးနောက်ပိုင်း အပျော်အပါး ကိစ္စတွေဘက်ကို အာရုံရောက်သွားတတ်ကြပြီး တချို့လည်း ဘောလုံးသမားဘဝပါ စုန်းစုန်းမြှပ်သွားတတ်ပါတယ်။ တချို့ကစားသမားတွေကျတော့လည်း လောင်းကစားဘက်မှာ အရမ်းကို စိတ်ပါသွားခဲ့ရာကနေ ငွေကြေး ဆုံးရှုံးမှုတွေ များစွာ ဖြစ်ပေါ်ခဲ့ရဖူးတာတွေလည်း ရှိတတ်ပါတယ်။ အခုလည်း နေမာတစ်ယောက် အွန်လိုင်း ကာစီနို အဆော့ကောင်းရင်း ယူရိုတစ်သန်းအထိပါ ပလုံသွားခဲ့ရပါတယ်။

casino

Photo Credit : Twitch

လက်ရှိမှာ ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူထားပြီး ဘောလုံးကစားခြင်းကနေ အနားယူထားရတဲ့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာက အင်္ဂါနေ့ညကပဲ သူရဲ့ Twitch channel မှာ Blaze အွန်လိုင်းကာစီနိုနဲ့ ပါတနာ ချိတ်ဆက်ထားမှု အစီအစဉ်တွင် ပါဝင်ရင်း ကာစီနို ဆော့ကစားမှုတွေ လုပ်ဆောင်သွားခဲ့ရာ ခန့်မှန်းချေ တစ်နာရီအတွင်းမှာပဲ ယူရိုတစ်သန်းအထိ ပလုံသွားခဲ့ရပါတယ်။

neymar

Photo Credit : Twitch

ဒီလို ယူရိုတစ်သန်း ပလုံသွားခဲ့တဲ့ နေမာက သူရဲ့ ဆိုးရွှားလှတဲ့ ကံတရားကို အင်တာနက်ပေါ်မှာ users အများစု အသုံးပြုတတ်ကြသော Titanic ရုပ်ရှင်ဇာတ်ကားထဲက အခွီ ဇာတ်ဝင်တီးလုံးနဲ့အတူ ငိုကြွေးဟန်ဆောင်ခဲ့ပါသေးတယ်။

nmjr

Photo Credit : Twitch

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက နေမာဟာ Blaze ရဲ့ (၂၆)ဦးမြောက် personal sponsor အဖြစ် Sportune ကနေ ကြေညာလာခဲ့ပြီး နေမာကိုလည်း အများစုက ကျွမ်းကျင်လှတဲ့ ပိုကာသမားတစ်ဦးလို့ပါ သိထားကြပြီး တချု့ကဆိုရင်လည်း နေမာက ပိုကာ ကစားခြင်းကို မရော်ဖက်ရှင်နယ်အဆင့်လောက်အထိပါ ကျွမ်းကျင်တယ်လို့တောင် သတ်မှတ်ထားကြပါတယ်။ နေမာရဲ့ ပိုကာ ကစားခြင်းအပေါ် ဝါသနာထုံမှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့လုံး ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရခြင်းမှာလည်း နေမာဟာ အတော်လေးကို ဝေဖန် ပြစ်တင်ခံခဲ့ရပါသေးတယ်။

Featured Photo : The Athletic