ဘောလုံးဝါသနာအိုး ကွီးတို့ ရက်ပိုင်းများစွာ မျှော်လင့်စောင်းဆိုင်းနေရတဲ့ ဥရောပ ချန်ပီယံလိဂ် ညချမ်းတွေ တနည်းအားဖြင့် အိပ်ရေးပျက်ရမယ့် စိတ်လှုပ်ရှားစရာ ညချမ်းတွေဟာဆိုရင်တော့ဖြင့် တဖန် ပြန်လည် ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

UEFA Champions League

Photo Credit : Paramount Plus

အုပ်စုပွဲစဉ်တွေအပြီး ရှုံးထွက်(၁၆)သင်းအဆင့်အတွက် မဲခွဲ ရေးဆွဲမှုတွေ ပြုလုပ်ပြီးချိန် လီဗာပူးလ် နဲ့ ရီးယဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ နဲ့ ဘိုင်ယန်မြူးနစ် ပွဲစဉ်တွေက ကွီးတို့အတွက် လုံးဝကို ရင်ခုန် စိတ်လှုပ်ရှားမှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်မယ့် ပွဲကောင်းတွေအဖြစ် ရှိနေသလို အေစီမီလန် နဲ့ တော့တင်ဟမ်စပါး ၊ ဒေါ့မွန် နဲ့ ချဲလ်ဆီး ပွဲစဉ်တွေကလည်း ကြည့်လို့ကောင်းမယ့် ပွဲတွေ ဖြစ်နေမှာ သေချာပါတယ်။

UCL

Photo Credit : France 24

ပွဲတိုင်းက ဘောလုံးဝါသနာအိုး ကွီးတို့အတွက် ကြည့်ကောင်းမယ့် ပွဲတွေ ဖြစ်နေရသလို ဒီနေ့မှာဆိုရင်ပဲ မီလန်-တော့တင်ဟမ် ၊ ပီအက်စ်ဂျီ-ဘိုင်ယန် ပွဲတွေက တစ်ချိန်တည်း ဖြစ်နေရလို့ တစ်ပွဲတည်းကိုပဲ ရွေးချယ် ကြည့်ရှုရမှာ ဖြစ်သလို မနက်ဖြန်မှာတော့ ဘရုဂေး-ဘင်ဖီကာပွဲထက် ဒေါ့မွန်-ချဲလ်ဆီးပွဲကိုသာ ကြည့်ရှုသူ ပိုများနိုင်ပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာ အာဆင်နယ်-မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲကျန်ကလည်း ရှိနေသေးသလို နောက်တစ်ညမှာလည်း ဘာစီလိုနာ-မန်ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ်ပွဲ ရှိနေတဲ့အပြင် လာမယ့်တစ်ပတ်မှာလည်း လီဗာပူးလ်-ရီးယဲလ်ပွဲ ၊ လိုက်ပ်ဇစ်-မန်စီးတီးပွဲတွေက ကွီးတို့ကို စောင့်ကြိုနေမှာ သေချာပါတယ်။

UEFA Champions League

Photo Credit : UEFA

ရှုံးထွက်ပွဲတွေ မစတင်ခင်မှာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း စွမ်းဆောင်ရည် အချက်အလက်တွေကို ပြန်လည် ဖော်ပြပေးသွားချင်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘာပေနဲ့ လီဗာပူးလ် တိုက်စစ်မှူး မိုဆာလာတို့က သွင်းဂိုး (၇)ဂိုးစီနဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် အသီးသီး ဦးဆောင်နေကြသလို ပီအက်စ်ဂျီရဲ့ လီယွန်နယ်မက်ဆီ ၊ လီဗာပူးလ်ရဲ့ ဒီယိုဂိုဂျိုတာနဲ့ ယခင်က မန်စီးတီး အခု ဘိုင်ယန်မြူးနစ် ကစားသမားဖြစ်နေသူ ဂျာအိုကန်ဆယ်လိုတို့က ဂိုးဖန်တီးမှု (၄)ကြိမ်စီ လုပ်ဆောင်ထားနိုင်ကြပါတယ်။

Featured Photo : Sky Sports