လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုများကို ဖယ်ရှားဖို့ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး စိတ်ပျိုကိုယ်နုစေကာ အရွယ်တင်နေစေမှာဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ အမြဲတမ်း ငယ်ရွယ်နုပျို နေအောင် ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဂျပန်ရိုးရာ လေ့ကျင့်ခန်း များကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ကွီး တို့ကို အမြဲတမ်း ငယ်ရွယ်နုပျို နေအောင် ကူညီပေးမယ့် ဂျပန်ရိုးရာ လေ့ကျင့်ခန်းများသည် ပေါ့ပေါ့ပါးပါးရှိပြီး အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းများသည် ယောကျာ်းရော၊ မိန်းမပါ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်တာကြောင့် ငယ်ရွယ်နုပျိုချင်တဲ့ ဘယ်သူမဆို ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။
အဆင့် (၂) မတ်မတ်ရပ်ပြီးနောက် လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ထိုအချိန်မှာ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပါ။ ထိုကဲ့သို့ ဆန့်တန်းနေတဲ့အချိန်မှာ ခါးကိုလည်း ဆန့်နိုင်သမျှ ဆန့်ထုတ်လိုက်ပါ။
အဆင့် (၃) လက်နှစ်ဖက် ပြန်ချပြီးတော့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။
လေ့ကျင့်ခန်း (၂)
အဆင့် (၁) ခြေထောက် နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။
အဆင့် (၂) ဒူးအနည်းငယ်ကွေးကာ ခြေဖနောင့်ကို ကြွလိုက်ပါ။ တစ်ချိန်တည်းမှာပဲ အသက် ခပ်ပြင်းပြင်းရှူထုတ်လိုက်ပါ။
အဆင့် (၃) ခြေဖနောင့်နှစ်ဖက် ပြန်ချပါ။ အသက်ခပ်ပြင်းပြင်းရှူသွင်းလိုက်ပါ။
တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း ၈ ကြိမ် ပြုလုပ်ရမှာပါ။
လေ့ကျင့်ခန်း (၃)
အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။
အဆင့် (၂) ထို့နောက် အသက်ပြင်းပြင် ရှူထုတ်ကာ လက်နှစ်ဖက်ကို ထောင့်ဖြတ်ပုံသဏ္ဍာန် မြှောက်လိုက်ပါ။
အဆင့် (၃) ထို့နောက် လက်နှစ်ဖက်ကို လက်သီးဆုပ်ကာ ပုခုံးနဲ့ တစ်တန်းထည်း ပြန်ချလိုက်ပါ။
အဆင့် (၄) ထို့နောက် လက်နှစ်ဖက်ကို အပေါ်တည့်တည့်သို့ မြှောက်လိုက်ပါ။
ဒီအဆင့်အထိကို တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။
စုစုပေါင်း ၄ ကြိမ်ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၄)
အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။
အဆင့် (၂) ထို့နောက် လက်နှစ်ဖက်က ပုခုံးကို ထိလိုက်ပါ။
အဆင့် (၃) ထို့နောက် အပေါ်သို့ ဆန့်တန်းလိုက်ပါ။
အဆင့် (၄) လက်နှစ်ဖက်က ပုခုံးကို ပြန်ထိလိုက်ပါ။ ထို့နောက် ချက်ချင်းဆိုသလို အောက်သို့ ပြန်ချလိုက်ပါ။
တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း ၃ ကြိမ် ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၅)
အဆင့် (၁) ခြေထောက်နှစ်ဖက်က ပုခုံးအကျယ်အတိုင်း ချဲထားပါ။
အဆင့် (၂) လက်နှစ်ဖက်က အရှေ့သို့ ဆန့်ထုတ်လိုက်ပါ။ ထို့နောက် ခါးကို ဘယ်ဘက်သို့ တစ်ကြိမ်လှည့်၊ ညာဘက်သို့ တစ်ကြိမ်လှည့်ကာ ပြုလုပ်ပေးလိုက်ပါ။
တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း နှစ်ကြိမ် ပြုလုပ်ပေးလိုက်ပါ။
ဒီလေ့ကျင့်ခန်းများသည် ကွီး တို့ကို ငယ်ရွယ်နုပျို နေအောင် ကူညီပေးမယ့် လေ့ကျင့်ခန်း များပဲဖြစ်ပါတယ်။
Source: Brightside
Featured Image: Newbodyandmind