အသက်အရွယ်ကြောင့်သော်လည်းကောင်း၊ ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း ဒူးနာ တတ်တဲ့ ကွီး တို့အတွက် ဒူးနာခြင်းကို သက်သာပျောက်ကင်းစေမယ့် လေ့ကျင့်ခန်း အချို့ရှိပါတယ်။ ထိုလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးပါက ဒူးနာဝေဒနာ သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

ဒူးနာ ကွီး လေ့ကျင့်ခန်း

Photo: Fix Flat Feet

အဆင့် (၁) နံရံဘက်ကို မျက်နှာမူကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး မတ်တပ်ရပ်နေပါ။

အဆင့် (၂) ဘယ်ခြေထောက်တစ်ဖက်ကို နောက်ဆုတ်နိုင်သလောက် နောက်ဆုတ်ထားလိုက်ပါ။

အဆင့် (၃) ညာခြေကို အရှေ့သို့ ကွေးညွှတ်ကာ ထိုအနေအထားအတိုင်းစက္ကန့် ၃၀ ခန့်် တောင့်ထားလိုက်ပါ။

အဆင့် (၄) ခြေထောက်ဘက်ပြောင်းကာ အဆင့် (၃) ကအတိုင်း ဆက်လက်ပြုလုပ်ပါ။

တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။ နောက်ထပ်တစ်ကြိမ်စီ ထပ်မံပြုလုပ်လိုက်ပါ။

လေ့ကျင့်ခန်း (၂)

ဒူးနာ ကွီး လေ့ကျင့်ခန်း

Source: 24Life

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ညာခြေကို အနောက်သို့ကပ်ကာ တင်ပါးနဲ့ ထိလုနီးပါး ထိကပ်ပေးလိုက်ပါ။

အဆင့် (၃) ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ခံထားပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

အဆင့် (၄) တစ်ဖန် ဘယ်ခြေကို တင်ပါးသို့ ထိကပ်ပေးလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် ထိကပ်ပေးလိုက်ပါ။

ခြေထောက်တစ်ဖက်ချင်းစီကို ၂ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ဒူးနာ ကွီး လေ့ကျင့်ခန်း

Source: 24Life

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ မတ်တပ်ရပ်နေပါ။

အဆင့် (၂) ညာခြေကို အရှေ့သို့ ဆန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းညွှတ်လိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

အဆင့် (၃) ဘယ်ခြေကို အရှေ့သို့ ဆန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းညွှတ်လိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

ဘယ်ညာကို တစ်ကြိမ်လို့ သတ်မှတ်ပါ။ စုစုပေါင်း ၂ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

exercises for kwee

Source: Flab Fix

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားပါ။ ခါးထောက်ထားကာ အသင့်အနေအထားပြင်ပါ။

အဆင့် (၂) ခြေထောက်နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်းမှာ ခြေဖျားထောက်လိုက်ပါ။

အဆင့် (၃) ခြေထောက်ပြန်ချကာ မူလအနေအထားအတိုင်း ပြနေပါ။

စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့စီ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

exercises for kwee

Source: Flab Fix

အဆင့် (၁) ခန္ဓာကိုယ်ကို တစ်ဘက်စောင်းကာ လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် လှဲလျောင်းနေပါ။

အဆင့် (၂) ထို့နောက် ဘယ်ခြေကို အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ထို့နောက် ခြေထောက်ပြန်ချပါ။

၁၀ ကြိမ် ပြုလုပ်ရပါမယ်။

အဆင့် (၃) ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ လှဲလျောင်းပါ။ ညာခြေကိကု အပေါ်သို့ ဆန့်တန်းလိုက်ပါ။ တစ်ဖန် ခြေထောက်ပြန်ချပါ။ စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရပါမယ်။

ထိုအဆင့်အထိ ပြီးသွားပြီဆိုရင်တော့ တစ်ကျော့ပြည့်သွားပါပြီ။ နောက်ထပ် နှစ်ကျော့စီ ထပ်လုပ်ပေးရမှာပါ။

ဒူးနာ တတ်တဲ့ ကွီး တို့အနေနဲ့ ဒီ လေ့ကျင့်ခန်း များကို မှန်မှန်ပြုလုပ်ပေးပါက ဒူးနာဝေဒနာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

Source: Healthline

Featured Image: Greatist