ကွီး တို့ရဲ့ မျက်နှာ ပေါ်ရှိ အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းများကို လေ့ကျင့်ခန်း များ ပြုလုပ်ပြီး ဖယ်ရှားနိုင်တယ်ဆိုတာ သိပြီးပါပြီလား။

အသက်အရွယ် တဖြည်းဖြည်းရလာသည်နှင့် တပြိုင်နှင့် မျက်နှာအသားအရေ တင်းမာမှုသည် တဖြည်းဖြည်းလျော့ကျသွားပြီး မျက်နှာကြွက် သားများသည်လည်း အားနည်းသွားပါတယ်။

ကွီး တို့ မျက်နှာ ပေါ်ရှိ ကြွက်သားများသည်လည်း အခြားသော ခန္ဓာကိုယ်ကြွက်သားများကဲ့သို့ပင် လေ့ကျင့်ခန်း များ ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ မျက်နှာလေးသည် ပိန်ပိန်သွယ်သွယ်လေးနဲ့ မေးစေ့ နှစ်ထပ်၊ သုံးထပ် ဖြစ်ခြင်းမျိုးမှ ကင်းဝေးပြီး ကြည့်ကောင်းကာ ခန့်ခန့်ချောချောကွီးတစ်ယောက်ဖြစ်သွားမှာပဲဖြစ်ပါတယ်။

အရင်ဦးဆုံး သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပါ

face exercise for kwee

မတ်တပ်ရပ်ခြင်း (သို့) ထိုင်ခြင်းကတော့ ကွီးတို့သက်သောင့်သက်သာဖြစ်သလိုနေပါ။ ခါးကိုတော့ မတ်မတ်ထားပေးဖို့လိုပါလိမ့်မယ်။

ထို့နောက် အင်္ဂလိပ်သရအက္ခရာ A, I, E, A ကို သတိရလိုက်ပါ။ ထို့နောက် A ကို ကြာကြာ ဆွဲနိုင်သလောက် ဆွဲထားလိုက်ပါ။ ပြီးရင် I ဆက်သွားပါ။ I ကိုလည်း ဆွဲနိုင်သလောက် ကြာကြာဆွဲထားပါ။ E နှင့် A ကိုလည်း ထိုနည်းအတိုင်းပဲဖြစ်ပါတယ်။

ခေါင်းအပေါ်မော့ပါ

face exercise for kwee

ခုံတစ်လုံးပေါ်မှာ ခါးမတ်မတ်ထားပြီး ထိုင်နေပါ။ ထို့နောက် ဦးခေါင်းက အပေါ်သို့ မော့ကြည့်လိုက်ပါ။

ထို့နောက် အောက်နှုတ်ခမ်းနဲ့ မျက်နှာကျက်ကို ထိကပ်တော့မယ် အနေအထားရောက်အောင် ပြုလုပ်ပေးလိုက်ပါ။ ထိုအနေအထားအတိုင်း ၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် စက္ကန့်ပိုင်းလောက် အနားယူပါ။ ပြီးရင်တော့ နောက်ထပ် ၃ ကျော့ခန့် ဆက်လက်ပြုလုပ်ပေးရပါမယ်။

ခေါင်းမော့ကာ အသက်ရှူပါ

ကွီး လေ့ကျင့်ခန်း

လက်နှစ်ဖက်က လက်မောင်းပေါ်မှာ တစ်ဖက်တစ်ချက်တင်ထားလိုက်ပါ။ မတ်တပ်ရပ်နေလျက်သားဖြင့် ခေါင်းကို အပေါ်မော့ပါ။

မျက်လုံးမှိတ်ထားပြီး မေးစေ့ကို အပေါ်မော့နိုင်သမျှ မော့ပေးလိုက်ပါ။ အဆုံးစွန်အထိ မော့ပြီးသွားတဲ့နောက်မှာတော့ အသက်ပြင်းပြင်းရှူကာ ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ရေတွက်လိုက်ပါ။ ပြီးရင်တော့ မူလအနေအထားအတိုင်း ပြန်နေလိုက်ပါ။ နောက်ထပ် ၂ ကျော့ ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

ခဲတံလေ့ကျင့်ခန်း

ကွီး လေ့ကျင့်ခန်း

ခဲတံတစ်ချောင်းကို ပါးစပ်ထဲထည့်ထားပါ။ ထိုခဲတံက သန့်စင်တဲ့ခဲတံဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

ထို့နောက် ထိုခဲတံဖြင့် ကွီးတို့ရဲ့နာမည်ကို လေပေါ်မှာ ရေးပေးရပါမယ်။ ဦးခေါင်းကို မလှုပ်စေဘဲ ရေးပေးရမှာဖြစ်ပါတယ်။

တစ်ကြိမ်ပြီးသွားတဲ့အခါ ခဏနားပါ။ နောက်ထပ် ၂ ကြိမ်ခန့် ဆက်လက်ပြုလုပ်ပေးရပါမယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို ကွီးတို့ သတိရရင် ရတဲ့အချိန်လေး ပြုလုပ်ပေးလိုက်ပါ။ ရက်အနည်းငယ်ကြာတဲ့အခါ ကွီးတို့မျက်နှာပေါ်ရှိ အဆီပိုများ ပျောက်ကွယ်သွားပါလိမ့်မယ်။

Source: Brightside

Featured Image: Tiege