အရပ်ရှည်ရှည်နှင့် ကြွက်သားများ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းသည် ကွီးတို့အားလုံးအတွက် အိပ်မက်တစ်ခုလိုပါပဲ။ ကွီး တို့ကို ကြွက်သားများ တောင့်တင်းအောင် ကူညီပေးတဲ့ Workout များရှိသလို အရပ် ရှည်လာအောင် ကူညီပေးမယ့် အားကစား များလည်း ရှိပါတယ်။

အခုဖော်ပြပေးမယ့် အားကစားများကတော့ ကွီး တို့ကို အရပ် ပိုရှည်လာအောင် ကူညီပေးမယ့် အားကစား တွေပဲဖြစ်ပါတယ်။

ဘက်စကတ်ဘော

ကွီး အရပ် အားကစား

ဘက်စကတ်ဘောအားကစားသည် အရပ်ရှည်အောင် ကူညီပေးတဲ့ နေရာမှာ နံပါတ် (၁) အားကစားတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အမျိုးသားများသာမက အမျိုးသမီးများပါ ဘက်စကတ်ဘောကို ကစားရတာ နှစ်ခြိုက်ကြပါတယ်။ ခန္ဓာကိုယ်ကို ခုန်ပြီး ဘောလုံးကို ပစ်လိုက်ရတဲ့အတွက်ကြောင့် ခြေတံ လက်တံများလည်း ရှည်လာမှာဖြစ်ပါတယ်။ တစ်ပတ်လျှင် ၃ ကြိမ်မှ ၅ ကြိမ်ခန့် ဆော့ကစားခြင်းအားဖြင့် ကွီး တို့ရဲ့ အရပ် သည် သိသိသာသာ ရှည်ထွက်လာမှာဖြစ်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။

ခုန်ခြင်း

ကွီး အရပ် အားကစား

ခုန်ရတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းသည်လည်း ခြေထောက် အရိုးအဆစ်များကို ရှည်ထွက်လာအောင် ကူညီပေးပါတယ်။ အရပ်ရှည်ချင်တယ်ဆိုရင်တော့ များများခုန်ရတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဘားခိုခြင်း

ကွီး အရပ် အားကစား

ဒီလေ့ကျင့်ခန်းသည်လည်း လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ခိုင်ခံ့တဲ့ဘားတန်းတစ်ခုမှာ ခန္ဓာကိုယ်ကို တွဲလဲခိုထားရုံပဲဖြစ်ပါတယ်။ စက္ကန့် ၂၀ ခန့် ဘားခိုပေးလိုက်ရုံဖြင့် လအနည်းငယ်ကြာတဲ့အခါ ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ရေကူးခြင်း

ကွီး အရပ် အားကစား

ရေကူးအားကစားသည်လည်း လူကြိုက်များတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ရေကူးရတာ ကြိုက်နှစ်သက်တဲ့သူတွေကတော့ ကံကောင်းပါတယ်။ ထိုအားကစားသည် အရပ်ရှည်အောင် ကူညီပေးရုံသာမကဘဲ အရိုးအဆစ်များကိုလည်း သန်မာစေပါတယ်။ တစ်ပတ်လျှင် ၃ ကြိမ်ခန့် ပုံမှန်ရေကူးပေးရုံပါပဲ။ ဖြည်းဖြည်း မှန်မှန် လေ့ကျင့်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အရပ်သည် ရှည်ထွက်လာမှာပဲဖြစ်ပါတယ်။

အကြောဆန့်ခြင်း

exercises for kwee

အကြောဆန့် လေ့ကျင့်ခန်းကို စက္ကန့် ၂၀ ခန့် နေ့စဉ် ပြုလုပ်ပေးလိုက်ပါ။ မနက်ခင်း အိပ်ရာနိုးချိန်မှာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ပိုမိုအာနိသင်ရှိပါလိမ့်မယ်။ ဒီလို အကြောဆန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုးအဆစ်များ၊ အထူးသဖြင့် ခြေထောက် အရိုးများအတွက် အထူးကောင်းမွန်ပါတယ်။

စက်ဘီးစီးခြင်း

exercises for kwee

စက်ဘီးစီးခြင်းသည်လည်း ကွီး တို့ကို အရပ် ရှည်အောင် ကူညီပေးတဲ့ အားကစား တစ်ခုဖြစ်တယ်ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီအားကစားမှာ ဖြတ်လမ်းနည်းတစ်ခုရှိပါတယ်။ ထိုအရာကတော့ စက်ဘီးထိုင်ခုံကို မိမိ ပုံမှန် ထိုင်နေကျ အမြင့်ထက် ပိုမြင့်အောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စက်ဘီးထိုင်ခုံက မြင့်နေတဲ့အခါ သင့်ခြေထောက်က စက်ဘီးခြေနင်းကို လှမ်းမှီဖို့ရန်အတွက် ခြေထောက်ကို ဆွဲဆန့်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အရပ်ပိုရှည်အောင် ကူညီပေးမှာဖြစ်ပါတယ်။

တစ်ခုသတိထားရမှာကတော့ စက်ဘီးထိုင်ခုံကို အရမ်းမြင့်အောင် မချိန်ထားပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ဒူးဆစ်၊ ခြေဆစ်များကို ထိခိုက်စေနိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် စက်ဘီးကို လမ်းမပေါ်မှာ ထွက်နင်းတဲ့အခါမှာလည်း ကိုယ့်အတွက် ဘေးအန္တရာယ်ရှိစေလို့ပါပဲ။

ဒီအားကစားတွေထဲက ဘယ်အားကစားတွေကို ကွီးတို့ အများဆုံး လုပ်ဖြစ်ပါသလဲ။

Source: Lifehack-solution

Featured Image: The WOD Life