လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်အောင် မြှင့်တင်ပေးပါတယ်။ စိတ်ဖိစီးမှုများကို ဖယ်ရှားပေးပြီး တစ်နေကုန် တက်ကြွလန်းဆန်နေဖို့ဆိုရင် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အလုပ်များလွန်းလို့ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရဘူးလို့ ဆင်ခြေမပေးလိုက်ပါနဲ့။ အလုပ်များတဲ့ ကွီး တို့အနေနဲ့လည်း ၁၅ မိနစ်၊ ၁၆ မိနစ်ခန့် အချိန်ပေးရတဲ့ HIIT လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

ကွီး တို့အနေနဲ့ HIIT လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၄ ရက်၊ တစ်ရက်လျှင် ၁၆ မိနစ်ခန့် အချိန်ပေးကာ ပြုလုပ်ခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိပိုင်ဆိုင်စေနိုင်မှာပဲဖြစ်ပါတယ်။

HIIT လေ့ကျင့်ခန်းတွေဆိုတာ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို ဆိုလိုတာလဲ

man exercise

သူ့ရဲ့နာမည်အပြည့်အစုံကတော့ High-Intensity Interval Training ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ မြန်မြန်လုပ်ရတဲ့ လေ့ကျင့်ခန်းများကို HIIT လေ့ကျင့်ခန်းတွေလို့ဆိုလိုတာပါ။ နားချိန်လည်း မျက်တောင်တစ်ခတ်လောက်ပဲ အနားယူရမှာဖြစ်ပါတယ်။ အကြာကြီးနားလို့မရပါဘူး။
ဥပမာ လေ့ကျင့်ခန်းတစ်ခုကို စက္ကန့် ၃၀ မှ တစ်မိနစ်အတွင်း ခပ်သွက်သွက်လုပ်ပြီး နောက်လေ့ကျင့်ခန်းတစ်ခု ဆက်မသွားခင်မှာ စက္ကန့် ၃၀ ခန့်သာ အနားယူနိုင်ပါတယ်။ ပြီးတာနဲ့ နောက်လေ့ကျင့်ခန်းတစ်ခုကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုပြုလုပ်ခြင်းအားဖြင့် အချိန်တိုအတွင်း ကြွက်သားများကို ထရိန်းနိုင်ပြီး အလုပ်များပြီး လေ့ကျင့်ခန်းကို အချိန်အကြာကြီး မပြုလုပ်နိုင်သူများအတွက် သင့်တော်ပါတယ်။

High-Intensity Interval Training ရဲ့ သဘောသဘာဝအကြောင်း သိသွားပြီဆိုတော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

လေ့ကျင့်ခန်း (၁)

ကွီး ၁၆ HIIT

Source: ACTIVE

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ မတ်တပ်ရပ်နေပါ။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ဒိုက်ထိုးချလိုက်ပြီးနောက် မတ်တပ်ပြန်ရပ်ကာ အားရပါးရ ခုန်လိုက်ပါ။ စက္ကန့် ၃၀ အတွင်း မနားတမ်း ပြုလုပ်ရမှာဖြစ်ပါတယ်။
ထို့နောက် စက္ကန့် ၃၀ အနားယူပါ။

လေ့ကျင့်ခန်း (၂)

ကွီး ၁၆ HIIT

Source: Greatist

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားလိုက်ပါ။ ခါးကို အနည်းငယ် စောင်းထားကာ လက်နှစ်ဖက်က အရှေ့မှာ ထားထားပါ။
ထို့နောက် ဘယ်ခြေကြွကာ ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ စောင်းလိုက်၊ ညာခြေကြွကာ ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ ယိမ်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၂၀ အတွင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် စက္ကန့် ၃၀ အနားယူပါ။

လေ့ကျင့်ခန်း (၃)

ကွီး ၁၆ HIIT

Source: 24Life

ဒီလေ့ကျင့်ခန်းလေးကတော့ လေထဲမှာ လက်ဝှေ့ထိုးရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ လက်ဝှေ့ထိုးနေစဉ်အတွင်းမှာ ခြေထောက်နှစ်ဖက်ကို လှုပ်ရှားပေးပြီး ပြေးလွှားနေသယောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြုလုပ်ပြီးနောက်မှာ စက္ကန့် ၃၀ ခန့် အနားယူပါ။

လေ့ကျင့်ခန်း (၄)

ကွီး ၁၆ HIIT

Source: Flab Fix

အရင်ဦးဆုံး Plank ထောက်ထားတဲ့ အနေအထားပြင်ပါ။ ထို့နောက် ညာလက်က ဘယ်ခြေဖျားကို ထိလိုက်၊ ဘယ်လက်က ညာခြေဖဝါးကို ထိလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ပေးရပါမယ်။ စုစုပေါင်း စက္ကန့် ၂၀ ပြုလုပ်ကာ စက္ကန့် ၃၀ အနားယူပါ။

လေ့ကျင့်ခန်း (၅)

ကွီး ၁၆ HIIT

Source: Bobby Berk

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပါ။ ထို့နောက် Squat ထိုင်ချကာ ခုန်လိုက်ပါ။ စက္ကန့် ၃၀ ပြုလုပ်ကာ စက္ကန့် ၃၀ အနားယူပါ။

လေ့ကျင့်ခန်း (၆)

ကွီး ၁၆ HIIT

Source: Make A Gif

အရင်ဦးဆုံး Plank ထောက်ပါ။ ခြေထောက်နှစ်ဖက်ကို အရှေ့သို့ ဆွဲယူပြီး ဖားပုံသဏ္ဍာန် ပြုလုပ်လိုက်ပါ။ ခြေထောက်ကို ရှေ့ဆွဲလိုက်၊ နောက်သို့ ဆန့်တန်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါတယ်။ စုစုပေါင်း မိနစ် ၂၀ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၇)

ကွီး ၁၆ HIIT

Source: Menshealth

အထက်ပါလေ့ကျင့်ခန်းလေးကိုတော့ စက္ကန့် ၃၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၈)

ကွီး ၁၆ HIIT

Source: Vissco

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက် အောက်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း စက္ကန့် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၉)

exercises

Source: Flab Fix

ဒီလေ့ကျင့်ခန်းလေးကိုတော့ စက္ကန့် ၂၀ ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် စက္ကန့် ၃၀ ခန့် အနားယူလိုက်ပါ။

လေ့ကျင့်ခန်း (၁၀)

exercises

Source: Flab Fix

ဒီလေ့ကျင့်ခန်းလေးကတော့ ဒိုက်ထိုးပြီးနောက် ပုခုံးနှစ်ဖက်ကို တစ်လှည့်စီ ထိပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁၁)

exercises

Source: Imgur

ဒီလေ့ကျင့်ခန်းကိုလည်း စက္ကန့် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁၂)

man exercises

Source: Menshealth

ဒီလေ့ကျင့်ခန်းလေးကိုလည်း စက္ကန့် ၂၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းအားလုံးပြီးသွားတဲ့အခါမှာတော့ ၂ မိနစ်ခန့် အနားယူပါ။ ထို့နောက် ထိုနည်းလမ်းအတိုင်း နောက်ထပ် ၂ ကျော့ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Featured Image: Menshealth